အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁ ဇန်နဝါရီ ၂၀၂၅

၁၉:၃၈:၅၁
1519114

မြင့်မြတ်သည် ပရဝဏ်ကို ကာကွယ်မှု အတွက် ကျခဲ့သည် သွေးသည် အချဉ်း နှီး ဖြစ်မည် မဟုတ်ချေ။ အောင်မြင်မှုသည် ကြံ့ကြံ့ခံ ခုခံသည့် သူများ အတွက် သာလျင် ဖြစ်ပေမည် / ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ

လက်ဘနွန်နှင့် ယီမင်တို့ကို ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ကြံ့ကြံ့ခံ ခုခံသည့် သူများ အတွက် နိမိတ်ပုံဟု ခေါ်ဆိုခဲ့ပြီး ၎င်းတို့ ၏ အောင်မြင်မှုကို သေချာပေါက် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sehar  အစီရင်ခံစာ အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က  ကွတ်ဒ်စ် လမ်း တွင် အသက် စတေး ခဲ့သည့် ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ ၏ ငါးနှစ်မြောက် နှစ်ပတ်လည် အောက်မေ့ ဖွယ် နေ့တွင် အာဇာနည်များ နှင့် အခြားအာဇာနည်များ၏ မိသားစုဝင်များအား မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဒေသတွင်းနှင့် ကမ္ဘာ၏ လက်ရှိအခြေအနေများကို ဆွေးနွေးမိန့်ကြားရင်း မြင့်မြတ်သည် ပရဝဏ်ကို ကာကွယ်မှု အတွက် ကျခဲ့သည် သွေးသည် အချဉ်း နှီး ဖြစ်မည် မဟုတ်ချေ။ အောင်မြင်မှုသည်  ကြံ့ကြံ့ခံ ခုခံသည့် သူများ အတွက် သာလျင် ဖြစ်ပေမည် ဖြစ်ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ဆက်လက်ပြီး  ရဂျဗ် လမြတ် ၏ အရေးကြီး မှု နှင့ ကြီးကျယ် မြင့်မြတ် မှု ဘက်သို့ ရည်ညွှန်း မိန့်ကြားရင်း ကိစ္စရပ်တိုင်း အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌ ရှိပြီး ကျွန်ုပ်တို့သည် အခြေအနေ တိုင်း၌ အကူအညီ ၊ အဆင်ပြေုမှု နှင့် ဂုဏ်အသရေတို့ကို အလ္လာဟ် ဟို အရှင်မြတ် ထံတော် တွင် တောင်းခံသင့်သည်ဟု မိန့်တော်မူခဲ့ပါတယ်။

ဆက်လက်ပြီး အချို့ သူများသည် ဂုဏ်အသရေ  နှင့်  အောင်မြင်မှု ကို ဆွတ်ခူး နိုင်ရန်  အလ္လာဟ် ဟို အရှင်မြတ် အား ငြင်း ပယ်သူများ ကို  အမှီ ယူကြကြောင်း အမှန်တကယ် စစ်မှန်သည့် ဂုဏ်အသရေ ၊ ဂုဏ်သိက္ခာ ၏ ပိုင်ရှင်မှ အလ္လာဟ် ဟို အရှင်မြတ်  ဖြစ်ကြောင်း  ဤအချက် ကို  ကျွန်ုပ်တို့ အနေဖြင့် ရှဟီးဒ် စိုလိုင်းမန်နီ ၏ ကိုယ်ရည် ကိုယ်သွေး တွင် တွေ့ခဲ့ကြောင်း အလ္လာဟ် မြတ် အနေဖြင့် ရှဟီးဒ် စိုလိုင်းမန်နီ အား နှစ်စဉ် ထောင်နှင့် ချီသောလူများ ၎င်း ၏ ဗိမာန် သို့ ဝေးလံခေါင်သီသောဒေသများ မှ လာရောက် ဇေယာရသ် ပြုခြင်း ဆိုသည့် ဂုဏ်သိက္ခာ ကို ချီးမြှင့် ပေးသနားတော် မူ ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထပ်လောင်း၍ ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ ဂုဏ်သိက္ခာရှိပြီး သမာဓိရှိသူအဖြစ် မိန့်ကြားရင်း ၎င်း၏ ကြံ့ကြံ့ခံ ခုခံ မှု ဗျူဟာများထဲမှတစ်ခုမှာ ကြံ့ကြံ့ခံ ခုခံ မှု ၏ ရှေ့တန်းမှ ပြန်လည်နိုးထလာခြင်းဖြစ်ပြီး နိုင်ငံတစ်ခုစီနှင့် ၎င်း၏ မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်များကို ရှေ့တန်းရောက်အောင် ဖော်ဆောင်ပေးခြင်း နှင့် ၎င်းတို့ကို ကူညီ ပေးခြင်း ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ အမြင်တွင် သန့်ရှင်း စင်ကြယ် သည့် နေရာများ အားလုံးကို အထူး သဖြင့် အစ္စလာမ့် ကမ္ဘာ၏ ကြီးကျယ်ခမ်းနားသော သန့်ရှင်း စင်ကြယ် ရာဌာနကြီးတစ်ခု ဖြစ်သည့်  အလ်အက်ဆွာ ဗလီဝတ်ကျောင်းတော် ကို ကာကွယ် စောင့်ရှောက်ရန် အခြေခံ ကျသည့် လုပ်ရပ် တစ်ခု ဖြစ်ကြောင်း ဤအတွက် ကြောင့် ပါလက်စတိုင်း သားများကို ရှဟီးဒ် ကာစင်မ် စိုလိုင်းမန်နီ အား ရှဟီးဒ် ဒိုလ်ကွတ်ဒ်စ် ခေါ်ဆိုကြပြီး ယုတ်စွ အီရန် နိုင်ငံအားလည်း ကြီးကျယ်မြင့်မြတ်သည်နေရာ တစ်ခုဟု ဆိုကြကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မြင့်မြတ်သည် ပရဝဏ်ကို ကာကွယ်မှု အတွက် ကျခဲ့သည် သွေးသည် အချဉ်း နှီး ဖြစ်သွားသည်ဟုဆိုသူများ ကို အဖြေပေးမိန့်ကြားရင်း အကယ် ရှဟီးဒ်များ ဟာ သွားရောက်ပြီး တိုက်ပွဲ မဝင်ခဲ့လျင် သွေး မပေးခဲ့လျင် ယနေ့ ကရ်ဗလာ ၊ နဂျဖ် ၊ ဇိုင်နဗ်ဘီယဟ် ဆိုသည့် ကြီးမြတ်သန့်စင်သည့် နေရာ များသည် မည်သည့် လက္ခဏာ မျှပင် ကျန် မည် မဟုတ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

အလ္လဟ်ဟို အရှင်မြတ် သခင်၏ လမ်းစဉ်၌ပေးဆပ်ခဲ့ကြသည့် သွေးများသည် အချည်းနှီးမဟုတ်၊ တစ်ခါတစ်ရံ မအောင်မြင်နိုင်သော်လည်း အမှန်တရားအတွက် တိုက်ပွဲဝင်နေသော အာဇာနည်များ၏ သွေးသည် မည်သည့် အခါမျှ အချည်းနှီးမဟုတ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် မှ အလေးပေးမိန့်ကြားခဲ့ပါတယ်။

ယနေ့ မိမိတို့ကို မိမိ ငါတို့ အောင်ပွဲခံနေပြီး ဟု ထင်မှတ်နေသူများ အပေါ် တစ်နေ့ မိုအ်မင်များ အနေဖြင့် လွမ်’မိုး အောင်မြင် မှာ မလွဲမသွေ ဖြစ်ကြောင်း ယုံကြည်ချင်အပြည့်ထားရန် ပြီးနောက် ဆီးရီးယားနိုင်ငံကို ရည်ညွှန်းပြီး ဤ နိုင်ငံဟာ သူ့ပြည်သူများ နှင့် သာ သက်ဆိုင်ပြီး ယနေ့ ဆီးရီးယားကို တိုက်ခိုက်နေတဲ့ သူများဟာ တစ်နေ့မှာ ဆီးရီးယားပြည်သူတွေရှေ့မှာ ဆုတ်ခွာသွားလိမ့်မယ် ဖြစ်ကြောင်း လက်ဘနွန်နှင့် ယီမင်တို့ကို ကြံ့ကြံ့ခံ ၊ ခံနိုင်ရည်ရှိမှုနှင့် ဇွဲလုံ့လ၏ နိမိတ်ပုံ ဖြစ်ကြောင်း နှင့် နောက်ဆုံးတွင် လက်ဘနွန်နှင့် ယီမင် တို့သည် အောင်မြင်မှုကို မလွဲမသွေ ဆွတ်ခူး ကြမည် ဖြစ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251