အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ ဇန်နဝါရီ ၂၀၂၅

၀၆:၃၃:၁၃
1520131

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား စလာမ် ပို့သ

ခရစ်ယာန်ဘာသာဝင်များ၏ ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဟဇရသ်အီစာ (အ.စ) (ခ) သခင်ယေရှုအပေါ် ၏ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ အမြင်များပါသည့် ကမ္ပည်းပြားကို လက်ခံ ရရှိပြီးနောက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ အား လှိုက်လှိုက်လှဲလှဲ စလာမ် ပို့သကြောင်း ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံစဉ် ဗာတီကန်ရှိ အီရန်သံအမတ်သည် ဟဇရသ်အီစာ (အ.စ) (ခ) သခင်ယေရှု အပေါ်  ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အတွေးအမြင်များပါရှိသော « အကယ်၍ ဟဇရသ် အီစာ (အ.စ) ကျွန်ုပ်တို့ကြား တွင် ရှိမည်ဆိုလျင်  » ဆိုသည့် ခေါင်းစဥ် ဖြင့် ကမ္ပည်းပြားကို ပေးအပ်ခဲ့ကြောင်း Maher သတင်းဌာနက ဖော်ပြထားပါ တယ်။

ကက်သလစ်ခေါင်းဆောင်ထံ တင်ပြခဲ့သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ ပြောကြားချက်မှ ရွေးချယ်ထားသော အချက်များကို ကမ္ဗည်းပြားတွင် ပါရှိပါတယ်။  တွေ့ဆုံမှုအတွင်း ပုပ်ရဟန်း မင်းကြီး ဖရန်စစ်က ကမ္ပည်းပြားသည် ခရစ်ယာန်နောက်လိုက်များအတွက် အရေးကြီးပြီး သြဇာ ညောင်းကြောင်း ဖော်ပြခဲ့ပါတယ်။

အထူးသဖြင့် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ပါလက်စတိုင်း၏ အခြေအနေအပေါ် စိုးရိမ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ထုတ်ဖော်ပြောကြားခဲ့ပြီး ပါလက်စတိုင်းရှိ ကျွန်ုပ်၏ ကိုယ်စားလှယ်မှ တစ်ဆင့် နေ့စဉ် ထိုအခြေအနေများကို သိရှိကြောင်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံမှုအပြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အီရန်သံအမတ်အား ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ထံ နွေးထွေး လှိုက်လှိုက်လှဲလှဲ စလာမ် ပို့သကြောင်း ပြောကြားလိုက်ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် ဟဇရသ် အီစာ (အ.စ) (ခ သခင်ယေရှု ) အကြောင်းကို မိမိ မိန့်ခွန်း များတွင် အကြိမ်များစွာ ဟောပြောခဲ့သည်ကို သတိရသင့်ပါတယ်။ မွတ်စလင်မ်တို့၏အမြင်တွင် ဟဇရသ် အီစာ (အ.စ) ၏တန်ဖိုးသည် ခရစ်ယာန် နောက်လိုက်များ၏ အမြင်တွင် ဟဇရသ် အီစာ (အ.စ) ၏ကြီးမြတ်မှုထက် မနည်းလှကြောင်း ကြီးကျယ်မြင့်မြတ် သည်တမန်တော် အီစာ (အ.စ) သည် ဘဝတစ်လျှောက်လုံး ဖိနှိပ်ချုပ်ချယ်မှု ၊ မတရားမှုနှင့် ဖောက်ပြန်ခြင်းတို့ကို  တော်လှန် ခဲ့ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှဆက်လက်ပြီး ဟဇရသ် အီစာ (အ.စ) နှင့်ပတ်သက်ပြီး စည်းစိမ်ဥစ္စာနှင့် တန်ခိုးအားဖြင့် တပါးအမျိုးသားတို့ကို ကျွန်ခံခြင်း၏ သံကြိုး၌ချည်နှောင်၍ ညှဉ်းဆဲနေသည် အင်အား ကို ဆန့်ကျင်ခဲ့သည့် တမန်တော်မြတ် (အ.စ) တစ်ပါး ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်သည် ဟဇရသ် အီစာ (အ.စ) အား ငယ်စဉ်ကလေးဘဝ တွင် နဗူဝသ် ကို ပေးတော်မူခဲ့ကြောင်း ဟဇရသ် အီစာ (အ.စ) အနေဖြင့် မရေမတွက်နိုင်သော အခက်အခဲများ ၊ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ခဲ့ကြောင်း ဤ အရာများ အားလုံး သည် ဟက် အမှန်တရား ၏အောင်မြင်မှု အတွက် ဖြစ်ကြောင်း ဟဇရသ် အီစာ (အ.စ) ၏နောက်လိုက်များနှင့် ၎င်း ၏ ကြီးမြတ်မှု၊ အရေးပါမှုနှင့် မြင့်မြတ်သောရာထူးကို ယုံကြည်သူအားလုံးသည် ဟဇရသ် အီစာ (အ.စ) ၏ လမ်းစဉ်အတိုင်း လိုက်ကြလိမ့်မည်ဟု မျှော်လင့် ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိမိ၏ မိန့်ခွန်း တစ်ခု တွင် အကယ်၍ ယနေ့ ကျွန်ုပ်တို့ကြားတွင်  ဟဇရသ် အီစာ (အ.စ) ရှိနေမည် ဆိုလျင် ၎င်း သည် ညှဉ်းပန်းနှိပ်စက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ မောက်မာမှုခေါင်းဆောင်များကို ခဏတာပင် ရှောင်လွှဲ၍နေမည် မဟုတ်ကြောင်း တော်လှန် မည် ဖြစ်ကြောင်း ဟဇရသ် အီစာ (အ.စ) သည် လူသန်းပေါင်းများစွာကို ငတ်မွတ်မှု၊ အိုးမဲ့အိမ်မဲ့၊ စစ်ပွဲ၊ အကျင့်ပျက်ခြစားမှုနှင့် ရန်ငြိုးဖွဲ့မှုတို့၌ မည်သည့်အခါမျှ ခွင့်မပြုခဲ့ကြောင်း ယနေ့ ဟဇရသ် အီစာ (အ.စ) အပေါ် အီမာန်သက်ဝင် ယုံကြည်သူ ခရစ်ယာန် ဘာသာဝင်များ  နှင့်  မွတ်စလင်မ်များ အပေါ် အရေးကြီးသည် မှာ ကမ္ဘာပေါ်တွင်  တရားမျှတသည့် ကျောသားရင်သား မခွဲခြားသည့် စနစ် ကို ထူထောင်  နိုင်ရန် တမန်မြတ်များ (အ.စ) ၏ သွန်သင် ဆုံးမချက်များ ဘက်သို့ လှည့်ရမည် ဖြစ်ကြောင်း ဤလူ့လောက၏ ဆရာကြီးများ (ခ) တမန်တော်မြတ် များ (အ.စ) ၏ ညွှန်ကြားချက်အရ လူ့ကျင့်ဝတ်နှင့် သီလများကို အများသိအောင် ပြုရမည် ဖြစ်ကြောင်း သခင်ယေရှု (ခ) ဟဇရသ် အီစာ (အ.စ) ၏ နောက်သို့ လိုက်ခြင်းသည် အမှန်တရားကို ထောက်ခံပြီး အမှန်တရားကို ဆန့်ကျင်သည့် အင်အားစုများထံမှ ဝေးဝေးနေခြင်းကို ဆိုလို ကြောင်း ကမ္ဘာတဝှမ်းရှိ ခရစ်ယာန်များနှင့် မွတ်စလင်မ် များက ဤသင်ခန်းစာကြီးကို မိမိ တို့၏ဘဝနှင့် လုပ်ရပ်များတွင် ရှင်သန် အောင် ဆက်လက် ကြိူပမ်းနေကြမည် မည်ဟု မျှော်လင့် ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251