အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၅ ဇန်နဝါရီ ၂၀၂၅

၂၀:၂၇:၀၂
1520378

ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အား နောက်ဆုံး အနေဖြင့် ဒဖ်နာမည့် နေ့ရက် ထွက်ရှိ

ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် အား နောက်ဆုံး အနေဖြင့် ဒဖ်နာမည့် နေ့ရက် နှင့် အချိန် အား ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News   နှင့် Al-Manar ၏ အစီရင်ခံစာအရ လက်ဘနွန်ပြည်သူ့လှုပ်ရှားမှု ဟစ်ဘွလ္လာဟ် ၏ ဆက်သွယ် ရေးနှင့် ညှိနှိုင်းရေး အတွင်းရေးမှူး ဟာဂျ် ဝဖီးက် ဆဖာ က H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ အာဇာနည် ဗိမာန်သို့ ရောက်ရှိစဉ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သည် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ရှိနေဆဲဖြစ်ကြောင်း ၎င်း ၏ လမ်းကြောင်းအတိုင်း ဆက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ နောက်ဆုံး အနေဖြင့် ဒဖ်နာမည့် အချိန် နှင့် နေရာ တို့ကို ကြေငြာခဲ့ပြီး ရက် ၆၀  အပစ်အခတ် ရပ်စဲပြီးနောက် ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ နောက်ဆုံး  ဒဖ်နာ မှုဆိုင်ရာ ထုံးတမ်း များကို ဘေရွတ် တောင်ပိုင်း တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် သည် ယခင်ကထက် ပိုမိုအားကောင်းလာကာ ရန်သူကိုလည်း သတိပြုမိကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ၏ ဆက်သွယ် ရေးနှင့် ညှိနှိုင်းရေး အတွင်းရေးမှူး ဟာဂျ် ဝဖီးက် ဆဖာ က ဆက်လက်ပြီး ဟစ်ဘွလ္လာဟ်  သည် လက်ဘနွန်ကို ပြန်လည်တည်ဆောက်ရန်နှင့် အပျက်အစီးများကို ဖယ်ရှားရန် အဆင်သင့် ဖြစ်ပြီး လက်ဘနွန်ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် ရှေ့တန်းမှဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူးချုပ် ရှဟီးဒ်  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၏ ရုပ် အလောင်းအား ဘေရွတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဦးတည်သော အဝေးပြေးလမ်းမကြီးအနီး ကျယ်ပြန့် သောနေရာတွင် မြှုပ်နှံထားမည် ပြီးနောက် ထိုနေရာတွင် ဂူဗိမာန် ဆောက်မည် ဟု အီရတ်ကွန်ရက် al-Ahed က အစောပိုင်းတွင် ဖော်ပြခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း၏ ရုပ်အလောင်းအား Rafiq Hariri အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဦးတည်သည့် အဝေးပြေးလမ်းမကြီးအနီးတွင် မြှုပ်နှံထားမည်ဖြစ်ကြောင်း Akhbar al-Sharq al-Awsat မှ သတင်းရင်းမြစ်များကို ကိုးကားဖော်ပြထားပါတယ်။

အောက်တိုဘာ ၆ ရက် သောကြာနေ့ ညနေတွင် နယ်ချဲ့ အကြမ်းဖက်  အစ္စရေးစစ်တပ်သည် ဟစ်ဘွလ္လာဟ် အဖွဲ့၏ ကွပ်ကဲမှု ဗဟိုဌာနကို mortar ဗုံး ၈၀ ထက်မနည်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်။ ဤတိုက်ခိုက်မှု ကြောင့် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

.......................................................

END / 251