အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ ဇန်နဝါရီ ၂၀၂၅

၀၉:၁၅:၀၁
1520868

‌ရေဇာခန်း အား လူထုအား အကီဒဟ်များ မှ ဝေးကွာအောင်ထားပြီး သာသနာမဲ့မှုကို မြှင့်တင်ရန် တာဝန်ပေးခြင်း ခံခဲ့ရပါတယ် / အာယာသွလ္လာဟ် အလ်အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ

‌ရေဇာခန်း ကို ပြည်ပနိုင်ငံများ ဘက်မှ အီရန်နိုင်ငံ အတွင်း ဘာသာမဲ့မှုကို တိုးတက်အောင် ပြုဖို့ တာဝန် ပေးခြင်း ခံခဲ့ရပါတယ်။ ရေဇာခန်း အစိုးရလက်ထက်တွင် ဟောင်ဇေအေလ်မီယေများသည် အလွန်ခက်ခဲတဲ့ အခြေ အနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ အဆိုအရ အာယာသွလ္လာဟ် အလ်အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ က ရေဇာခန်း သည် မွတ်စ်သဖွာ ကမာလ် အသာရူက် ကဲ့သို့ လူများအား မိမိတို့၏ ဘာသာရေးယုံကြည်ချက်မှ ကင်းကွာစေရန်နှင့် နိုင်ငံခြားအာဏာစက်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ဘာသာမဲ့မှုကို ကျော်ကြားစေရန် ကြိုးပမ်း နေ သည်ဟု မိန့်ကြားခဲ့ပါတယ်။

ဤအတွက်ကြောင့် ဘာသာရေးအသိုက်အဝန်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး ဘာသာရေးသမားများ ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အလ်အွဇ်မာ ဂျဝါဒ် အာမိုလီ မှ ရေဇာခန်း အစိုးရ လက်ထက်တွင် ဗလီများ အစုကို ဂိုဒေါင် များ အသွန် ပြောင်း ခဲ့ကြောင်း သောကြာနမာဇ် နှင့် ဂျမာအသ် နမာဇ် များ ကို ပိတ်ပင်ခဲ့ကြောင်း အေမာမ်ဘာရာများ ရိုသေအလေးထားသည့် ဘာသာရေး အဆောက်အဦးများကို ဖျက်ဆီးခြင်း သို့မဟုတ် ပိတ်ခြင်းပြုခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။

ဤရှီအဟ်မရ်ဂျအ် မှ ထပ်လောင်း၍  ရှားဘုရင် လက်ထက်တွင် သာသနာ့ ပညာရှင်များကို အစ္စလာမ့် သွန်သင်ချက်များကို သာသနပြုခြင်း နှင့် ထုတ်ဝေခြင်းမှ တားမြစ်ခံကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် မှ ထိုခေတ်ကာလ တွင်လည်း အမျိုးသမီးများသည် ဟေဂျာဗ် ဝတ်ခွင့်မရှိ သည့်အပြင် မိမိ ဘာသာသာသနာ ၏ အခြေခံ ယုံကြည်ချက်များ အပေါ် ကျင့်သုံးခွင့် ကို လည်းမပြုခဲ့ကြောင်း ထိုခေတ်က မိုအ်မေနာ အမျိုးသမီးများ ဟေဂျာဗ် ဝတ်သူအမျိုးသမီးများသည်  ဟေဂျာဗ် အချွတ်ခံရမည်ကို ကြောက်၍  မိမိ တို့ အိမ် မှပင် အပြင် သို့ ထွက်ဖို့ ‌‌ရှောင်ကြဥ် ကြ ကြောင်း မိန့်ကြားခဲ့ပါတယ်။

.......................................................

END / 251