အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ကလေးငယ်များကို နမာဇ် နှင့် ဟေဂျာဗ် အတွက် အတင်း အကြပ်ပြုခြင်းကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ကလေးငယ်များ ကို နမာဇ် နှင့် ဟေဂျာဗ် အတွက် မည်သည့် အတိုင်းအတာ အထိ အတင်းအကြပ်ပြုပိုင်ခွင့် ရှိပါ သလား?
အဖြေ
(တရားတော်အရ) အရွယ်ရောက် သားသမီးများ အား ကောင်းမှု ပြုရန် အမိန့်ပေးခြင်း နှင့် မကောင်း မှုများ မှ တားမြစ် ခြင်းသည် ဝါဂျစ်ဗ် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ဟာကင်မ်မေ ရှရအ် ၏ ခွင့်ပြုချက် မရှိဘဲ ကလေး ငယ်များကို ရိုက်နက်ခြင်း သို့မဟုတ် အလားတူပြင်းထန်သော အရေးယူဆောင်ရွက်မှုများကို ပြုခြင်းသည် အဲဟ်သေယာသွ်သွေဝါဂျစ်ဗ် အရ ခွင့်မရှိချေ။ သို့သော် မိဘ နှစ်ပါး အနေဖြင့် အခြား နည်းလမ်းများ ဖြင့် ပမာ အားဖြင့် ငွေရေးကြေးရေး အကူအညီများကို ရပ်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ ကျနော်တို့ အနေဖြင့် မိမိတို့၏ သားသမီးများ ကို မည်ကဲ့သို့ သွန်သင်ဆုံးမရမည်ဖြစ်ကြောင်း ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ကျနော်တို့ အနေဖြင့် မိမိတို့၏ သားသမီးများကို နမာဇ် အချိန် နှင့် ဝတ်ပြုနိုင်အောင် အရွယ်ရောက် သမီးငယ်များကို ဟေဂျာဗ် ဝတ်အောင် သွန်သင်နိုင်ဖို့ မိမိကိုယ်တိုင် ဘာသာရေးသေချာ နားလည် သဘောပေါက် ထားရန်လည်း အလွန် အရေးကြီး လိုအပ်ပါ တယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251