အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်းမှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام موسى الكاظم (عليه السلام):
رَجَبٌ نَهرٌ فِي الجَنَّةِ أَشَدُّ بَياضا مِنَ اللَّبَنِ وَأَحلَى مِنَ العَسَلِ، مَن صامَ يَوما مِن رَجَبٍ سَقاهُ اللّهُ مِن ذَلِكَ النَّهرِ.
အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« နို့ထက်ဖြူပြီး ပျားရည်ထက် ပိုချို သည် ရဂျဗ် အမည် ရှိ မြစ်တစ်စင်းသည် ဂျန္နသ် သုခဘုံ တွင် ရှိပါသည်။ အကြင် မည်သူမဆို ရဂျဗ် လမြတ် တွင် ရိုဇဟ် တစ်ရက် ထားမည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်းအား ဤမြစ်မှ ရေတိုက်ကျွေးတော် မူမည် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၉၂ ၊ ဟဒီးစ်တော် အမှတ် ၁၈၂၁
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုရင် ရဂျဗ် လမြတ် ၏ ရိုဇဟ် ကို ရအောင် ထားနိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အခြားရီဝါယသ်တော် တစ်ခုတွင်လည်း ရဂျဗ်လမြတ် တွင်ထား သည့် ရိုဇဟ် သည် ကဗရ်၏ ပထမညတွင် အဖော် မိတ်ဆွေ ရှိမည် ဖြစ်ကြောင်း လာရှိပါတယ်။ ဤ အတွက် ကြောင့် ကျနော်တို့ အနေဖြင့် ရဂျဗ် လမြတ် တွင် အနည်းဆုံး ရိုဇဟ် တစ်ရက် ထားနိုင် ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251