အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ ဆင်ခြေဖုံးရှိ ပစိဖိတ် ပလာစီဒါးစ်တွင် မီးလောင်မှုမှာ ၁၀ ဧက ကျယ်ဝန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဧက ၃၀၀၀ အထိ ပျံ့နှံ့သွားခဲ့ကြောင်း သိရပါတယ်။
အိမ်ခြေ လော့စ်အိန်ဂျလိစ်မြို့တွင် တောမီးများ လျင်မြန်စွာပျံ့နှံ့ခဲ့ပြီးနောက် လူပေါင်း ၃၀၀၀၀ ကို နေအိမ်များမှ ထွက်ခွာ ရန် ညွှန်ကြားထားပါတယ်။ ယခုအချိန်အထိ နေအိမ်အများအပြား မီးလောင်မှုဖြစ်ပွားခဲ့ပြီး အန္တရာယ်ရှိ သည့် အိမ်ခြေ ၁၀၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။
ပစိဖိတ် ပလက်စီဒါများအပြင် Santa Monica တောင်တန်းများရှိ လူများကိုလည်း ၎င်းတို့၏ နေအိမ်များကို ရွှေ့ပြောင်းရန် ညွှန်ကြားထားပါတယ်။ လေပြင်းတိုက်ခတ်မှုနှင့် မီးကူးစက်မှုကြောင့် လော့စ်အိန်ဂျလိစ်တွင် အိမ်များနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၄၆၀၀၀ မှာ လျှပ်စစ်မီးပြတ်တောက်လျက်ရှိပါတယ်။
.......................................................
END / 251