အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ ဇန်နဝါရီ ၂၀၂၅

၁၁:၀၆:၅၆
1521453

အမေရိကန် ချဲ့ထွင်ရေး ရည်မှန်းချက်များ ကို တန်ပြန်ရန် ဟရှ်ဒိုရှ်ရှအ်ဘီ အား ပိုမို၍ အားကောင်းအောင် ပြုရန် လိုအပ်ကြောင်း ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိန့်ကြား

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က အီရတ်ဝန်ကြီးချုပ် နှင့် တွေ့ဆုံရာတွင် အမေရိကန် သည် အီရတ် နိုင်ငံ တွင် မိမိ တို့၏ သြဇာလွမ်းမိုး မှုကို တိုးမြှင်အောင် ပြုလိုကြောင်း ၎င်းအတွက်ဆန့်ကျင်ရန် ပြင်းပြင်းထန်ထန် ကြံ့ကြံ့ခံခုခံ ဖို့အရေးကြီးကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန ၏ ဖော်ပြချက်အရ အီရတ်ဝန်ကြီးချုပ် မိုဟမ္မဒ် ရှယာအ် အက်စ်စောင်ဒါနီ သည် တီဟီရန် တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲအခမ်းအနားတွင် အီရန်သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းလည်း ရှိခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က အီရတ်မြေပေါ်တွင် အမေရိကန်စစ်တပ် ထားရှိမှုသည် တရားမ၀င်ဖြစ်ပြီး အီရတ်အစိုးရ၏ အကျိုးစီးပွားကို ဆန့်ကျင်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အမေရိကန်များသည် အီရတ်တွင် ၎င်းတို့၏ တည်ရှိမှုကို ချဲ့ထွင်ရန် ကြိုးစားနေသောကြောင့် အမေရိကန် ချဲ့ထွင်ရေး ရည်မှန်းချက်များကို ပြင်းထန်စွာ ခုခံရန် လိုအပ် ကြောင်း အီရတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှု၏ တိုက်ရိုက်အကျိုးသည် အီရန်နိုင်ငံသို့လည်း ရောက်ရှိကြောင်း ထို့ကြောင့် အီရတ်၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေ ကြောင်း မိန့်ကြားခဲ့ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က အီရတ်ပြည်သူများနှင့် အစိုးရကြား တည်ငြိမ်သော ဆက်ဆံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး အီရတ်ရှိ မတူညီသော ဂိုဏ်းများနှင့် လူမျိုးစုများကြား စည်းလုံးညီညွတ်မှုနှင့် စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ထပ်လောင်း၍ ဟရှ်ဒိုရှ်ရှအ်ဘီ သည် အီရတ်နိုင်ငံ၏ အင်အားအတွက် အရေးကြီးသော အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း အီရတ်၏ လွတ်လပ်ရေးနှင့် တည်ငြိမ်ရေး သေချာစေရန် ၎င်း၏ အားကောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက် မှုအား အထူးအာရုံစိုက်သင့် ကြောင်း ယခု အခါသမယတွင် အီရတ်ဝန်ကြီးချုပ်က တီဟီရန် သို့လာရောက် လည်ပတ်မှုနှင့် အီရန်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမှုများအပေါ် ကျေနပ်အားရမိကြောင်းနှင့် ယင်းညှိနှိုင်းမှုများ နှင့် သဘောတူညီချက်များမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်း လာမည်ဟု မျှော်လင့် ကြောင်း မိန့်ကြားခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ် မိုဟမ္မဒ် ရှယာအ် အက်စ်စောင်ဒါနီ ပြည်သူလူထု ၊ ဟရှ်ဒိုရှ်ရှအ်ဘီ နှင့် မရ်ဂျအ်တော်များသည် အီရတ်နိုင်ငံ၏ အင်အား၏ အဓိက အစိတ်အပိုင်းဖြစ်ကြောင်း ပြီးနောက် ဂါဇာတွင် ဇီယွန်ဝါဒီအစိုးရ ကျူးလွန် ခဲ့သော ရက်စက်ယုတ်မာမှုများကို ထောက်ပြပြီး အီရတ်သည် ပါလက်စတိုင်းပြည်သူများအား ထောက်ခံ အားပေး သည့် မူအရ ရပ်တည်ချက်ဖြင့် ရပ်တည်နေကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251