အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ ဇန်နဝါရီ ၂၀၂၅

၁၇:၄၇:၂၂
1521553

အီရန် ၏ နောက်ဆုံးပေါ် အသေခံမောင်းသူမဲ့ ဒရုန်းကို ထုတ်ဖော်ပြသခဲ့/ ဇီယွန်ဝါဒီများ အိပ်စက်၍ မရတော့ချေ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ထုတ် ရှာဟစ်ဒ် ၁၃၆ ဘီ အသေခံဗုံးကြဲလေယာဉ်၏ နောက်ဆုံးဗားရှင်း ၏ အဖျက်စွမ်းရည်များကြောင့် အစ္စရေးတာဝန်ရှိသူများကို ထိတ်လန့်စေခဲ့ကြောင်း သိရပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ရှာဟစ်ဒ် ၁၃၆ ဘီ ဒရုန်းအား ပြီးခဲ့သည့် စက်တင်ဘာလတွင် ထုတ်ဖော်ပြသခဲ့ကြောင်း Mehr News က ဖော်ပြခဲ့ပါတယ်။

အကွာအဝေး ၄၀၀၀ ကီလိုမီတာရှိတဲ့ ဒီဒရုန်းရဲ့ ပျံသန်းနိုင်စွမ်းက အံ့မခန်းဖြစ်ပါတယ်။ ဤစစ်အင်အားသည် အနာဂတ်စစ်ပွဲများတွင် နယ်ပယ်သစ်များကို ဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။

ဟီးဘရူးသတင်းရင်းမြစ် နှင့် တဲလ်အဗစ် မှ အဆင့်မြင့် လုံခြုံရေး သတင်းရင်းမြစ်များက အဆိုပါ ဒရုန်းသည် အီရန်၏ ဝေးလံခေါင်သီသော နေရာများကို တိကျစွာ ပစ်မှတ်ထားနိုင်မှုတွင် ထူးခြားသော ဆင့်ကဲဖြစ်စဉ်ကို ကိုယ်စားပြုကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။

အီရန်ဒရုန်းသည် မဟာဗျူဟာမြောက် စွမ်းရည်ရှိပြီး အဓိကပစ်မှတ်များကို ဂြိုလ်တုနည်းပညာဖြင့် ဖျက်ဆီး နိုင်ကာ ခရုဇ်ဒုံးကျည်များထက် ကုန်ကျစရိတ်သက်သာစွာဖြင့် တာဝေးပစ်ရန်သူကို အလွယ်တကူ ပစ်မှတ်ထား နိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဇီယွန်နစ်သတင်းရင်းမြစ်များက အဆိုပါဒရုန်းဖြင့် အီရန်သည် ပါရှန်ပင်လယ်ကွေ့ ကမ်းရိုးတန်းနိုင်ငံများ သို့မဟုတ် မြောက်အာဖရိက သို့မဟုတ် ဥရောပရှိ ရန်သူပစ်မှတ်များကို ဖျက်ဆီးနိုင်သည်ဟု ဆိုပါတယ်။

ရှာဟစ်ဒ် ၁၃၆ ဘီ  အသေခံဗုံးကြဲလေယာဉ်၏ နောက်ဆုံးဗားရှင်း အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် ၏ လေတပ်ဌာန မှ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။

.......................................................

END / 251