အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ အဇါန် နှင့်အေကာမသ် အား လမ်းလျှောက်ရင်း ပေးခြင်း ကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
အဇါန် နှင့် အေကာမသ် ပေးနေချိန် သွားလာလှုပ်ရှား ခြင်း လမ်းလျှောက် ခြင်း ပြုပိုင်ခွင့် ရှိပါသလား? သို့မဟုတ် တည်ငြိမ် အေးချမ်းမှု အပြည့်ဖြင့် ရပ်ပြီးပေးရန် အရေးကြီးပါသလား?
အဖြေ
အဇါန် နှင့် အေကာမသ် ပေးနေချိန် လမ်းလျှောက် ခြင်းသည် ပြဿနာ မရှိချေ။ (လမ်းလျှောက်ရင်း ပေးနိုင် ပါတယ်။ ) ။ သို့သော် အဇါန် နှင့် အေကာမသ် ပေးနေချိန် ကစ်ဗ်လဟ်ဘက် (အနောက်ရပ်) သို့ မျက်နှာမှု မတ်တပ်ရပ် ပြီး ပေးခြင်း နှင့် အေကာမသ် ပေးချိန် ကိုယ်ခန္တာ အား ငြိမ်အောင်ထားပြီး ပေးခြင်းသည် မွတ်စ် သဟဗ် ဖြစ်ပါတယ်။
မှတ်ချက် ။ ။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ အဖြေသည် ကျနော်တို့ အတွက် ရိုးရှင်းပြီး ရှင်းလင်းနေပြီး ဖြစ်ပါတယ်။ ပြီးနောက် တရားတော် အရ အရွယ် မရောက်သေးပေးမဲ့ အကောင်း အဆိုးကို ခွဲခြားနိုင်သည့် ကလေးများ အနေဖြင့် အဇါန် နှင့် အေကာ မသ် ပေးပိုင်ကြောင်းလည်း မှတ်သားသင့်ပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251