အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ ဇန်နဝါရီ ၂၀၂၅

၁၉:၄၃:၂၁
1521625

လက်ဘနွန် စစ်သေနာပတိ ဂျိူဇက်ဖ်အောင်းန် သည် လက်ဘနွန်နိုင်ငံ ၏ သမ္မတသစ် အဖြစ် ရွေးချယ်ခံရ

လက်ဘနွန်စစ်တပ်၏ စစ်သေနာပတိ ဂျိူဇက်ဖ်အောင်းန် သည် မဲအများစုဖြင့် အနိုင်ရပြီး လက်ဘနွန် နိုင်ငံ ၏ သမ္မတသစ် အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ လက်ဘနွန်စစ်တပ်၏ စစ်သေနာပတိ ဖြစ်သူ ဇက်ဖ်အောင်းန် သည် မဲအများစုဖြင့် အနိုင်ရပြီးနောက် လက်ဘနွန် နိုင်ငံ ၏ သမ္မတသစ်အဖြစ် ရွေးကောက်ခံခဲ့ရကြောင်း သိရပါတယ်။

စစ်သေနာပတိ ဂျိူဇက်ဖ်အောင်းန် သည် လက်ဘနွန်ပါလီမန်အမတ်  ၉၉ မဲ ရရှိခဲ့ပြီး လက်ဘနွန် နိုင်ငံ ၏ သမ္မတသစ် အဖြစ် ရွေးချယ်ခံခဲ့ရ ခြင်း ဖြစ်ပါတယ်။

စစ်သေနာပတိ ဂျိူဇက်ဖ်အောင်းန် သည် အေမရိကန် နှင့် အဆင်ပြေသူ ဖြစ်သည့် အတွက်ကြောင့် ဟစ်ဘွလ္လာဟ် အဖွဲ့ နှင့်ပါ အဆင်ပြေမပြေ ဆိုတာ အချိန်က အဖြေပေးသွားမည် ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံ ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် ၏ သမ္မတ သည် ခရစ်ယာန် ဘာသာဝင် ၊  ဝန်ကြီးချုပ် သည် စွန်နီ မဇ်ဟဗ် ဝင်  နှင့် လွတ်တော် ဥက္ကဋ္ဌ သည် ရှီအဟ် မဇ်ဟဗ် ဖြစ်ရမည် ဟု ဆိုထားပါတယ်။

ပြီးနောက် ဟစ်ဘွလ္လာဟ် အဖွဲ့ သည် လက်ဘနွန် နိုင်ငံ ၏ တရားဝင်  အဖွဲ့ တစ်ခု ဖြစ်ပြီး လက်ဘနွန်ခရစ်ယာန်များ ၊ စွန်နီများ ရှီအဟ် များ ၏ ထောက်ခံမှု ကို အပြည့်အဝ ရထားပြီး ကြီးမားသည့် ကိုယ်ပိုင် စစ်တပ်ကို ပိုင်ဆိုင်ထားသည့် အဖွဲ့ ဖြစ်ပါတယ်။

.......................................................

END / 251