အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ အီရန်က အမေရိကန် နှင့် ညှိနှိုင်းဖို့ ဆန္ဒမရှိတာလဲဆိုတဲ့ မေးခွန်းကို အဖြေပေး မိန့်ကြားသည်မှာ - အမေရိကန် (အစ္စလာမ်မစ် တော်လှန်ရေး မတိုင်မီ) က အီရန်ကို ချုပ်ကိုင်ထား သော်လည်း ၎င်းတို့ လက်မှ လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဤအတွက်ကြောင့် အမေရိကန် အနေဖြင့် အီရန် နှင့် အစ္စလာမ်မစ်တော်လှန်ရေး "ကုလားအုတ်ကဲ့သို့ အာဃာတ" ထားရှိပြီး လွယ်လွယ် နှင့် အရှုံးပေးမည် မဟုတ် ကြောင်း ဖြစ်ပါတယ်။ အမေရိကန်ဟာ အီရန်မှာ ကျရှုံးခဲ့ပြီး ဒီရှုံးနိမ့်မှုကို ပြုပြင်ဖို့ အစားထိုး ကြိုးစား နေပါ တယ်။
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် ကွမ်း တွင် လူထောင်ပေါင်းများစွာနှင့် တွေ့ဆုံရာတွင် ပဲဟ်လဝီ ခေတ်အတွင်း အီရန် သည် အမေရိကန်အကျိုးစီးပွား ၏ အမာခံနယ်မြေဖြစ်ကြောင်း ပြောကြားရင်း တော်လှန်ရေး၏ အရင်း အမြစ် သည် ဤခံတပ်၏ နှလုံးသားမှ ထွက်ပေါ်လာပြီး အမေရိကန်များ နားမလည်ခဲ့ကြကြောင်း အမေရိကန် များ မျက်စိလည် ခဲ့ကြပြီး အိပ်ပျော်နေကာ သတိမမူမိကြကြောင်း မိန့်ကြား ခဲ့ပါတယ်။
ရန်သူ၏ ဝါဒဖြန့်မီဒီယာစစ်ပွဲကို ရှင်းပြစဉ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ က ဝါဒဖြန့်ခြင်း၏အလုပ်မှာ လိမ်ညာ ပြောဆိုရန်နှင့် အဖြစ်မှန်နှင့် လူထုအမြင်အကြား အကွာအဝေးကို ထားရှိရန်ဖြစ်ကြောင်း မိန့် ကြားခဲ့ပါ တယ်။
ပြီးနောက် ၎င်း တို့၏ ဝါဒဖြန့် နည်း ခြိမ်းခြောက်နည်း ဖြင့် လူထု အပေါ် သြဇာ လွမ်းမိုးနိုင်ဖို့ ကြိုးစားနေကြောင်း ဘက်သို့ လည်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ မိန့်ကြား ခဲ့ပါတယ်။
အစ္စလာမ့်တော်လှန်ရေးခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ က ယနေ့ကျွန်ုပ်တို့၏ ဟောပြောခြင်းနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း များ၏ အခြေခံနှင့် အရေးကြီးသော အလုပ်ဖြစ်သည့် ရုပ်သံလွှင့်ဌာန (ရေဒီယိုနှင့် ရုပ်မြင်သံကြား) နှင့် ဆိုက်ဘာစပေ့ ဝန်ထမ်းများသည် ရန်သူ၏ အချုပ်အခြာအာဏာ၏ လွဲမှားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန်ဖြစ်ကြောင်း ထိုပြင် (အစ္စလာမ်မစ်တော်လှန်ရေး မအောင်ခင်က) ကွမ်းမြို့သူ၊မြို့သားများ ပြုခဲ့ကြသည့် အတိုင်း ရန်သူ၏ ဝါဒဖြန့်မှုကို လူထုအမြင်အပေါ် မလွှမ်းမိုးနိုင်အောင် ဖြိုခွဲရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
.......................................................
END / 251