အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၉ ဇန်နဝါရီ ၂၀၂၅

၂၀:၂၈:၂၂
1521636

အလ္လာဟ်ဟို အရှင်မြတ်ထံ ရောက်သည့် လမ်း

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မှ ရီဝါယသ် တော် တစ်ခု တွင် အလ္လာဟ်ဟို အရှင်မြတ်ထံ ရောက်သည့် လမ်း ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی اللہ علیه وآله وسلم :

إنّهُ لا يُدرَكُ ما عِندَ اللّه ِ إلاّ بطاعَتِهِ۔

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

«    အလ္လာဟ်ဟို အရှင်မြတ် ထံ တွင် ရှိတော်မူသည့် အရာအား ဆွတ်ခူး နိုင်ရန် အလ္လာဟ် ဟို အရှင် ၏ အမိန့်တော် အား နာခံ မှု မရှိ ဘဲ ဆွတ်ခူး နိုင်မည် မဟုတ်ချေ။ »

ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂  ၊ စာမျက်နှာ ၇၄ ၊ ဟဒီးစ်တော် ၂

သတိပြုရန်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ကျနော်တို့ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ်ထံ ရောက် သည့် လမ်း သည် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့်တော် ကို လိုက်နာသည့် နာခံသည့် လမ်းမှအပ မရှိ ကြောင်း ထင်ရှား စွာ သိမြင်ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251