အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher News Agency ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်( IRGC ) ၏ မြေအောက် ဒုံးကျည်များ၏ မြို့သစ်အား IRGC စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ မှ ဖွင့်လှစ်ခဲ့ပြခဲ့ပါ တယ်။
ဤအချိန်အခါတွင် IRGC စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ က ဒါဟာ အီရန် ရဲ့ ဒုံးကျည်စွမ်းရည်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရန်သူက ကျနော် တို့ရဲ့ ထုတ်လုပ်မှုလိုင်း ပြတ်တောက်သွားတယ်လို့ တွေးနေပေမယ့် ကျနော် တို့ရဲ့ ကာကွယ်ရေးစွမ်းရည်ကို နေ့စဉ်နေ့တိုင်း တိုးမြှင့်နေတယ်ဆိုတာ သိသင့်တယ်လို့ ဟိုစိုင်းန် စလာမ်မီ က ပြောကြား ခဲ့ ပါတယ်။
အစောပိုင်းက ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ "ရာဟီယာန်း နေနူးရ် " အစည်းအဝေးကို မိန့်ခွန်းပြောကြားစဉ် ယနေ့ ကျွန်ုပ်တို့သည် ဒုံးကျည်၊ ဒရုန်းနှင့် ရေတပ်နယ်ပယ်များတွင် မကြုံစဖူးသော စွမ်းအားများ ရရှိထားကြောင်း ပြောကြားခဲ့ပါတယ်။
မကြာမီတွင် နောက်ထပ် ဒုံးကျည်များနှင့် ဒရုန်းမြို့များကို ထုတ်ဖော်ပြသမည်ဟု အီရန် အစ္စလာမ်မစ် တော်လှန် ရေး အစောင့်တပ်( IRGC ) အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ က ပြောကြားခဲ့ပါတယ်။
.......................................................
END / 251