အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
စနေနေ့

၁၁ ဇန်နဝါရီ ၂၀၂၅

၂၀:၁၇:၁၂
1522029

ရပ်စောက်မြို့နယ်က တောင်သူများကို SSPP က ခြံသွားလာခွင့် ထောက်ခံစာလုပ်ခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာကတောင်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ခြံသွားလာခွင့်ထောက်ခံစာလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက အခက်အခဲဖြစ်ကြရတယ်လို့ ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာကတောင်သူတွေကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ခြံသွားလာခွင့်ထောက်ခံစာလုပ်ခိုင်းနေတယ်လို့ ဒေသခံတွေက အခက်အခဲဖြစ်ကြရတယ်လို့ ပြောပါတယ်။

ခြံသွားလာခွင့်ထောက်ခံစာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက စတင်ထုတ်ပေးပြီး ရှမ်း၊ တရုတ်၊ မြန်မာ သုံးဘာသာနဲ့ရေးထားတဲ့ထောက်ခံစာတစောင်ကို ၅၀၀၀ ကျပ်ပေးရသလို SSPP စစ်ဆေးရေးဂိတ်ကို ဒေသခံတွေဖြတ်သန်းသွားတိုင်း ထောက်ခံစာကို ပြသရတယ်လို့ သိရပါတယ်။

ဆတ်သေရွာသားတယောက်က “ထောက်ခံစာတစ်စောင်ကို ၅၀၀၀ ပေးရတယ်။ မိသားစုတခုမှာ ခြံသွားတဲ့လူ ၄ ယောက်ရှိရင် ၄ စောင်ယူရတယ်။ ထောက်ခံစာတခါယူရင် သက်တမ်း ၁ လပဲ ရှိတယ်။ ဂိတ်ဖြတ်သွားတဲ့အချိန်တိုင်း အဲထောက်ခံစာပြရတယ်။ အဲထောက်ခံစာအပြင် လူကိုလည်း အရမ်းစစ်တယ်။ ပလိုင်းထဲ၊ အိပ်ကပ်ထဲအစ မွှေစစ်တယ်။ ထောက်ခံစာမပါရင် ရစ်တယ်။ ဂိတ်ပေးမဖြတ်ဘူး ပြန်လှည့်ခိုင်းတယ်” လို့ ပြောပါတယ်။

ဆတ်သေကျေးရွာကနေ ရပ်စောက်ဘက်ကိုသွားတဲ့လမ်းမှာ ပအိုဝ်းပြည်သူ့စစ် PNO က ဖွင့်ထားတဲ့ လုံခြုံရေးဂိတ်ရှိနေပြီး တောင်ကြီးဘက်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဘက်ကိုသွားတဲ့လမ်းမှာတော့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတယ်လို့ သိရပါတယ်။

ဒေသခံနောက်တယောက်က “SSPP ဂိတ်ကစစ်သားတွေ ဗမာစကားလည်း ကောင်းကောင်း မပြောတတ်ဘူး။ တရုတ်စကားပဲအများစုပြောတယ်။ ခြံသွားတာ ထောက်ခံစာပါလုပ်ရတော့ ခက်ခဲတာပေါ့။ ဂိတ်ကိုလည်း မနက် ၆ နာရီ ည ၆ နာရီပဲ ဖွင့်ပေးတယ်” လို့ပြောပါတယ်။

ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာမှာ SSPP တပ်တွေဟာ မိုးရာသီကတည်းက ဝင်ရောက်လာတာဖြစ်ပြီး အခု သီနှံရိတ်သိမ်းချိန်မှာ စစ်ဆေးရေးဂိတ်များဖွင့်ပြီး ခြံသွားလာခွင့် ကတ်ပြား အတင်းအဓမ္မ လုပ်ခိုင်းနေတာလို့ ပြောပါတယ်။

.......................................................
END / 251