အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ابنا
တနင်္ဂနွေနေ့

၁၂ ဇန်နဝါရီ ၂၀၂၅

၂၀:၂၈:၁၁
1522342

ဆီဆိုင်တွင် ဗုံးကြဲသဖြင့် တောင်သူသားအမိ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးလာကြဲလို့ ဒေသခံတောင်သူအမျိုးသမီး ၂ ယောက် သေဆုံးပြီး တယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီက သိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဖြီကျွတ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးလာကြဲလို့ ဒေသခံတောင်သူအမျိုးသမီး ၂ ယောက် သေဆုံးပြီး တယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ဆီက သိရပါတယ်။

ဇန်ဝါရီ ၁၁ ရက် ညနေ ၃ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ၅ ကြိမ်လာပြီး ၄ ကြိမ် ဗုံးကြဲ ချခဲ့တယ်လို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဗုံးကြဲသွားတာတော့ မနေ့က ၃ နာရီဖြစ်တယ်။ ၅ ကြိမ်လာတယ်၊ ၄ ကြိမ်က ဗုံးကြဲချတယ်။ ၃ လုံးပေါက်ကွဲတယ်။ တလုံးက မပေါက်ကွဲဘူး။ ပေါက်ကွဲတဲ့ထဲမှာမှ တလုံးက တောင်ယာကပြန်လာတဲ့ တောင်သူတွေကို ထိတာဖြစ်တယ်။ သေသွားတဲ့ ၂ ဦးက သားအမိဖြစ်တယ်။ အမျိုးသမီးတွေဖြစ်တယ်” လို့ ပြောပါတယ်။

စစ်တပ်ကဗုံးကြဲခဲ့တဲ့ကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိသလို စစ်မြေပြင်လည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်ကကျေးရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ရုတ်တရက် ပစ်ခတ်တာ၊ လေကြောင်းကနေ လာရောက်တိုက်ခိုက်တာ မကြာခဏ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့  ဒီဇင်ဘာ ၃၁ ရက်နေ့မှာလည်း တိုက်ပွဲဖြစ်တာမရှိဘဲ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဌာနချုပ်ကို ဂျက်ဖိုက်တာနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

.......................................................
END / 251