အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁၂ ဇန်နဝါရီ ၂၀၂၅

၂၀:၂၉:၃၁
1522343

ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အကြီးအကဲက ဆီးရီးယားမှ အစ္စရေး ထွက်သွားရန် တောင်းဆို

ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူးချုပ် ဂျာစင်မ် အလ်ဗဒီဝီ က ဆီးရီးယားတွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို ရှုတ်ချခဲ့ပြီး အစ္စရေးမှ လုံးဝဆုတ်ခွာရန် တောင်းဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အဆိုအရ ကမ္ဘာ့ညီလာခံဖွင့်ပွဲတွင် ဂျာစင်မ် အလ်ဗဒီဝီ က ဇီယွန်ဝါဒီများသာမက ယခင်က ၎င်းတို့သိမ်းပိုက်ထားသော ဆီးရီးယားနယ်မြေများကို စွန့်ခွာကာ ဂျောင်လန် (ခ) ဂိုလန်အား တရားမဝင် သိမ်းပိုက်မှုကိုလည်း အဆုံးသတ်သင့်သည်ဟု ပြောကြားခဲ့ပါတယ်။

ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့လည်း ဂျာစင်မ် အလ်ဗဒီဝီ က တောင်းဆိုခဲ့ ပါတယ်။

ရီယာ့ဒ်တွင် ပါရှန်ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ  ၏ အစည်းအဝေး ကျင်းပနေခြင်း ဖြစ်ပါ တယ်။

ဤအခါသမယတွင် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရေး၊ ဒမတ်စကတ်၏ နိုင်ငံရေး အနာဂတ်၊ ကျယ်ကျယ်ပြန့်ပြန့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးမှု၊ ဆီးရီးယားသို့ အကူအညီများ ပေးအပ်ရေး နှင့် ဇီယွန်ဝါဒီများ၏ ဆက်လက်ရန်စမှုများကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။

ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး John Bass၊ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Geir Pedersen၊ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ကော်မရှင်နာ "Callas" တို့သည် ဤအစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးတွေရဲ့ အာရုံစိုက်မှုက ဆီးရီးယားမှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ခြေလှမ်းတွေအပေါ် အခြေခံတယ်လို့ ဆိုထားပါတယ်။

.......................................................

END / 251