အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်း အေဂျင်စီ ၏ အစီရင် ခံစာ အရ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန် ဂျလိစ် မြို့၌ ရက်အတော်ကြာ မီးငြိမ်းသတ်နိုင်ခြင်း မရှိခဲ့ပုံရပြီး ပြည်သူများသည် အစိုးရ၏ လုပ်ဆောင်မှု အပေါ် စိတ်ပျက်မိကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြခဲ့ ကြပါတယ်။
လူမှုကွန်ရက် စာမျက်နှာ တွင် အမေရိကန် နိုင်ငံသားများသည် စ်အိန်ဂျလိစ် မြို့တော်ဝန်အား ရာထူးမှ ဖယ်ရှားရန်နှင့် စွပ်စွဲပြစ်တင်ရန် တောင်းဆိုခဲ့ကြပါတယ်။
လော့စ်အိန်ဂျလိစ် ရေဒီယိုအသံလွှင့်ဌာနတစ်ခုတွင် မြို့တော်ဝန် Karen Bass ကို ဖယ်ရှားရန် တောင်းဆိုနေသည့် အမေရိကန်လူမျိုး သတင်းထောက် "Nick Sorter" က ပြောဆိုခဲ့ပါတယ်။

"မီးက ကယ်လီဖိုးနီးယားပြည်သူတွေကို တကယ်နိုးထစေခဲ့တယ်" ဟု သတင်းထောက် "Nick Sorter" က အလေး အနက် ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးကျွန်ုပ်တို့၏မြို့သည် အကျပ်အတည်းဖြစ်နေပြီး ရေအရန်အသင့်များ ရှားပါးလာကာ အခွန်ထမ်း ဒေါ်လာ ဘီလီယံပေါင်းများစွာ အလဟဿဖြစ်ခဲ့ရကာ အသက်ပေါင်းများစွာ မီးလောင်ပြာ ကျခဲ့ရကြောင်း သို့သော် မြို့တော်ဝန် မှာ မိမိတာဝန် ပျက်ကွက်ပြီး နိုင်ငံရပ်ခြားသို့ ခရီးထွက်ရန် ရွေးချယ်ခဲ့သည်မှာ ရှက်စရာ ကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
အခြားအသုံးပြုသူတစ်ဦးက လော့စ်အိန်ဂျလိစ် မြို့တော်ဝန်ကို ဖမ်းဆီးပြီး လက်ထိပ်ခတ်ခံထားရသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ရာ “ဒါက ရာဇ၀တ်မှု တစ်ခု ပေါ့ဆမှုတစ်ခု ပါပဲ ဟု ဆိုထားပါတယ်။

မီးလောင်မှုအတွင်း ခိုးမှုနှင့် ပစ္စည်းလုယက်မှုသည် လော့စ်အိန်ဂျလိစ် ၏ သတင်းထောက်များ အတွက် ဆွေးနွေးမှုတစ်ခုလည်းဖြစ်လာပါတယ်။
သတင်းထောက် တစ်ဦးသည် လူတွေ မရှိတော့သည့် အိမ်များမှ လူအချို့ကို ခိုးယူသွားကြောင်း ပြသသည့် ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။"ချီလီလူဆိုးဂိုဏ်းဝင် ၁၀၀ ကျော်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစဉ် နေအိမ်များကို လုယက်ရန်အတွက် မီးတင်ရှို့နေကြသည်ကို ကျွန်ုပ်တို့ဖတ်ရသည်" ဟု ဤသတင်းထောက် က ရေးသားခဲ့ပါတယ်။

"ကံမကောင်းစွာဖြင့်၊ ဤသည်မှာ အသစ်အဆန်းမဟုတ်ပါ၊ ဖွဲ့စည်းထားသော ရာဇ၀တ်ဂိုဏ်းများသည် လွတ်ကင်းနေသော ရပ်ကွက်များကို လုယက်နေကြပြီ" ဟု အခြား သတင်းထောက် တစ်ဦးက အဖြေပေးရေးသားခဲ့ပါတယ်။
အထက်ဖော်ပြပါ သတင်းထောက် သည် အမေရိကန် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရား ယိုယွင်းမှုကို မြည်တမ်းခဲ့ပါတယ်။
.......................................................
END / 251