အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၄ ဇန်နဝါရီ ၂၀၂၅

၀၅:၂၈:၄၅
1522750

"နဝါဖ် အစ္စလာမ် " ကို လက်ဘနွန် အစိုးရသစ်ဖွဲ့ ရန် တရားဝင် တာဝန်ပေးအပ်

လက်ဘနွန်သမ္မတသစ် ဂျိူဇက်ဖ်အောင်းန် က လက်ဘနွန်အစိုးရသစ်ဖွဲ့ရန် နဝါဖ် အစ္စလာမ် ကို တရားဝင် တာဝန် ပေး အပ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်သမ္မတသစ် ဂျိူဇက်ဖ်အောင်းန် သည် ယခု တနင်္လာနေ့တွင် လက်ဘနွန်တွင် အစိုးရသစ်ဖွဲ့ရန် နဝါဖ် အစ္စလာမ် ကို တရားဝင်တာဝန်ပေးအပ်ခဲ့ပါတယ်။

Al Jazeera သတင်းဌာန ၏ အဆိုအရ နဝါဖ် အစ္စလာမ် သည် အစိုးရသစ်ဖွဲ့ရန် လက်ဘနွန်လွှတ်တော်အမတ် ၁၂၈ မဲအနက် ၈၅ မဲ ရရှိခဲ့ပါတယ်။

တရားသူကြီး ၊ သံတမန်နှင့် လက်ဘနွန်တက္ကသိုလ်ပါမောက္ခ ဖြစ်သူ  နဝါဖ် အစ္စလာမ် သည် ၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ လက်ဘနွန် သံအမတ်ကြီးနှင့် လက်ဘနွန် နိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ၁၀ နှစ်ကြာ လုံခြုံရေးကောင်စီတွင် အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

"ဖဝါဒ် မဇ်ဇူမ် မီ " နှင့် "အီဗရာဟီးမ် မီနီမနေဟ် " တို့  ရာထူးမှ နုတ်ထွက်ပြီးနောက် လက်ဘနွန်နိုင်ငံ၏ ၀န်ကြီးချုပ်နေရာ အတွက် ယှဉ်ပြိုင်မှုကို နိုင်ငံတကာ ရာဇ၀တ်တရားရုံး အကြီးအကဲ " နဝါဖ် အစ္စလာမ် " နှင့် လက်ရှိဝန်ကြီးချုပ် "နဂျီးဗ်မီကာသီ " တို့ မဲ ယှဥ်ပြိုင် ခဲ့ကြပါတယ်။

လက်ဘနွန် နိုင်ငံ၏ ၀န်ကြီးချုပ် ရွေးကောက်ပွဲနှင့် ပတ်သက်လို့ လက်ဘနွန်မှာရှိသည့်  ပါလီမန်အဖွဲ့ခွဲများ ၏ ညှိနှိုင်းဆွေးနွေးမှုတွေက ဂျိူဇက်ဖ်အောင်းန် ကို ဒီနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး ၄ ရက်အကြာမှာ ပြုလုပ်ခဲ့ ခြင်း ဖြစ်ပါတယ်။

.......................................................

END / 251