အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ အစီရင်ခံစာအရ မဂျ်လစ် အိုလမာအေဟင်ဒ် ၏ အတွင်းရေးမှူး ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ အနေဖြင့် ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာ လေမီယဟ် ဗဟို ရုံးချုပ် သို့ သွားရောက် ခဲ့ပြီး ဤ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာ လေမီယဟ် ၏ အကြီးအကဲ ဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ အဘာစ်စီ နှင့်တွေ့ဆုံခဲ့ပါတယ်။
ဤတွေ့ဆုံမှုတွင် ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာ လေမီယဟ် ၏ အကြီးအကဲ ဟွတ်ဂျ်ဂျသိုလ် အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဒေါက်တာ အဘာစ်စီ မှ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ် လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ အား ကြိုဆိုခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ ၏ ကိုယ်စားပြုမှု နှင့် အိန္ဒိယ နိုင်ငံ တွင် ဘာသာရေးကျောင်းများ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ပါတယ်။
ဤတွေ့ဆုံမှုအတွင်း မဂျ်လစ် အိုလမာအေဟင်ဒ် ၏ အတွင်းရေးမှူး နှင့် လက်ခနောင်းမြို့ ဂျူမ်အဟ် နမာဇ် ရှေ့ဆောင် ဆရာတော် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ အနေဖြင့် ဒေါက်တာ အဘာစ်စီ နှင့်တွေ့ဆုံရခြင်းအတွက် မိမိ၏ပျော်ရွှင် ၊ပီတိ ဖြစ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံရှိ ဂျာမေ အသိုလ် မွတ်စ်သဖွာ (ဆွ) အလ်အာ လေမီယဟ် ၏ကိုယ်စား လှယ်များ၏ ဝန်ဆောင်မှုများ ကို တန်ဖိုးထားကာ အိန္ဒိယနိုင်ငံရှိ ဟောင်ဇာများ နှင့်ပတ်သက်သည့် အရေးကြီး ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ဂျဝါဒ် နကဝီ သည် အိန္ဒိယ နိုင်ငံ ၏ ရှီအဟ် များ အကြား နှင့် အစိုးရ အကြားတွင် ပေါက်ရောက် ကျော်ကြား သူတစ်ဦး ဖြစ်ပါတယ်။
.......................................................
END / 251