အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၄ ဇန်နဝါရီ ၂၀၂၅

၀၇:၄၁:၄၉
1522769

ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် ဇီယွန်ဝါဒီစစ်သား ၅ ဦး သေဆုံးခဲ့ ကြောင်း အစ္စရေး စစ်တပ် ဝန်ခံ ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇီယွန်စစ်တပ်က အရာရှိတစ်ဦးနှင့် စစ်သားလေးဦးအပါအဝင် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ Beit Hanoun ဧရိယာတွင် ၎င်း၏စစ်သားငါးဦး သေဆုံးကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ အစ္စလာမ် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးတွင် ဇီယွန်ဝါဒီအစိုးရ၏ အရာရှိနှင့် စစ်သည် ရှစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဇန်န၀ါရီလ ၇  ရက် ၂၀၂၃  ခုနှစ် အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး စတင်ချိန်မှစ၍ အစ္စရေးစစ်သား ၈၄၀ သေဆုံးခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်စစ်ဆင်ရေးအတွင်း ၄၀၅  ဦး သေဆုံးခဲ့ကြောင်း ဇီယွန်စစ်တပ် က ကြေညာခဲ့ပါတယ်။

ထို့အပြင် ဂါဇာရှိ မြေပြင်စစ်ဆင်ရေးတွင် အစ္စရေးစစ်တပ်မှ အရာရှိနှင့် စစ်သား ၂၅၆၆ ဦး ဒဏ်ရာရခဲ့ပြီး ၄၉၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေး စတင်ချိန်မှစ၍ အစ္စရေးစစ်တပ်၏ စုစုပေါင်း ဒဏ်ရာရသူမှာ ၅၆၁၇ ဦး ဒဏ်ရာရခဲ့ပြီး ၈၃၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်မြောက်ပိုင်းတွင် အစ္စရေးစစ်တပ်၏ လက်ရှိစစ်ဆင်ရေးသည် အစကတည်းက ၅၅ ဦး သေဆုံးခဲ့ပြီး ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ Beit Hanoun ဒေသတွင် ယခုသီတင်းပတ်အတွင်း တိုက်ပွဲများတွင် ဇီယွန်ဝါဒီအရာရှိများနှင့် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

.......................................................

END / 251