အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန ၏ အစီရင်ခံစာအရ ၄၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျမ်းတော် မြတ် ကုရ်အာန် ကေရာအသ် ပြိုင်ပွဲ အတွက် နောက်ဆုံးအဆင့် မစတင်မီ သုံးရက်အလိုတွင် ဤအပြည်ပြည် ဆိုင်ရာ အခမ်းအနား တွင် ပါဝင် မည့် ပထမဆုံးသော အုပ်စု နှင့် ဧည့်သည်များသည် အေမာမ် ခိုမေနီ (အ.စ) လေဆိပ် မှ တစ်ဆင့် အီရန်နိုင်ငံသို့ ဇန်နဝါရီလ ၂၃ ရက်နေ့ ကြာသပတေး နေ့တွင် ရောက်ရှိခဲ့က့တယ်။
၄၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျမ်းတော် မြတ် ကုရ်အာန် ကေရာအသ် ပြိုင်ပွဲ ၏ ဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် မရှ်ဟဒ် မြို့ တွင် ကျင်းပမည် ဖြစ်ပြီး ပိတ်ပွဲ အား ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပါတယ်။
၄၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျမ်းတော် မြတ် ကုရ်အာန် ကေရာအသ် ပြိုင်ပွဲ ၏ နောက်ဆုံးအဆင့်တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာရီများ ၊ ဟာဖစ်ဇ် များ စုစုပေါင်း ၅၇ ဦးတို့သည် မနက်ဖြန်တွင် ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယခင်က ဤအဆင့်တွင် နိုင်ငံပေါင်း ၁၀၄ နိုင်ငံမှ ကိုယ်စားလှယ်များလည်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြ ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကျမ်းတော် မြတ် ကုရ်အာန် ကေရာအသ် ပြိုင်ပွဲ တွင် ယှဥ်ပြိုင်မည့် အမျိုးသား များ အတွက် ကေရာအသ် သေ သဲဟ်ကီးက် ၊ ကေရာအသ် သေ သရ်သီးလ် နှင့် ကျမ်းတော် မြတ် ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင် ခြင်း ဆိုသည် ကဏ္ဍ သုံးခု နှင့် အမျိုးသမီး ယှဥ်ပြိုင်မည့် သူများ အနေဖြင့် ကေရာအသ် သေ သရ်သီးလ် နှင့် ကျမ်းတော် မြတ် ကုရ်အာန် တစ်အုပ်လုံး အာဂုံဆောင် ခြင်း ဆိုသည် ကဏ္ဍ နှစ်ခု သာ ယှဥ် ပြိုင်ရမည် ဖြစ်ပါသည်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ အမျိုးသား များ ဘက် မှ ကေရာအသ် သေ သဲဟ်ကီးက် ကဏ္ဍ တွင် ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန်နီပူးရ် ၊ ကေရာအသ် သေ သရ်သီးလ် ကဏ္ဍ တွင် မွတ်ဂျ်သဗာ ကဒ်ဘီဂီ ၊ အာဂုံဆောင် ခြင်း ကဏ္ဍ တွင် မိုဟမ္မဒ် ခါက် ပူးရ် နှင့် အမျိုးသမီး များ ဘက် မှ ကေရာအသ် သေ သဲဟ်ကီးက် ကဏ္ဍ တွင် ဂဇါလီ ဇိုဟိုင်းရ် ဇါဒဟ် နှင့် အာဂုံဆောင် ခြင်း ကဏ္ဍ တွင် ဖွာတွေမဟ် ဒလီရီ တို့ ပါဝင် ယှဥ် ပြိုင်ရမည် ဖြစ်ပါတယ်။
.......................................................
END / 251