အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၊ Tasnim News Agency နှင့် Irna သတင်းဌာန ၏ အစီရင်ခံစာအရ ဆွီဒင်ရုပ်သံလိုင်း "SVT Nyheter" သည် ဆွီဒင်နိုင်ငံရှိ ကျမ်းမြတ်ကုရ်အာန်ကျမ်းကို ရှုတ်ချကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရသော စလိုဗန် မိုမီကာ (Slovan Momica) သည် ပစ်သတ်ခံခဲ့ရကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒီအစီရင်ခံစာအရ၊ သေနတ်နဲ့ပစ်ခံရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ကိုအိုစီယိုမှာရှိတဲ့ အိမ်တစ်အိမ်မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။
ပစ်ခတ်မှုအတွင်း သေဆုံးသွားသူမှာ Slovan Momica ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုပါတယ်။ သို့သော်လည်း စတော့ဟုမ်း ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသား၏ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေး သော်လည်း ရုပ်အလောင်းသည် ကျမ်းမြတ်ကုရ်အာန် ကို စော်ကား မှု နှင့် ဆက်စပ်နေသည်ဟု မီဒီယာများ က ဖော်ပြကြပါတယ်။
အခင်းဖြစ်ပွားချိန်တွင် အဆိုပါအမျိုးသားသည် ဆိုရှယ်မီဒီယာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်နေကြောင်း သတင်း များ ထွက်ပေါ်ခဲ့သော်လည်း ဆွီဒင်ရဲတပ်ဖွဲ့က ယင်းအချက်ကို အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မရှိသေးတာကို သိရပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ကို ဆွီဒင်ရဲတွေရှေ့မှာ အကြိမ်ကြိမ် စော်ကားခဲ့ပြီး ဖြစ်ပါတယ်။
ဆွီဒင် နှင့် ဒိန်းမတ်တို့တွင် ကျမ်းတော်မြတ်ကုရ်အာန်ကို ထပ်ခါတလဲလဲ စော်ကားခဲ့ကြ ပါတယ်။ကျမ်းတော်မြတ် စော်ကား ကမ္ဘာတစ်ဝှမ်းမှ ရှုတ်ချခဲ့ပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပါတယ်၊ အီရတ်ပြည်သူများက ဆွီဒင်နိုင်ငံရှိ ကျမ်းတော်မြတ် ကုရ်အာန်ကိုစော်ကားမှုအား ပြင်းပြင်းထန်ထန် ရှုတ်ချဆန္ဒ ပြခဲ့ကြပြီး ဘဂ္ဂဒက်ရှိ ဆွီဒင်သံရုံးကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် တိုက်ခိုက်ပြီး မီးရှို့ ခဲ့ကြပါတယ်။
စလိုဗန် မိုမီကာ (Slovan Momica) အား စလွန် နဂျ်မ် ( Sloan Najam ) နှင့် အတူ စတော့ဟုမ်းတရားရုံးက အမုန်းတရားတွေ ကျူးလွန်ခဲ့တယ်လို့ စွဲချက်တင် ထားပါတယ်။ တရားစွဲဆိုမှုအရ ကုရ်အာန်ကျမ်းကို မီးရှို့ခြင်းအပြင် ၎င်းတို့နှစ်ဦးသည် “လူအုပ်စုတစ်စုကို လှုံ့ဆော်မှုဟု ယူဆနိုင်သည်” ဟု ကြေငြာချက် ထုတ်ခဲ့ပါ တယ်။
ဆွီဒင် သတင်းစာ Expressen ၏အဆိုအရ ရဲတပ်ဖွဲ့သည် ကြာသပတေးနေ့နံနက်တွင် စလွန် နဂျ်မ် ( Sloan Najam ) ထံ ဆက်သွယ်ခဲ့ပြီး စလိုဗန် မိုမီကာ (Slovan Momica ) အသတ်ခံရကြောင်း သတင်းရရှိထားကြောင်း ပြောကြား ခဲ့ပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန် အား မီးရှို့ စော်ကားသူ အီရတ် နိုင်ငံသား ခရစ်ယာန် ဘာသာဝင်စလိုဗန် မိုမီကာ (Slovan Momica )
ဆွီဒင်သတင်းစာ Dagens Nyheter ကလည်း ဆိုရှယ်မီဒီယာမှာ တိုက်ရိုက်လွှင့်နေစဉ် စလိုဗန် မိုမီကာ (Slovan Momica ) ဟာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဆိုထားပါတယ်။ ဆွီဒင်ရဲတပ်ဖွဲ့က အဆိုပါသတင်းများကို အတည်မပြုနိုင်သေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
သေဆုံးသူ၏အမည်နှင့်သူ၏ဒဏ်ရာအခြေအနေအတွက် ဆွီဒင်သတင်းစာ Dagens Nyheter မှ တောင်းဆိုချက်ကို ရဲများက မတုံ့ပြန်ခဲ့သော်လည်း၊ စတော့ဟုမ်းခရိုင်တရားရုံးမှ အဆိုပါအမှုကို တရားခံများ မှ တစ်ဦး သေ ဆုံးသွားပြီ ဖြစ်သည့် အတွက်ကြောင့် ဆိုပြီး ဖေဖော်ဝါရီ ၃ ရက်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးက ဖော်ပြခဲ့ပါတယ်။
ဆွီဒင်မီဒီယာများ၏ ဖော်ပြချက်အရ ပစ်ခတ်မှုနှင့်ပတ်သက်၍ လူငါးဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။ စလိုဗန် မိုမီကာ (Slovan Momica ) သည် ဆွီဒင်တွင် ခိုလှုံရန် ကြိုးပမ်းခဲ့သည့် အီရတ်ခရစ်ယာန်တစ်ဦးဖြစ်ပြီး ယမန်နှစ်ကလည်း ကုရ်အာန်ကျမ်းကို မီးရှို့ခြင်းနှင့် စော်ကားသည့် လုပ်ရပ်များကို အကြိမ်ကြိမ်ကျူးလွန်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအကြား ဒေါသထွက်စေခဲ့သူ ဖြစ်ပါတယ်။
ဆွီဒင်အစိုးရသည် ကုရ်အာန်ကျမ်းတော်မြတ်အားစော်ကားမှုအား ရှုတ်ချရှုတ်ချသော်လည်း မိမိ နိုင်ငံအတွင်း လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်ထားဆိုသည့် အကြောင်းပြချက်ဖြင့် ကျမ်းတော်မြတ် ကုရ်အာန် စော်ကား သူများကို ရဲများက အကာအကွယ်ပေးခဲ့ကြပါတယ်။
.......................................................
END / 251