အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် IRNA သတင်းဌာန ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း နှင့် အစိုးရအဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁ရက်နေ့ တွင် အီရန် အစ္စလာမ့်တော်လှန်ရေး အောင်ပွဲ ၏ ၄၆ ကြိမ် မြောက် အထိမ်းအမှတ် နှင့် ဒဲဟ်ဟေဖဂျ်ရ် အထိမ်းအမှတ် ဖြင့် အီရန် အစ္စလာမ့်တော်လှန်ရေးကို တည်ထောင်သူ ဟဇရသ် အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူဗိမာန် သို့ သွားရောက်ကြပြီး ပန်းစည်းများ ပေးအပ် က အေမာမ် ခိုမေနီ (ရ.ဟ) ၏ ရည်မှန်းချက်များကို အကောင် အထည်ဖော် ရန် ကတိကဝတ်များ ကို ထပ်၍ ပြုခဲ့ကြ ပါတယ်။
ဒဲဟ်ဟေဖဂျ်ရ် အခမ်းအနားတွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ပြည်သူများသည် နိုင်ငံတစ်ဝှမ်းတွင် ကျင်းပသည့် ချီတက်ပွဲများနှင့် အခြားပွဲများတွင် ပါဝင်ခြင်းဖြင့် အီရန် အစ္စလာမ့် တော်လှန်ရေးကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) နှင့် လက်ရှိ ခေါင်းဆောင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ တို့ထံ ထပ်သစ္စာဆိုကြမည် ဖြစ်ပါတယ်။
အီရန် အစ္စလာမ့် တော်လှန်ရေးကို တည်ထောင်သူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ အီရန်နိုင်ငံ သို့ ပြန် ကြွလာသည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အောင်ပွဲ အထိမ်းအမှတ်အဖြစ် ဒဲဟ်ဟေဖဂျ်ရ် ဟူသော ခေါင်းစဉ်ဖြင့် ဆယ်ရက်ကြာ အခမ်းအနားများကို နိုင်ငံတစ်ဝှမ်းတွင် သောကြာနေ့မှ စတင်ကျင်းပနေသည် ဖြစ်ပါတယ်။
.......................................................
END / 251