Sahar News နှင့် IRNA သတင်းဌာန ၏ အစီရင်ခံစာအရ ရန်သူစစ်သင်္ဘောများ၏ အီလက် ထရွန်းနစ် စစ်ပွဲကို တန်ပြန်သည့် အဆင့်မြင့်ဆုံး ခရုဇ်ဒုံးပျံများကို Sipah ၏ မြေအောက် ဒုံးကျည်မြို့ တော် တွင် တပ်ဆင်ထားကြောင်း ဖော်ပြထားပါတယ်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်မတော် IRGC သည် မိမိ ရန်သူ့ အီလက်ထရွန်နစ် တိုက်ခိုက်မှုများကို တန်ပြန်ရန် ဖြစ်နိုင်ချေ အတိုဆုံး အချိန်အတွင်း စစ်ဆင်ရေး လုပ်ဆောင်နိုင်သည့် အဆင့်မြှင့်တင်ထားသော ခရုဇ်ဒုံး ကျည်များဖြစ် ပါတယ်။ ထိုပြင် အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်မတော် IRGC သည် မိမိ ၏အဆင့်မြင့် ခံစစ် လက်နက်များ ထဲမှ တစ်ခုကို လည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်မတော် IRGC စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ နှင့် IRGC ရေတပ် စစ်သေနာပတိ အက်ဒ်မီရလ် သန်ဂ်စီဗရီ တို့သည် IRGC ရေတပ်၏ တိုက်ခိုက်ရေးနှင့် ဒုံးကျည်စွမ်းရည်နှင့် ဤမြေအောက်ဒုံးကျည်မြို့၌ အဆင်သင့်ရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ ကြပါတယ်။
.......................................................
END / 251