အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسین علیه السلام :
إِنّ شِيعَتَنَا مَنْ سَلِمَتْ قُلُوبُهمْ مِنْ كُلّ غِشّ وَ غَلّ وَ دَغَلٍ.
အေမာမ် ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ကျွန်ုပ်တို့၏ရှီအဟ် သည် အလွဲသုံးစားပြုမှု နှင့် လှည့်စားမှု အမျိုးမျိုးတို့မှ ကင်းစင်သောနှလုံးသား ရှိသူဖြစ် ပါ သည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၆၅ ၊ စာမျက်နှာ ၁၅၆ ၊ ဟဒီးစ်တော် ၁၀
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အမြင် တွင် စစ်မှန်သည့် ရှီအဟ် အဖြစ် မြင်စေလိုလျင် အလွဲသုံးစားပြုမှု နှင့် လှည့်စားမှု အမျိုးမျိုးတို့ မှ မိမိ ၏ နှလုံးသား ကို ကင်းစင်အောင် လုပ်ရမည်။ အလွဲသုံးစားပြုမှု နှင့် လှည့်စားမှု အမျိုးမျိုး ဆိုသည် မှာ ငွေကြေးကိစ္စ ၊ နေရာ ခုံ ကိစ္စ ၊ အရောင်း အဝယ် ကိစ္စ ၊ လူမှုရေး ကိစ္စ ၊ဘာသာရေး ကိစ္စ စသည်ဖြင့် အမျိုးမျိုး ဖြစ်ပါတယ်။ ဤအတွက်ကြောင့် မိမိကိုယ့်ကို ရှီအဟ် ဟု ခံယူထားသူတိုင်း အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အမြင် တွင် ရှီအဟ် စစ် မစစ် စိစစ်နိုင်ပြီး မိမိအကြောင်း မိမိ သူတစ်ပါးထက် ပို၍ သိပေမည်။ ဒါကြောင့် အေမာမ် အမြင် အရ ရှီအဟ် ဖြစ်လျင် အလ္လာဟ် အရှင်မြတ် အား ရှိက်ရ် ပြုရမည် ဖြစ်ပြီး ရှီအဟ် မစစ်လျင် သောင်ဗဟ် ပြုပြီး ရှီအဟ် အစစ် ဖြစ်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251