အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် IRNA သတင်းဌာန ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုရှိ မစ်ရှီဂန် တက္ကသိုလ်မှ ကျောင်းသား များ သည် ပါလက်စတိုင်းအား အစ္စရေး ကုမ္ပဏီများ၏ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ တွင် ရင်းနှီး မြုပ်နှံမှု ရပ်တန့်ရန် တောင်းဆိုမှုကြောင့် ပါလက်စတိုင်းအား ထောက်ခံအားပေးမှုဖြင့် နှစ်နှစ်ကြာ ဆိုင်းငံ့ ခံလိုက်ရပါ တယ်။
ဤအစီရင်ခံစာ အရ မစ်ရှီဂန်တက္ကသိုလ်ရှိ "လွတ်လပ်မှုနှင့် တန်းတူညီမျှရေးမဟာမိတ်အဖွဲ့" ၏ အဖွဲ့ဝင် ကျောင်းသား များ သည် ပြီးခဲ့သည့် နွေဦးရာသီက တက္ကသိုလ်ဒါရိုက်တာ၏ နေအိမ်ရှေ့ တွင် တရားဝင်ခွင့် ပြုချက်မ ရှိဘဲ စုဝေးကျင်းပခြင်းအပြင် တက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြခဲ့ကြကြောင်း၊ စည်းကမ်းဖောက် ဖျက်ခြင်း ဖြစ်ကြောင်း ဆိုထားပါ တယ်။
Associated Press ၏ အဆိုအရ အမေရိကန်တက္ကသိုလ်များတွင် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအတွင်း အစ္စရေးတို့ သိမ်းပိုက်ထားသည့် ပါလက်စတိုင်းအား ထောက်ခံဆန္ဒပြမှု ကြောင့် တက္ကသိုလ် ကျောင်းသားပေါင်း ၃၂၀၀ ဖမ်းဆီးခံ ခဲ့ရကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် လွန်ခဲ့သည့် သီတင်းပတ်က တက္ကသိုလ်များတွင် ကိုးကွယ်ယုံကြည်မှု ဆန့်ကျင်ရေး နှိမ်နင်းရေး အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဆီးမိုက်ဆန့်ကျင်ရေး ( ဂျူးဆန့်ကျင်ရေး ) လှုပ်ရှားမှုများတွင် ပါဝင်သူများကို အရေးယူမည်ဖြစ်ကြောင်းနှင့် ဟားမတ်စ်ကို ထောက်ခံသည့် နိုင်ငံတကာ ကျောင်းသားများ၏ ဗီဇာများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ဒေါ်နယ်ထရန့် က ပြောကြားခဲ့ပါတယ်။
.......................................................
END / 251