အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အဆိုအရ ဟီဂျရီ ၂၆ ခုနှစ် ရှအ်ဗါန် လမြတ် လေးရက်နေ့ တွင် ကရ်ဗလာ ၏ အလံကိုင် စစ်သူကြီး ဟဇရသ် အဘာစ် (အ.စ) သည် မဒီနဟ် ရွှေမြို့တော် တွင် ဖွားမြင်တော် မူခဲ့ပါတယ်။
ဟဇရသ် အဘာစ် (အ.စ) ၏ ကျော်ကြားသည့် ဘွဲ့တော်များ မှာ ကမရ်ရေဘနီ ဟာရှင်မ် ၊ အလန်မ်ဒါရ်ရေ ကရ်ဗလာ ၊ ဃာဇီ ၊ ဗါဗိုလ်ဟဝါအေဂျ် ဖြစ်ပါတယ်။ ဤဘွဲ့တော် များ အပြင် ဟဇရသ် အဘာစ် (အ.စ) ၏ ကြီးမြတ်ပြီး မြင့်မြတ်သည့် ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်စေသည့် တခြား ဘွဲ့တော် များ တွေလည်း ရှိပါ တယ်။
ဟဇရသ် အဘာစ် (အ.စ) သည် အာရှုရာ ၏ဖြစ်ရပ်တွင် မိမိ သည် ကမ္ဘာတစ်ဝှမ်းလုံးအတွက် သစ္စာရှိမှုနှင့် သစ္စာစောင့်သိမှုတွင် စံနမူနာ ဖြစ်ကြောင်း သက်သေ ထူပြခဲ့ပါတယ်။
ဟဇရသ် အဘာစ် (အ.စ) သည် မိမိ ၏ စွန့်လွှတ်အနစ်နာခံမှု၊ စတေး မှုနှင့် ထူးကဲသော သစ္စာစောင့် သိမှုတို့မှ တစ်ဆင့် မိမိ၏ခေတ်ကာလ၏ အေမာမ်ဖြစ်သည့် အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် အလွန် ချစ်မြတ်နိုး ကြောင်း သက်ဝင် ယုံကြည်ကြောင်း လက်တွေ့ပြသခဲ့ပြီး ကေယာမသ် နေ့ တိုင် ပမာတူ မရှိအောင် သက်သေ ထူခဲ့ပါ တယ်။
ဟဇရသ် အဘာစ် (အ.စ) အနေဖြင့် ကရ်ဗလာ ဖြစ်ရပ်တွင် အခက်ခဲဆုံး အခြေအနေ တွင်လည်း အေမာမ်မသ် နှင့် ဝေလာယသ် ၏အမိန့်ကို မြေဝယ်မကျ လိုက်နာ ကျင့်သုံးရမည် ဖြစ်ကြောင်း မွတ်စလင်မ် များ ကို အထူးသဖြင့် ရှီအဟ် မွတ်စလင်မ်များ ကို လက်တွေ့ သင်ခန်းစာ ပေးခဲ့ပါတယ်။
ဟဇရသ် အဘာစ် (အ.စ) သည် ကရ်ဗလာ ကွင်းပြင်တွင် ဟိုစိုင်းန်နီ တပ်မတော် ၏ စံပြ အလံကိုင် စစ်သူကြီး ဖြစ်ပါတယ်။ ကိုယ်တိုင် ရဲရင့် ပြီး ရဲရင့်မှုတရားဟောသူ ၊ ရိုးသားမှုနှင့် အာဇာနည် စစ်တပ် ၏ ခေါင်းဆောင် ဖြစ်ပါတယ်။
အရှုရာ ၏ အခါသမယတွင် အစ္စလာမ်သာသနာကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရှင်သန်ရပ်တည်ရေးအတွက် ဟဇရသ် အဘူလ်ဖွဇ်လေလ် အဘာစ် (အ.စ) စွမ်းဆောင်နိုင်မှုအား သမိုင်းတွင် ရွှေစာလုံးဖြင့် မှတ်တမ်းတင်ထား ပါတယ်။
ကရ်ဗလာ ဖြစ်ရပ်မတိုင်မှီကပင် ဟဇရသ် အဘာစ် (အ.စ) သည် မိမိ ဖမည်းတော် ဟဇရသ် အလီ (အ.စ) နှင့်အတူ စစ်ပွဲအမျိုးမျိုးတွင် ကုဖ်ရ် နှင့် နေဖာက် ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး အစ္စလာမ်ကို စောင့်ရှောက် ခဲ့ပါတယ်။
ဟဇရသ် အဘာစ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာအခါသမယတွင် အီရတ်၊ အီရန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ လက်ဘနွန်၊ ဆီးရီးယားနှင့် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်းစုံမှ သန်းပေါင်းများစွာသော ဇေယာရသ် ပြုသူ များသည် ကရ်ဗလာ မြို့ နှင့် နဂျဖ် မြို့ သို့ လာရောက်ကြပြီး ဤ ခမ်းနား ကြီးကျယ် သော မွေးနေ့ ရက်မြတ် အခမ်းအနားတွင် ပါဝင်ကြပါ တယ်။
အိန္ဒိယနှင့် ပါကစ္စတန်မှ ထင်ရှားကျော်ကြားသော ကဗျာဆရာများသည် ကရ်ဗလာ ၏ အလံကိုင် စစ်သူကြီး ဟဇရသ် အဘာစ် (အ.စ) အား မိမိတို့၏ ကဗျာ များ ဖြင့် အလေးပြုကြပါတယ်။
ဤ ရွှင်လန်းဖွယ်အခါသမယတွင် သန့်ရှင်းသောနေရာများ၊ ဗလီများ၊ အေမာမ် ဘာရာ များ ၊ လမ်းများ၊ အဆောက် အဦများ နှင့် ဈေးဆိုင်များကို အီရန်၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယနှင့် ကမ္ဘာ့အခြားနိုင်ငံအများ အပြားတွင် လျှပ်စစ်မီးရောင် များဖြင့် လှပစွာ အလှဆင်ကြပါတယ်။
ရှအ်ဗါန် လမြတ် သုံးရက် မြောက်နေ့သည် အလ္လာဟ့် ကျွန် အဖြစ်မှ အပ မည်သူ့ ၏ ကျွန်မဖြစ်ရေး အတွက် စံပြ ဖြစ်သူ သာသနာ ဖျက် ယဇီးဒ် (လ.န) နှင့် အပေါင်းအပါများ ကို တော် လှန် ခဲ့သူ အေမာမ် မဇ်လူးမ် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ မွေးနေ့ရက်မြတ် မင်္ဂလာ ဖြစ်ကြောင်း မှတ်သားရမည် ဖြစ်ပါ တယ်။
ယနေ့ ရှအ်ဗါန် လမြတ် လေးရက်နေ့ သည် ကရ်ဗလာ ၏ အလံကိုင် စစ်သူကြီး ဟဇရသ် အဘာစ် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ဖြစ်ပါတယ်။ မနက် ဖန် ရှအ်ဗါန် လမြတ် ငါးရက်နေ့ သည် ကရ်ဗလာ သတင်းစကားကို ပြန့်ခဲ့သူ ၊ ကရ်ဗလာ ၏အဖြစ်အပျက် ကိုတရားဟောကြားခဲ့သူ အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) ၏ မွေးနေ့ ရက်မြတ် မင်္ဂလာ ဖြစ်ပါတယ်။
ဤ မင်္ဂလာအခါသမယ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၊ အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) နှင့် ဟဇရသ် အဘာစ် (အ.စ) တို့အား အချစ်ထားသူတိုင်း အား မိုဘာရတ်က် စကား ပြောကြားရင်း ကိုယ်စိတ်နှလုံး အေချမ်း၍ ရှရီအီ လိုအင်ဆန္ဒများ ပြည့်ဝ ပြီး ဇေယာရသ် များ ရကြပါစေ ရန် ဆုတောင်း လိုက်ပါတယ်။ မြန်မာ ပြည်သူ ၊ပြည်သား များ နှင့် မြန်မာ နိုင်ငံ လည်း အေးချမ်းသာယာ တိုးတက် ပါစေဟု ဆုတောင်း အပ်ပါတယ်။
.......................................................
END / 251