အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီးက်နာ သတင်းဌာန ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏၄၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကျမ်းတော်မြတ် ကုရ်အာန် ပြိုင်ပွဲ အပြီး တွင် ပါဝင်သူများသည် ရဲဟ်ဗရ် အင်န်ကေ လာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့် အေမာမ် ခိုမေနီ (ရ.ဟ) တီဟီရန် တွင် တွေ့ဆုံ ခဲ့ကြပါတယ်။
ဤ တွေ့ဆုံ မှု အား အေမာမ် ဟိုစိုင်းန် (အ.စ) ၏မွေးနေ့ ရက်မြတ် မင်္ဂလာ နှစ်ပတ်လည် အချိန်အခါ တွင် တွေ့ဆုံ ခဲ့ခြင်း ဖြစ်ပြီး ဤတွေ့ဆုံ မှု အစီအစဥ် တွင် ကေရာအသ် သေ သဲဟ်ကီးက် ကဏ္ဍ တွင် ပထမဆု ဆွတ်ခူး ခဲ့သူ အီရန် ကာရီ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန်နီ ပူးရ် မှ သေလာဝသ် ပြုခဲ့ပါတယ်။
အီရန် ကာရီ ဆယက်ဒ် မိုဟမ္မဒ် ဟိုစိုင်းန်နီ ပူးရ် မှ စူရဟ် ဖိုဆွေလသ် ၏ အာယသ်တော် အမှတ် ၄၁ မှ ၄၆ အထိ နှင့် စူရဟ် အလက် ၏ အာယသ်တော် အမှတ် ၁ မှ ၆ အထိ သေလာဝသ် ပြုခဲ့ခြင်း ဖြစ်ပါတယ်။

အီဂျစ် နိုင်ငံ သား ကာရီ တစ်ပါး နှင့် ဒိုင်တစ်ဦးဖြစ်သည့် မိုဟမ္မဒ် အလီ ဂျာဘီးန် မှ အေမာမ် ဟိုစိုင်းန် (အ.စ) အား ဂုဏ်ပြု ဒိုအာတောင်းပေးခဲ့ပါတယ်။ ဤ အီဂျစ် ကာရီ ဖြစ်သူ မိုဟမ္မဒ် အလီ ဂျာဘီးန် မှ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် ပတ်သက်ပြီး "ان فی الجنة نهرا من لبن لعلی و حسین و حسن" ခေါင်းစဥ် ဖြင့် လှပစွာ တင်ဆက်ခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ (၄၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲတွင် ကုရ်အာန် အာဂုံဆောင် အမျိုးအစားတွင် ပထမဆုရှင် မိုဟမ္မဒ် ခါပူရ် က မိမိ၏ အာဂုံဆောင် မှုကို တင်ဆက် ခဲ့ပါ တယ်။
ကေရာအသ် သေ သဲဟ်ကီးက် ကဏ္ဍ တွင် ဒုတိယ ဆု ဆွတ်ခူး ခဲ့သူ အီဂျစ် ကာရီ မိုဟမ္မဒ် ဟိုစိုင်းန်နီ မိုဟမ္မဒ် မှ စူရဟ် အဲဟ်ဇါဗ် ၏ အာယသ်တော် အမှတ် ၃၈ မှ ၄၈ အထိ သေလာဝသ် ပြုခဲ့ပါတယ်။
စဘီးလွန်ရ်ရရှာဒ် အဖွဲ့မှ လူငယ်များသည် ကာရီ နှင့် ကုရ်အာန်ဆရာ အလီ မဲဟ်ရာဘီ ၏ လမ်းညွှန်မှုအောက်တွင် ကျော်ကြားသော အီဂျစ်ကာရီ များ၏ ပုံစံကို အတုယူကာ အမျိုးမျိုးသော ကေရာအသ် များကို တင်ဆက် ခဲ့ကြပါတယ်။

အခမ်းအနားတွင် ဝကာဖ် နှင့် ပရဟိတ ဌာန ၏ အကြီးအကဲဖြစ်သူ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် မဲဟ်ဒီ ခါမိုရှီ မှ အကြိမ် (၄၁)မြောက် အပြည်ပြည်ဆိုင်ရာ ကုရ်အာန်ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းစဉ် အစီရင်ခံစာကို တင်ပြပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အမျိုးသား၊ အမျိုးသမီး ကိုယ်စားလှယ်များသည် ကျမ်းမြတ် ကုရ်အာန်ကို ကေရာအသ် သေ သဲဟ်ကီးက် နှင့် သရ်သီးလ် ၊ အာဂုံဆောင်ခြင်းဆိုင်ရာ နယ်ပယ်များ တွင် ထူးချွန်စွာ ယှဉ်ပြိုင်ခဲ့ကြ ကြောင်း တင်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ရဲဟ်ဗရ် အင်န်ကေ လာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။ အောက်ပါတို့သည် ရဲဟ်ဗရ် အင်န်ကေ လာဗ် အစ္စလာမ်မီ ၏ ပြောကြားချက်များ၏ အကျဉ်းချုပ်ဖြစ်ပါတယ်။
*ကျမ်းတော် မြတ်ကုရ်အာန်၏ အံ့ဖွယ်အမှုများနှင့် တမန်တော်မြတ်၏ အံ့ဖွယ်အမှုများ ၏ အဆက်မပြတ် ခြင်း သည် စကြာဝဠာအတွက် ကြီးမြတ်သောကောင်းချီးတစ်ခုဖြစ်ပါတယ်။
*အလ္လာဟ် ဟို အရှင်မြတ် ၏ အလိုတော်အရ ဂါဇာသည် ဇီယွန်နစ် အစိုးရ အောင်နိုင်မည်ဖြစ်ပါတယ်။
*အလ္လာဟ် ဟို အရှင်မြတ် ယုံကြည်ခြင်း၏ စိတ်အခြေအနေမှာ အလ္လာဟ်ဟို အရှင်မြတ် ခွင့်ပြုချက်ဖြင့် မဖြစ်နိုင်သောအရာများ ဖြစ်လာနိုင်သည်ဟု ကျွန်ုပ်တို့ယုံကြည်ရမည် ဖြစ်ပါတယ်။
*ယနေ့ခေတ် အီရန်သည် လွန်ခဲ့သော အနှစ် ၄၀ က အီရန်မဟုတ်ပဲ နယ်ပယ်အသီးသီးတွင် တိုးတက် နေပါတယ်။ အီရန်နိုင်ငံသားများသည် စိတ်ရှည်သည်းခံပြီး အလုပ်ကြိုးစားပြီး တိုးတက်မှုများ စွာ ရရှိခဲ့ပါတယ်။
*အလ္လာဟ်ဟို အရှင်မြတ် အပေါ် ယုံကြည်မှု၏လက်တွေ့အခြေအနေမှာ ကွင်းပြင်သို့ထွက်ရန်ဖြစ်ပါတယ်။ အစ္စလာမ့် အွန်မသ် ၏ ပြဿနာများ ကို အလ္လာဟ် ဟို အရှင်မြတ် အပေါ် ယုံကြည်မှုဖြင့် ဖြေရှင်းနိုင်ပါတယ်။
.......................................................
END / 251