အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သတင်းရင်းမြစ်များ၏အဆိုအရ အမေရိကန်အစိုးရသည် တရားမဝင်နိုင်ငံခြားသား များကို နှင်ထုတ်ရန် မူဝါဒအသစ်အရ အိန္ဒိယ နိုင်ငံသား ၂၀၀ ကို အင်္ဂါနေ့က နိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ပါတယ်။
ဤအိန္ဒိယနိုင်ငံသားများသည် လွန်ခဲ့သည့်နှစ်များစွာအတွင်း ကနေဒါနယ်စပ်မှတစ်ဆင့် အမေရိကန် နိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာခဲ့ ခြင်း ဖြစ်ပါတယ်။
အမေရိကန်စစ်တပ် C-17 သည် အိန္ဒိယနိုင်ငံသားများကို အိန္ဒိယသို့ ပြန်ပို့နေကြောင်း မိမိ ၏ သတင်း ရင်းမြစ်များကို ကိုးကား၍ NDTV က ပြောကြားခဲ့ပါတယ်။
တရားမဝင် အိန္ဒိယရွှေ့ပြောင်းအခြေချနေထိုင်သူများကို ပြန်လည်ခေါ်ဆောင်လာစေရန် မည်သည့် အရေးယူဆောင်ရွက်မှုကိုမျှ တုံ့ဆိုင်းမည်မဟုတ်ကြောင်း အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ အား အစောပိုင်း တွင် ထရန့် က ပြောကြားခဲ့ပါတယ်။
မိမိ၏ သက်တမ်းသစ်တွင် ထရန့် သည် လက်တင်အမေရိကမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာကို အမေရိကန်ပြည်ထောင်စုမှ နှင်ထုတ်ခဲ့ပြီး ဒုက္ခသည်အသစ်များ ထပ်မံ ဝင်ရောက်လာမှုကို တားဆီးရန် မက္ကဆီကိုနှင့် ကနေဒါနယ်စပ်များတွင် တင်းကျပ်သော အစီအစဉ်များ ပြုလုပ်ခဲ့ ပါတယ်။
အစီရင်ခံစာများအရ အိန္ဒိယ နိုင်ငံသားများ အမေရိကန် မှ ထွက်ခွာမှုများ ဆက်လက်ရှိနေဦးမည်ဟု ဖော်ပြထားပါတယ်။
.......................................................
END / 251