အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရှ်ဖိုလ်ဂွန်မဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام السجاد علیه السلام:
اِيـّاكَ وَالإبْتـِهاجَ بالِذَّنْبِ، فاِنَّ الإبْتِهاجَ بِهِ اَعْظَمُ مِنْ ركُوُبِهِ.
အေမာမ် စဂျာဒ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သတိရှိပါလေ။ အကြင်မည်သူ မဆိ ဂိုနာဟ် ကျူးလွန်မည်။ ပြီးနောက် ထိုကျူးလွန် လိုက်သည့် ဂိုနာဟ် အပေါ် ပီတိဖြစ်ခြင်း ဝမ်းမြောက်ခြင်း မဖြစ်ပါစေနှင့်။ အကြောင်းသည်ကား ဂိုနာဟ် ကျူးလွန် သည့် အပါ် ပီတိ ဖြစ်ခြင်း ဝမ်းမြောက် ခြင်း သည် ဂိုနာဟ် ကို ကျူးလွန် ခြင်းထက် လည်း ပို၍ ကြီးသည့် (ဂိုနာဟ် ) ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ကရှ်ဖိုလ်ဂွန်မဟ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၀၈
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် အထူးဂရု ပြုရမည် ဖြစ်ပါတယ်။ အကြောင်း ကျနော်တို့ ပတ်ဝန်းကျင် တွင် ပမာ အားဖြင့် အတင်း ပြောပြီး ပီတိ ဖြစ်နေသူများ သူတစ်ပါး မဟုတ်မမှန် ပြောပြီး ဆဲရေးတိုင်ထွာ ပြီး ငါသူရဲကောင်းကြီးပါလား၊ သတ္တိအတော် ရှိပါလား ဆိုပြီး ဝမ်းမြောက်နေသူများ ၊ မိုအ်မင် ကို တရား စွဲ ခြင်း ဒုက္ခပေးခြင်း စသည်ဖြင့် ပြုပြီး ပျော် နေကြသူများ စသည် ဖြင့် လုပ်ရပ်များ မပြုမိအောင် အထူး သတိပြု ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251