အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၄ ဖေဖော်ဝါရီ ၂၀၂၅

၂၀:၂၈:၄၇
1526305

သတို့သား အနေဖြင့် အမျိုးသမီးများ အကြား သွားရောက်ခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ သတို့သား အနေဖြင့် အမျိုးသမီးများ အကြား သွားရောက်ခြင်း ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ သတို့သား အနေဖြင့် အမျိုးသမီးများ အကြား သွားရောက်ခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

မေးခွန်း

သတို့သား အနေဖြင့် အမျိုးသမီးများ အကြား သွားရောက်ခြင်း ကို ခွင့်ပြုထားပါသလား?

အဖြေ

အကယ်၍ သတို့သား အနေ ဖြင့် မိမိ ကိုယ်တိုင် ဟရာမ် (တရားတော် မှ တားမြစ် ထားသည့် အရာ )  မှ ထိန်းသိမ်း နိုင်မည်။ ပြီးနောက် ဟေဂျာဗ် ကိုအလေးပေးမှု ရှိမည် ။ ပြီးနောက် အခြား မကောင်းမှု မဖြစ်ပွား နိုင်မည်ဆိုလျင်  ပြဿနာမရှိချေ။ (ခွင့်ပြုထားပါသည်။ )

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ ကျနော်တို့ ပတ်ဝန်းကျင် တွင် နေကဟ် ပြုချိန် သတို့ သား အနေဖြင့် နေကဟ်ပွဲကို တက်ရောက်လာသည့် အမျိုးသမီးထုကြီး အကြား သွားရောက်၍ သတို့သမီး နှင့်တွေ့ချိန် သို့မဟုတ် တက်ရောက်လာသည့် အမျိုးသမီးထု ကို စလာမ် ဆိုရန် စသည် ဖြင့် မိမိတို့ ဆိုင်ရာ ဓလေ့ အတိုင်း ပြုချိန် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မိန့်ထားသည့် အချက်များ နှင့် မဆန့်ကျင် အောင် သတိပြုရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251