အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၅ ဖေဖော်ဝါရီ ၂၀၂၅

၀၅:၅၈:၅၁
1526325

အီရန်နိုင်ငံ၏ အစ္စလာမ့်တော်လှန်ရေးသည် အီရန်အပေါ်သာမက အစ္စလာမ့်ကမ္ဘာအပေါ် လေးနက်သော နာမ်ပိုင် ဆိုင်ရာ အကျိုးသက်ရောက်မှုများ ရှိခဲ့ပါတယ် / လက်ဘနွန် မွတ်စလင်မ် အိုလမာ အသင်း နာယက

လက်ဘနွန် မွတ်စလင်မ် အိုလမာ အသင်း နာယက က အီရန်ပြည်သူများ၏ တော်လှန်မှုနှင့် အေမာမ်ခိုမေနီ (ရ.ဟ) အမြော် အမြင်ကြီးမားသော ဆောင်ရွက်မှုများကြောင့် အီရန်၏ အစ္စလာမ့်တော်လှန်ရေး အောင်မြင်မှု ကို အလေးပေး ဖော်ပြခဲ့ပြီး အစ္စလာမ့်တော်လှန်ရေးတွင် မွတ်စလင်မ် များအကြား စည်းလုံး ညီညွတ်မှုကို ဖန်တီးပေးပြီး အဖိနှိပ်ခံနိုင်ငံများကို ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza သတင်းဌာန၏အဆိုအရ လက်ဘနွန် မွတ်စလင်မ် အိုလမာ အသင်း နာယက ရှိက်ခ် ဃာဇီ ဟနီနဟ် သည် မရှ်ဟဒ်မြို့ ရှိ Hawza သတင်းအေဂျင်စီ မှ သတင်းထောက်တစ်ဦးအား ဒဲဟ်ဟေဖဂျ်ရ် အကြောင်း ပြောဆိုခဲ့ သည်မှာ - အီရန်၏ အစ္စလာမ့်တော်လှန်ရေး၏ အောင်မြင်မှုသည် အီရန်ပြည်သူများ၏ ရုန်းကန်မှု နှင့် အမြော် အမြင် ကြီးမားသော အေမာမ် ခိုမေနီ (ရ.ဟ) နှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီတို့၏ ရလဒ်ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး အစ္စလာမ့်တော်လှန်ရေးသည် အီရန်တွင်သာမက အခြားနိုင်ငံအများအပြားတွင်ပါ ကြီးမား သောပြောင်း လဲမှု များကို ဆောင်ကြဉ်းပေးခဲ့ပြီး နာမ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရား ၊ ဉာဏ၊ ယဉ်ကျေးမှုနှင့် ဘာသာ ရေး ဆိုင်ရာ သက်ရောက်မှုများ ရှိခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဒဲဟ်ဟေဖဂျ်ရ် (အေမာမ် ခိုမေနီ (ရ.ဟ) အီရန် ပြန်ရောက်သည့်နေ့ မှ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အောင်မြင်ရေးတော်လှန်သည့်နေ့ အထိ ဆယ်ရက် ) ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် ကျယ်ပြန့်သော ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သက်ရောက်မှုများကို ဖော်ပြရာတွင် ရှိက်ခ် ဃာဇီ ဟနီနဟ် က ဒဲဟ်ဟေဖဂျ်ရ် သည် အမျိုးသားရေး ဖြစ်ရပ်တစ်ခုမျှသာ မဟုတ်ဘဲ ကမ္ဘာ့နေရာအများအပြားတွင် မြင်နေရဆဲဖြစ်သည့် ကမ္ဘာလုံး ဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ထို့ကြောင့် အီရန်နိုင်ငံရှိ အစ္စလာမ့်တော်လှန်ရေးသည် အစ္စလမ့် ကမ္ဘာအပေါ် ကြီးမား သည့် နာမ်ပိုင်း ဆိုင်ရာ သက်ရောက်မှုရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ဘနွန် မွတ်စလင်မ် အိုလမာ အသင်း နာယက ရှိက်ခ် ဃာဇီ ဟနီနဟ် “အစ္စလာမ့် တော်လှန် ရေးရဲ့ အရေးအကြီးဆုံး အောင်မြင်မှုတွေထဲက တစ်ခုကတော့ မွတ်စလင်မ် များကြား စည်းလုံး ညီညွတ်မှု နှင့် စည်းလုံးညီညွတ်မှု တည်ဆောက်ရေးပဲ” ဟု ပြောကြားခဲ့ပါတယ်။

ဤ ဒဲဟ်ဟေဖဂျ်ရ် သည် မွတ်စ်လင်မ်များအား အတွင်းပိုင်းကွဲပြားမှုများကို ကျော်လွှားရန် အခွင့် အရေး ပေးခဲ့ ပါ တယ်။

ထပ်လောင်း၍ အစ္စလာမ့်တော်လှန်ရေး သည် မွတ်စ်လင်မ်များအား အချင်းချင်း ပိုမိုရင်းနှီးစေရုံသာမက တမန်တော် မိုဟမ္မဒ် (ဆွ) ၏ အွန်မသ် (နောက်လိုက်နောက်သား) များကြားတွင်ရှိသော အတားအဆီးများစွာကို ဖယ်ရှားနိုင်ခဲ့ကြောင်း ရှိက်ခ် ဃာဇီ ဟနီနဟ် မှ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးတွင် ရှိက်ခ် ဃာဇီ ဟနီနဟ် မှ အေမာမ် ခိုမေနီ (ရ.ဟ) သည် အမြဲတမ်း စည်းလုံးညီညွတ်မှု၏ အခြေခံ မူများကို ကာကွယ် ရပ်တည် ပေးခဲ့ကြောင်း အေမာမ် အေမာမ် ခိုမေနီ (ရ.ဟ) ၏ အမြင်တွင် မွတ်စလင်မ်များ (ရှီအဟ်၊စွန်နီ ) ၏ စည်းလုံးညီညွတ်မှုသည် ဖေက်ဟီ( ဓမ္မသတ် ) နှင့် အကီဒသီ (သက်ဝင် ယုံကြည်မှု) မတူကြသည့် ထက် ပို၍ အလေးပေး ရှေ့တန်း တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251