အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အဆိုအရ ဂျေရုဆလင်ကို သိမ်းပိုက်ခဲ့သော ဇီယွန်ဝါဒီအစိုးရ၏ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ၏ လေယာဉ်သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် လမ်းကြောင်းပြောင်းခဲ့ပါတယ်။
ဘင်ဂျမင်နေတန်ယာဟုအား နိုင်ငံတကာ ရာဇ၀တ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသောကြောင့် မိမိ ၏ လေယာဉ် သည် အမေရိကန်သို့သွားမည့် လမ်းကြောင်းသစ် တစ်ခု ကို ပြောင်းခဲ့ပြီး ဥရောပလေပိုင်နက် အတွင်း သို့ ဝင်ရောက်ခြင်းမှ ရှောင်ကြဉ်ခဲ့ပါတယ်။
ဂါဇာတွင် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုနှင့် အစ္စရေး စစ်ဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့် အား နိုင်ငံတကာ ရာဇ၀တ်ခုံရုံးက ဖမ်းဆီးရန် အမိန့်ပေးထားကြောင်း သတိပြုသင့်ပါတယ်။
ပြီးနောက် လူ့အခွင့်အရေး ဟု အသံထွက် အောင် အော်အော်နေသည့် အမေရိကန် သည် ရာဇဝတ်သမား ကို အရေး မယူသည့် အပြင် လက်ခံ တွေ့ဆုံ ခြင်း အားပေး ကူညီ ခြင်း ဖြင့် မိမိ တို့ ပြောပြောနေသည့် လိုက်နာ ရမည့် လူ့အခွင့် အရေးဆိုသည် မှာ မိမိ တို့ ရန်သူများ အတွက် သာ ဖြစ်ကြောင်း သက်သေ ပြခဲ့ပါတယ်။
အပြစ်မဲ့ ပါလက်စတိုင်း ၊ လက်ဘနွန် ၊ ယီမင် ပြည်သူ့ များ နှင့် ကလေးငယ်များ ကု လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်နေသည့် ရာဇဝတ်သား ဘင်ဂျမင်နေတန်ယာဟု သည် မိမိ သေရမည် ကို မဟုတ် အဖမ်းခံရမည် ကိုပင် အလွန် ကြောက်လန့် နေကြောင်း ထင်ရှားစွာ တွေ့မြင် နေရပါတယ်။
.......................................................
END / 251