အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : abna
တနင်္ဂနွေနေ့

၁၀ မေ ၂၀၁၅

၁၉:၀၀:၂၈
689357

အာယာသွလ္လာဟ် နူးရ်ရီဟမ်ဒါနီ

ကျနော် ဟေဂျာဗ် အတွက် စိုးရိမ်ပူပန်မိပါတယ်

နိုင်ငံတကာ ရှီအာများ၏ မရ်ဂျေယေ သက္က်လီးဒ်များမှ အကျော်အမော် တစ်ပါးဖြစ်သည့် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီဟမ်ဒါနီအနေဖြင့် မပြုမနေရဝါဂျစ်ဗ်တာဝန် တစ်ခုဖြစ်သည့် ကောင်းတာကိုညွှန်ကြားခြင်း နှင့် မကောင်းမှုကိုတားမြစ်ပိတ်ပင်ခြင်းကို ကိစ္စကို အသက်ပြန်သွင်းဖို့ တိုက်တွန်းဟောကြားရင် ဟေဂျာဗ် နှင့်အေဖါဖ်(ခ)သန့်စင် သန့်ပြန်ခြင်း (အပျိုရေမဖျက်ခြင်း၊ အိမ်ထောင်ရေးမဖောက်ပြန်ခြင်း)ကိစ္စကို ဘာသာရေး ကိုင်းရှိုင်းသည့်ပြည်သူလူထုနှင့် အီရန်အစ္စလာမ်မစ် တော်လှန်ရေး သမားပြည်သူလူထုအနေဖြင့် အမှန်တကယ် အလေးအနက်ထားစိုးရိမ်ပူပန် စရာ ကိစ္စတစ်ခုအဖြစ်နားလည် သဘောပေါက်လက်ခံ ထားကြ သည် ဟု မိန့်ထားပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီဟမ်ဒါနီမှ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံကွမ်းမြို့ ရှိ ဟဇရသ် ဖွာတွေမာ မအ်စူမေ (စ.အ) ရောင်ဇာတော်ဘေးရှိမစ်ဂျစ်ဒ်ဒေအာဇာမ် တွင်ကျင်းပသည့် ဒရ်စေရ် စေခါရေဂ်ျဖေက်ရ် သင်တန်းတွင်တိုက်တွန်းမိန့်ကြားခဲ့ခြင်း ဖြစ်ပါတယ်။
ပြည်ထာင်စု အစ္စလာမ်မစ် အီရန်နိုင်ငံအတွင်း ဟေဂျာဗ် နှင့်အေဖါဖ်(ခ)သန့်စင်သန့်ပြန်ခြင်း (အပျိုရေ မဖျက်ခြင်း၊ အိမ်ထောင်ရေးမဖောက်ပြန်ခြင်း)ကိစ္စကို အရေးပေးဂရုပြုကြရန် တိုက်တွန်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် နူးရ်ရီဟမ်ဒါနီမိန့်ကြားပါတယ်။ ဘာသာရေး ကိုင်းရှိုင်းသည့်ပြည်သူလူထုထံမှ ထပ်ခါထပ်ခါ မြောက်များစွာသော တိုင်စာများ (လက်ရှိ) နိုင်ငံတော် အတွင်း ဟေဂျာဗ်၏ အခြေအနေနှင့်ပတ်သက်ပြီး ကျနော်ထံ ရောက်နေပါတယ်။
အာယာသွလ္လာဟ်ကြီးအနေဖြင့် ဟေဂျာဗ်ကို သာသနာအတွက် အရေးကြီးလိုအပ်သည့် ကိစ္စများမှတစ်ခု ဖြစ်ကြောင်း သတ်မှတ်ပြီးမိန့်ကြားတော်မူပါတယ်။ယနေ့ ဟေဂျာဗ်ကိစ္စဟာ ကျနော်တို့ နှင့် ဘာသာရေး ကိုင်းရှိုင်းသည့်ပြည်သူလူထုအတွက် စိုးရိမ်ပူပန်စရာကိစ္စတစ်ခု အသွင်ပြောင်းသွားပါပြီး ။ကျနော်တို့တတွေ ဒီအခြေအနေ ကိုပြုပြင်တည်းမတ်ဖို့ မလွဲမသွေစဉ်းစား ဖို့လိုအပ်ပါတယ်။
ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီဟမ်ဒါနီမှ ဆက်လက်ပြီးတိုက်တွန်းပြောကြားပါတယ်။ ကျနော် တို့ယုံကြည်ကြပါတယ်၊ဟေဂျာဗ်မဝတ်ကြတာမဟုတ်ပါဘူး၊ဟေဂျာဗ်ကိုမလုံမခြုံ (ဆံပင်ဖော်ပြီး ဝတ်ကြ ခြင်းနှင့်ဟိုပေါ်ဒီပေါ်ဝတ်ဆင်ကြခြင်း ) ဝတ်ကြခြင်းသာဖြစ်ပါတယ်။
မည်သို့ဆိုစေ ဤအခြေအနေသည်လည်းမကောင်းပါဘူး။နွေရာသီအချိန် အခါမှာဒီလိုအခြေ အနေဖြစ်တတ် တာကြောင့် မဖြစ်မနေ ဂရုပြုသင့်ပါတယ်။
အာယာသွလ္လာဟ်ကြီးအနေဖြင့်မိမိ၏ဟောကြားမှုတွင် နဲဟ်ဂျိုဗလာဂါကျမ်းလာ မောင်လာအလီ (အ.စ) ၏ ဟဒီးစ်တော်ကို ကိုးကားပြီး ကောင်းတာကိုညွှန်ကြားခြင်း နှင့် မကောင်းမှုကိုတားမြစ်ပိတ်ပင်ခြင်းကို ကြီးမားသည့် မပြုမနေရ ဝါဂျစ်ဗ် ကိစ္စများမှ တစ်ခု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဟောင်စေအေလ်မီယာ ၏ အကျော်အမော် ဆရာတော် တစ်ပါးလည်းဖြစ်တဲ့ ဤ အာယာသွလ္လာဟ်ကြီးအနေဖြင့် ကောင်းတာကိုညွှန်ကြားခြင်း နှင့် မကောင်းမှုကိုတားမြစ်ပိတ်ပင်ခြင်း ဆိုသည့်အလ္လာဟ်ဟို အရှင်မြတ် သတ်မှတ်ထားသည့် ဝါဂျစ်ဗ်တာဝန်ကို ဂရုမပြုမှုအတွက်ဝမ်းနည်းရကြောင်းမိန့်ခဲ့ပါတယ်။
၊ဤတာဝန်ကို လူမှုပတ်ဝန်းကျင် တွင်ပြန်လာအသက်ဝင်လာဖို့ မေတ္တာရပ်ခံ တိုက်တွန်းဟောကြားခဲ့ပါတယ်။
မကောင်းမှုများကို သိရှိခံစားရသူတိုင်းအားလုံးမလွဲမသွေဤတာဝန်ကို (မျက်နှာလွဲခဲပစ်အလုပ်မျိုး ) တာဝန်မဲ့ အလုပ်မျိုး လုပ်လို့မရကြောင်း လည်းဟောကြားခဲ့ပါတယ်။
အာယာသွလ္လာဟ်ကြီးအနေဖြင့် ကောင်းတာကိုညွှန်ကြားခြင်း နှင့် မကောင်းမှုကိုတားမြစ်ပိတ်ပင်ခြင်း ကိစ္စသည် အဆင့်များနှင့်စည်းမျဉ်းစည်းကမ်းများ ရှိကြောင်းထိုအချက်များကိုဂရုပြုပြီး ထိုအဆင့်များ စည်းမျဉ်း စည်းကမ်းများ နှင့်အညီ လုပ်ဆောင်ဖို့မဖြစ်နနေလိုအပ်ကြောင်းတို့ကို လည်း တိုက်တွန်းမိန့်ကြားခဲ့ပါတယ်။
---------------
251 / End