အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၁၉ အောက်တိုဘာ ၂၀၁၅

၀၆:၀၈:၂၂
715829

ဆော်ဒီ တွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွား / အဇါဒါ ၅ဦး ရှဟီးဒ် တစ်ချို့ ဒဏ်ရာ ရ

ရစာ သတင်းဌာန၏ သတင်း အထောက်အထား အရ ဆော်ဒီ နိုင်ငံ ၏အရှေ့ ပိုင်း ဒေသရှိ ရှီအာ မွတ်စလင်မ် များ နေထိုင်သည့် နယ်မြေ ရှိ မဂျလစ် တစ်ခု တွင် IS အစွန်းရောက် အစ္စလာမ်အမည်ခံ တစ်ဦး မှ သေနတ် ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ရာ အဇါဒါ ၅ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး တစ်ချို့ မှာ ဒဏ်ရာ ရ ခဲ့ကြောင်း ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ရစာ သတင်းဌာန၏ သတင်းမှ ဆော်ဒီ ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ပြန် ကြေညာ ထားချက်ကို အခြေပြု ပြီး သတင်း တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ သတင်းမှာ ဆော်ဒီ နိုင်ငံ ၏အရှေ့ ပိုင်း ဒေသရှိ ရှီအာ မွတ်စလင်မ် များ နေထိုင်သည့် ကာသီးဖ် နယ်မြေ ရှိ ရှီးဟါသ် မြို့ အတွင်း ရှိ ((အလ်ဟိုင်ဒဲရ်ရီယာ)) အေမာမ်ဘာရာ တစ်ခု တွင် မဂျလစ် တစ်ခု ကျင်းပနေချိန် မဂျလစ် အတွင်း IS အစွန်းရောက် အစ္စလာမ်အမည်ခံ တစ်ဦးမှ အနီးကပ် သေနတ် ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ အခင်း ဖြစ်ပွားမှု ဟာ ဖြစ်ခဲ့သည့် သောကြာနေ့ ည ၇နာရီ အချိန်တွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပါတယ်။

သတင်း အထောက်အထားများ အရ ၎င်းဒေသရှိ ကင်းလှည့်နေသည့် ရဲ သည်ဖြစ်ပွားချိန်အတွင်း ရောက်ရှိလာပြီး အစွန်းရောက်အား ပစ်သတ် နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

၎င်းလူယုတ်မ ၏ လူမဆန် အလှစ်ဝင် တိုက်ခိုက်ခဲ့မှုကြောင့် အဇါဒါ ၅ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး ၉ဦး ဒဏ်ရာ ရ ခဲ့ကြောင်း ၊၎င်းတို့ အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

IS အစွန်းရောက် အစ္စလာမ်အမည်ခံ အဖွဲ့ နှင့် ဆက်နွယ်နေသည့် အဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် ( အလ်ရှိုဂျာဟွဒ်ဒူစရီ ) အဖွဲ့ မှ ၎င်းတို့ အဖွဲ့သား လုပ်ခဲ့ကြောင်း သတင်းအတိအကျ ရရှိထားပါတယ်။

======

251 / End