အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၈ နိုဝင်ဘာ ၂၀၁၅

၂၀:၂၅:၂၀
722043

ဟေဂျာဗ် နှင့်ပတ်သက်ပြီး မရ်ဂျာများ ၏ အမြင်များ

အဗ်နာ။ ။ ဟေဂျာဗ် နှင့်ပတ်သက်ပြီး မရ်ဂျာများ ၏ အမြင်များ ကို တစ်ခုခြင်းဆီ ဖော်ပြထား ပါတယ်။

 

 

အေမာမ်ခိုမေနီ (ရ.ဟ)

ခြုံပြီးပြောရလျှင် ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ တစ်ခု ဖြစ်ပါသည်။ ဟေဂျာဗ် အမိန့် ကို လက်မခံခြင်းသည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ တစ်ခု ကို လက်မခံ ခြင်းငြင်းဆိုခြင်းမည်ပေမည်။ သာသနာ့ အတွက် အရေးကြီး သည် အမိန့် ကိုလက်မခံသူ ငြင်းပယ်သူကို ကာဖေရ် ဟု အမိန့်ပေး လို့ (ဖသ်ဝါပေးလို့) ရပေသည်။ သို့သော် ၎င်း အနေဖြင့် အလ္လာဟ် အရှင်မြတ် နှင် ကိုယ်တော်မြတ် (ဆွ) ငြင်းပယ်သူ လက်မခံသူ ဖြစ်ကြောင်း သက်သေ ခိုင်လုံ ရပေမည်။

အေမာမ်ခိုမေနီ (ရ.ဟ) / အေစ်သေဖ်သာ အာသ်ကျမ်း အတွဲ (၁)

 

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခါမေနာအီ

ခြုံပြီးပြောရလျှင် ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ တစ်ခု ဖြစ်ပါသည်။ သို့သော် ဟေဂျာဗ် ဆိုင်ရာ အချို့ အချက်အလက် အသေးစိတ်များ သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ မဟုတ်တာလည်း ဖြစ်နိုင်ပေသည်။ ဟေဂျာဗ် နှင့် ပတ်သက်ပြီး ဂရုမပြု ခြင်း အလေးမထားခြင်းသည် ဂိုနာ ဖြစ်ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် ခါမေနာအီ / မစာအေလ်ဂျဒီးဒ် ကျမ်း

 


အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျက်သ် (ရ.ဟ)

ဟေဂျာဗ် နှင့် ပတ်သက်ပြီး ဂရုမပြု ခြင်း ဂိုနာဖြစ်ပြီး ဟေဂျာဗ်ဝတ်ရမည်မှာ ဝါဂျစ်ဗ် (မပြုမနေရ) ဖြစ်ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျက်သ် (ရ.ဟ) / မစာအေလ်ဂျဒီးဒ် ကျမ်း

 

အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး (ရ.ဟ)

အမျိုးသမီးများ အတွက် ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့် များမှ တစ်ခု ဖြစ်ပါသည်။ ဟေဂျာဗ် ဝတ်ဆင်ရန်ပေးထားသည့်အမိန့်ကို ဂရုမပြုခြင်း သည် သာသနာ့ အတွက် အခြား အရေးကြီး ထမ်းဆောင်ရမည့် မပြုမနေရ တာဝန် များ ကို ဂရု မစိုက်ခြင်း နှင့် အတူတူဖြစ်ပေသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ သဗ်ရေဇီး (ရ.ဟ) / မစာအေလ်ဂျဒီးဒ် ကျမ်း

 

အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီ ဂိုလ်ဗိုင်ဂန်နီ

ဟေဂျာဗ် မဝတ်မနေရဆိုသည့်အမိန့် မှာ ခြုံပြီးပြောရလျှင် သာသနာ့ အတွက် အရေး ကြီးသည် အမိန့်များမှ တစ်ခု ဖြစ်ပါသည်။ ၎င်းကိုငြင်းဆိုသူလက်မခံသူ သည် မိုရ်ဒဒ် ဖြစ်ပါသည်။ သို့သော် ၎င်း အနေဖြင့် ဟေဂျာဗ် မဝတ်မနေရဆိုသည့်အမိန့် ကို မငြင်း ပယ်ပဲ ဂရုမပြု၊အလေးမပေးပဲနေလျှင် ထိုသူသည် ဖါစေခ် ဖြစ်ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီ ဂိုလ်ဗိုင်ဂန်နီ / မစာအေလ်ဂျဒီးဒ် ကျမ်း

 

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ

ဟေဂျာဗ် သည် ရှရီအသ်တရားတော်အရ ထင်ရှားပြတ်သားနေသည့် အရာတစ်ခု ဖြစ် ပါသည်။ ကျမ်း တော်မြတ် ကုရ်အာန် ဖြင့် သက်သေထူနိုင်ပေသည်။သို့သော် ဟေဂျာဗ် ဝတ်ဆင်ရမည့် အမိန့် မထင်ရှား ဖြစ်နေသူများ ၊အကယ်၍ ဤအမိန့် ကို၎င်းတို့ အနေဖြင့် ငြင်းဆိုမည် ဆိုလျှင် နဗူဝသ်ကိုငြင်းဆိုချက် မည်မည် မဟုတ်ချေ။ ဟေဂျာဗ် နှင့်ပတ်သက်ပြီး ဂရုမပြုခြင်း သည် ဂိုနာ ဖြစ်စေပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ  / မစာအေလ်ဂျဒီးဒ် ကျမ်း

 

အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်

ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ ဖြစ်ပါသည်။ သို့သော် ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့် ဖြစ်နေသည့် သတင်းမရှိသူ ဖြစ်မည်သို့သော် ဟေဂျာဗ် ကို ငြင်းပယ်မည်ဆိုလျှင် ထိုသူသည် မိုရ်သဒ် ဖြစ်သွား မဟုတ်ပေ။

အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ်  / မစာအေလ်ဂျဒီးဒ် ကျမ်း

 

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်သ် အရ်သပိုင်လီ

ခြုံပြီးပြောရမည်ဆိုလျှင် အမျိုးသမီးများ အတွက် ဟေဂျာဗ်ဝတ်ဆင်ရန်ဝါဂျစ်ဗ် ဖြစ်ပြီး အစ္စလာမ့် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ ဖြစ်ပါသည်။ သို့သော် ဟေဂျာဗ် ၏ အချို့ အသေးစိတ်အချက်အလက်ဆိုင်ရာ အမိန့် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ မဟုတ်ချေ။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်သ် အရ်သပိုင်လီ  / သောင်ဇီးဟွလ် မစာ အေလ်

 

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာနေအီ

အပြင်ပိုင်းဆိုင်ရာ အရ ဟေဂျာဗ် သည် သာသနာ့ အတွက် အရေးကြီးသည် အမိန့်များမှ ဖြစ်ပါသည်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဆွာနေအီ  /မဂ်ျမအိုလ် မစာ အေလ်

==================

251 / End