အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7days
ကြာသပတေးနေ့

၂၄ ဒီဇင်ဘာ ၂၀၁၅

၁၇:၂၁:၅၉
726724

မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနှင့် စောဂေါ်မူဒိုစိန်ခေါ်ယှဉ်ပြိုင်ထိုးမည့် မြန်မာပြည်ချန်ပီယံလုပွဲ ကျင်းပမည်

မြန်မာပြည် ပထမတန်း ချန်ပီယံ နှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ်ကို မကြာမီက ယှဉ်ပြိုင်အနိုင်ယူထိုးသတ်ထားသည့် ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူ စောဂေါ်မူဒို ယှဉ်ပြိုင်မည့်ပွဲအပါအဝင် မြန်မာပြည်ချန်ပီယံလုပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

စောဂေါ်မူဒို၊ ထွန်းထွန်းမင်း


မြန်မာပြည် ပထမတန်း ချန်ပီယံ နှင့် အမေရိကန်လက်ဝှေ့ကျော် ဆိုင်းရပ်စ်ကို မကြာမီက ယှဉ်ပြိုင်အနိုင်ယူထိုးသတ်ထားသည့် ထွန်းထွန်းမင်းနှင့် စိန်ခေါ်သူ စောဂေါ်မူဒို  ယှဉ်ပြိုင်မည့်ပွဲအပါအဝင် မြန်မာပြည်ချန်ပီယံလုပွဲကြီး ကျင်းပမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
    
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီး Naing Moe Entertainment နှင့် Myanmar Media Management တို့ပူးပေါင်းပြီး မြန်မာပြည်ချန်ပီယံ (Challenge to Myanmar Champion)ဟု အမည်ပေးထားသည့် မြန်မာပြည်ချန် ပီယံလုပွဲကြီးကို ၂၀၁၆ ဇန်နဝါရီ ၁၇ ရက်တွင် သိမ်ဖြူအားကစားရုံ ၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် စောဂေါ်မူဒိုတို့၏ ချန်ပီယံစိန်ခေါ်ပွဲအပါအဝင် သုံးချီစိန်ခေါ်ပွဲတစ်ပွဲ၊ လေးချီစိန် ခေါ်ပွဲတစ်ပွဲ၊ ငါးချီစိန်ခေါ်ပွဲ ခြောက်ပွဲနှင့် စုစုပေါင်းတွဲဆိုင်းရှစ် ခုပါဝင်မည်ဖြစ်သည်။

‘‘မြန်မာပြည်ချန်ပီယံဖြစ်ပြီးကတည်းက ထွန်းထွန်းအနေနဲ့ ပြည်တွင်းလက်ဝှေ့သမားတွေနဲ့ မထိုးရသေးဘူးပေါ့နော်။ ပြည်ပ လက်ဝှေ့သမားတွေနဲ့ ထိုးသတ်နေရတယ်။ စောဂေါ်မူဒိုကလည်း ပြိုင်ဘက်လက်ဝှေ့သမားတွေကို အနိုင်ယူကျော်ဖြတ်ပြီးပြီဖြစ်တဲ့အတွက် ထွန်းထွန်းမင်းနဲ့ ယှဉ်ပြိုင်ဖို့အချိန်ရောက်ပြီလို့ ယူဆတဲ့အတွက် ဒီပွဲကို စီစဉ်ခဲ့တာပါ။ ပွဲကောင်းတစ်ပွဲဖြစ်မယ်လို့လည်း မျှော်လင့်ထားပါတယ်’’ဟု Myanmar Media Management မှ စီစဉ်သူ ဦးအောင်နိုင်မိုးက ပြောသည်။
    
အသက် (၂၄)နှစ်အရွယ်ရှိ ထွန်းထွန်းမင်းသည် မြန်မာပြည်ချန်ပီယံဘွဲ့အား စောငမန်း(ရွှေဖူး) ကို ၂၀၁၄ တွင် အလဲထိုးအနိုင်ယူကာ လွှဲပြောင်းရယူထားသူဖြစ်ပြီး စိန်ခေါ်သူ စောဂေါ်မူဒိုအနေဖြင့် မြန်မာပြည်လက်ဝှေ့ချန်ပီယံဘွဲ့
ခံယူလိုပါက ထွန်းထွန်းမင်းကို အနိုင်ယူထိုးသတ်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
    
စိန်ခေါ်သူ စောဂေါ်မူဒိုသည် မြန်မာပြည်ချန်ပီယံဟောင်း စောငမန်း(ရွှေဖူး)၊ လက်ရှိ ပထမတန်း ချန်ပီယံ ထွန်းထွန်းမင်းနှင့် တစ်တန်းတည်း  သတ်မှတ်ခံထားရသူ တူးတူး  (နဂါးမာန်)တို့နှင့် သရေထိုးသတ်ယှဉ်ပြိုင်ထားသူဖြစ်ပြီး ဒေါနအောင်ကို အလဲထိုးဖြင့် အနိုင်ယူထားသူဖြစ်သည်။
    
အမေရိကန်ကစ်ဘောင်ဆာ ချန်ပီယံဆိုင်းရပ်စ် (ဝါရှင်တန်)ကို အနိုင်ယူထိုးသတ်ထားသည့် ထွန်းထွန်းမင်းက ၎င်းအား စိန်ခေါ်လာသူမှန်သမျှအား ကြိုဆိုကြောင်းနှင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။

===============================
251 / End