အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
သောကြာနေ့

၈ ဧပြီ ၂၀၁၆

၁၈:၃၈:၂၁
746016

အစ္စလာမ့်အသိပညာပေးသီတင်းပတ်ကို ဗာဂျီးနီးယားတွင် ကျင်းပ

ယခုတစ်ပတ်အတွင်း ကျရောက်တဲ့ အစ္စလာမ့်အသိပညာပေး သီတင်းပတ်မှာ ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မာရှယ်တက္ကသိုလ်က မွတ်စလင်ကျောင်းသားများအသင်း MSA ဟာ ရိုးရာမုန့်ရောင်းပွဲတစ်ခုကို အင်္ဂါနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ယခုတစ်ပတ်အတွင်း ကျရောက်တဲ့ အစ္စလာမ့်အသိပညာပေး သီတင်းပတ်မှာ ပါဝင်ဆင်နွှဲတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် မာရှယ်တက္ကသိုလ်က မွတ်စလင်ကျောင်းသားများအသင်း MSA ဟာ ရိုးရာမုန့်ရောင်းပွဲတစ်ခုကို အင်္ဂါနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီမုန့်ရောင်းပွဲဟာ MSA ရန်ပုံငွေမြှင့်တင်ရေးအတွက်လည်း ပါဝင်ပါတယ်။ အဖွဲ့ရဲ့ တာဝန်ရှိသူတွေကတော့ ဒီပွဲလေးဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုကို တစ်ပါးသူတွေ သိစေလိုပြီး၊ အဓိကရည်ရွယ်တာကတော့ ကျောင်းဝင်းအတွင်းကသူတွေနဲ့ ထိတွေ့မှုရရှိအောင် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီမုန့်အရောင်းပွဲတော်မှာ စိတ်ဝင်စရားကောင်းတဲ့ လှည့်ကွက်လေးတစ်ခု ရှိပါတယ်။ ဒါကတော့ မာရှယ်တက္ကသိုလ်က ကျောင်းသားတွေကနေတဆင့် ပြည်သူတွေ အစ္စလာမ်အကြောင်း သိနားလည်ဖိုအတွက် ဒီလိုအခမ်းအနားမျိုး များများကျင်းပနိုင်ရေး ရန်ပုံငွေတွေတိုးလာဖို့ပါ” လို့ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ ခါဒါးရ်က ပြောကြားခဲ့ပါတယ်။

ဒီလိုပွဲမျိုးတွေကနေ အဖွဲ့ဝင်သစ်တွေလည်း တိုးလာနိုင်ပြီး အစ္စလာမ့်ရဲ့ သွန်သင်မှုတွေကိုလည်း ဖြန့်ဖြူးနိုင်တယ်လို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ လူတွေ ကျွန်မတို့ကို စကားပြောဆိုလာဖို့ပါပဲ။ နောက်ဆုံး ဘာမှမ၀ယ်ဘူးပဲထားဦး၊ သူတို့လာပြီး စကားပြောရုံနဲ့တင် ကျွန်မတို့ရဲ့ ရည်မှန်းချက်ပြည့်ပါပြီ”

MSA အသင်းဝင်တစ်ဦးဖြစ်သူ အလ်ကာဝါဆာမီကလည်း “မီဒီယာတွေမှာ ပုံဖော်ထားသလို ကျွန်မတို့ဟာ အကြမ်းဖက်သမားတွေမဟုတ်ကြောင်း လူတွေကို ပြသချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့နဲ့ စကားပြောကြည့်ရုံနဲ့ သူတို့သဘောပေါက်သွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” လို့ ခါဒါးရ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ref: II

=========================   

251 / End