အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၇ ဩဂုတ် ၂၀၁၆

၁၇:၀၄:၁၄
774860

တူရကီ နိုင်ငံ တွင် ရဲမေများ ကို ဟေဂျာဗ် ဝတ်ခွင့်ပြု

တူရကီ အစိုးအရအနေဖြင့် ပထမအကြိမ် ရဲမေများ ကို တာဝန် ထမ်းဆောင်နေစဉ် အချိန်တွင်လည်း ဟေဂျာဗ်ဝတ်၍ ထမ်းဆောင်နိုင်ကြောင်း ခွင့်ပြု လိုက်ပါတယ်။


တူရကီ အစိုးရ အနေဖြင့် ဥပဒေအမိန့်စာ ထုတ်ပြန်ရာတွင် ဝန်ထမ်း ရဲမေများအနေဖြင့် တာဝန် ထမ်းဆောင်နေစဉ် ဟေဂျာဗ် ဝတ်ဆင်နိုင်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ဟေဂျာဗ် ကို ရဲမေ ဦးထုပ် ၏ အောက်တွင်ထားပြီး ဝတ်ရမည် ဖြစ်ပါတယ်။ ဥပဒေအမိန့်စာတွင် ဟေဂျာဗ်ကို ရဲမေများ၏ ရဲအဝတ် အရောင်သာ လျှင် ဝတ်ရမည် ဖြစ်ကြောင်းလည်း ပါရှိ ပါတယ်။

ဥပဒေအမိန့်စာ အားတူရကီ အစိုးရ ပိုင် သတင်းစာ တွင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။ ဥပဒေအမိန့်စာ ထုတ်ပြန် လိုက်သည်နှင့် လက်တွေ့လည်း ကျင့်သုံးရမှာ ဖြစ်ပါတယ်။

၂၀၁၀ခုနှစ်တွင် တူရကီ နိုင်ငံ၏ တက္ကသိုလ်ကျောင်းများတွင် တက္ကသိုလ်ကျောင်းသူများကို ဟေဂျာဗ်ဝတ်ဆင်ခွင့်ပေးခဲ့ပါတယ်။

၂၀၁၃ နှင့်၂၀၁၄ တွင်လည်း အစိုးရကျောင်းများ တွင် ကျောင်းသူများကို ဟေဂျာဗ်ဝတ်ဆင်ခွင့် ပေးခဲ့ပါတယ်။

တူရကီ နိုင်ငံသည် အစ္စလာမ် နိုင်ငံ တစ်ခု ဖြစ်သော်လည်း အရင်က ဟေဂျာဗ်နှင့်ပတ်သက်ပြီး ဤကဲ့သို့ လွတ်လပ် ခွင့် မရှိခဲ့ကြောင်း လေ့လာ တွေ့ ရှိ နိုင်ပါတယ်။

 ===========================================================================================

251/End