အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကိုး အကား : ABNA
စနေနေ့
၄ မတ် ၂၀၁၇
၂၀:၁၄:၃၃
815674
လူငယ်လူရွယ်များနှင့် လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှုများ
လူငယ်လူရွယ်များနှင့် လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှုများ ဆိုသည့် ဤခေါင်းစဉ် ကို အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် ရှီရာဇီး ၏ရေးသားသီးကုံးထားသည့် ( မိုရှ်ကေလာသ် ဂျင်စီ ဂျဝါနန် )ဆိုသည့် စာအုပ်မှ ကောက်နုတ် ဖော်ပြထားပါတယ်။
အရပ်တိုင်းမှာ နာကျင်ဖွယ် ညည်းတွားသံ များအသံကျယ်နေ လေသည် …..!
    အထူးသဖြင့် လူငယ်လူရွယ် အချိန်တွင် သဘာဝ တရားအရ (လိင်ကိစ္စဆန္ဒရှိမှုရှိကြောင်း) ကျွန်ုပ်တို့သိပေသည်။ ဤသဘာဝတောင်းတ ချက်(လိင်ကိစ္စ)ကို မှန်ကန်သည့်နည်းဖြင့် လမ်းညွှန်ပြသမှုမပြုခဲ့လျှင် လူငယ် လူရွယ်တို့၏ ကံကောင်းမှု၊ အောင်မြင်မှုကို မိမိ၏ပြင်းထန်သည့် ရိုက်ချက် (လုပ်ရပ်)ကြောင့် ပျက်စီးသွားရပေလိမ့်မည်း။ ၄င်း၏ရည်ရွယ်ချက်ကို ကြေကွဲ သွားစေလိမ့်မည်။
    မြတ်အလ္လာဟ်ချီးမြှင့်ထားသည့် ပင်ကိုအရည်အချင်း၊ အရည်အသွေး များသည်လည်း အခုဖူးပွင့်နေသည့် ပန်းအဖူးအငုံလေး ကြွေကျပျက်စီးရသကဲ့ သို့ပျက်စီးသွားရပေလိမ့်မည်။
    ဤလမ်းစဉ်၌ စတေးခံလိုက်ရသည့် လူငယ်လူရွယ်ပေါင်းလည်း မနည်းတော့ချေ။ ဤကဲ့သို့သော ပုဂ္ဂိုလ်များသည် အိမ်မက်မှနိုးထလာပြီး နောက် (လမ်းမှန်ရောက်လာပြီးနောက်) မိမိ၏ရူဟ်၌ ကြောက်မက်ဖွယ် အကောင်းတကာ့အကောင်းဆုံးဝမ်းနည်းကြေကွဲမှုနှင့်နောင်တကို ခံစားရလေ သည်။ အရည်အတွက်အမြောက်အများရှိလေသည်။
    ဤလမ်းစဉ် ဤလမ်းစဉ်၌ စတေးခံရသည့် လူငယ်လူရွယ် အမြောက်အများ၏မရေမတွက်နိုင်သည့် စာများ ကျွန်တော်ဆီ (ကျမ်းပြုဆရာ တော်)ထံရှိလေသည်။
    ဤစာများကြောင့် ထိုကြောက်မက်ဖွယ်ကောင်းသည့် လျှို့ဝှက်ချက် တစ်စိတ်တစ်ဒေသ ဖွင့်ဟပွင့်ထွက်လာလေသည်။
    ဤအတွက်ကြောင့်လည်း ကျွန်တော်အနေဖြင့် ဤကြောက်မက်ဖွယ် ခေါင်းစဉ်ကို ဆွေးနွေးတင်ပြပါမည်။
    စာရေးသူများအနေဖြင့် မပြောပြနိုင်သည်အထိ တင်ပြတောင်းဆိုမှု၊ ကြောက်မက်ထိတ်လန့်ဖွယ် အဖြစ်အပျက်များကို ရင်ဖွင့်ခဲ့ကြလေသည်။ မိမိ တို့လွတ်မြောက်မှုနှင့် အဆင်ပြေချောမော စေမည့်နည်းလမ်းကိုလည်းတောင်း ဆိုထားကြလေသည်။
    အမှန်အတိုင်း ပြောရလျှင် ကျွန်ုပ်သည် လည်းပဲ ဤမျှအန္တရာယ်၏ အရေးကြီးမှုကို မသိခဲ့ကြချေ။ သို့သော်သတင်းရရှိထားမှု သိရှိထားမှုအတွက် ကြောင့်မလွှဲသာမရှောင်သာ မိမိ၏စွမ်းအား၊ အင်အားနှင့်အညီ လူငယ်လူရွယ် များကို ဤအန္တရာယ်နှင့်ပတ်သက်ပြီး အသိတရားပေးရတော့မည်။ အန္တရာယ် ကိုဖြစ်စေသည့် အကြောင်းအရင်းအစစ်များဖက်သို့ သတိပြုပေးရမည်။ အသိ ပေးရမည်ဖြစ်ပါသည်။
    ကြီးကျယ်မြင့်မြတ် တော်မူသော မြတ်အလ္လာဟ်အို အရှင်မြတ် ကျွန်ုပ်တို့နှင့် လူငယ်လူရွယ်များကို ဤကိစ္စနှင့်ပတ်သက်ပြီး မိမိ၏အကူအညီ အဖေးအမနှင့် ကင်းအောင် မထားပါနှင့်ဟု ဒိုအာဆုမွန် တောင်းလိုက်ပါသည်။
    ပထမဦးစွာ ထိုစာများမှ တချို့ကို (မူရင်းအတိုင်း) လူကြီးမင်းတို့အား ရေးသားတင်ပြပါမည်။
ပထမစာ
    ….. လူကြီးမင်းအနေဖြင့် မိမိ၏ဟောပြောတရားပွဲ၌ လူငယ်လူရွယ် များကို မိမိတို့၏အခက်အခဲ အမျိုးမျိုးနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရန် မိန့်မထားသဖြင့် ဤစာကို ပို့ရ၌အမြန်လုပ်လိုက်ပါသည်။
    ကျွန်တော်အမြဲတစေ ၀မ်းနည်းပူဆွေးနေရသည့် အခက်အခဲမှာ အမှန်ဆိုရလျှင် လိင်ကိစ္စနှင့် တဏှာ၊ ရာဂကိစ္စ ဖြစ်ပါသည် ခင်ဗျား။ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကိစ္စဟာ ကျွန်တော်ကို အမြန်ကြီးပျက်စီးတော့ မှာဖြစ်ပါတယ်။ ကျွန်တော်၏ အခက်အခဲကို လူကြီးမင်းအားတင်ပြပါ့မယ်။
    ကျွန်တော်ဟာအသက်(၂၃)နှစ်ရှိပြီးဖြစ်တဲ့ကျောင်းသားတစ်ယောက် ပါ။ ကျွန်တော်အရွယ်ရောက်တဲ့အချိန်မှာ မှန်ကန်၊ စစ်မှန်သည့် သွန်သင်ပြမှု မရခဲ့တာရယ်၊ အသိပညာမရှိခဲ့တာရယ်ကြောင့် “လမ်းလွဲလမ်းမှားမှုများမှ တစ်ခုဖြစ်သည့် လိင်ကိစ္စတစ်ခု” နှင့်ရင်ဆိုင်နေရပါတယ်။ ဤမကောင်းသည့် အလုပ်ကို လုပ်လာတာ (၇)နှစ် ဆက်တိုက်ရှိနေပါပြီခင်ဗျား။
    အခုချိန်ထိ ဤမကောင်းမှုမှာ နစ်နေပါတယ်။ ဤအလုပ်ကို မလုပ် တော့ဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား မအောင်မြင်ဘူးဖြစ်နေပါတယ်။ ဤ လုပ်ရပ်စက်ဆုပ်ဖွယ်၏ ဆိုးကျိုးများကို ကျွန်တော်စာအုပ်ထဲ၌ ဖတ်ရပါတယ်။ ထို့အပြင် မိမိကိုယ်၌လည်း(လက်တွေ့) ခံစားနေရပါတယ်။
    ကျွန်တော်မျက်လုံးတွေ အားနည်းကုန်ပါပြီ။ အကြောတွေအားနည်း ပြီး၊ သွေးအားနည်းခြင်း၊ ကိုယ်ခန္ဓာအားနည်းခြင်းနှင့် တုန်နေခြင်း၊ ပိန်ခြင်း၊ ၀မ်းနည်း စိတ်မချမ်းမသာ မကြည် ခြင်းတို့ကို ခံစားနေရပါပြီ။
    တချိန်က ကျွန်တော်မှာ အင်အား ခွန်အား အပြည့်အ၀ ပိုင်ဆိုင်ထား သည့်အတွက် ပညာသင်ကြားခဲ့ပါတယ်။ သို့သော် ယခုအချိန် ကျွန်တော့ ခွန်အားတွေလျော့သွားပါပြီ။ (စာ၏ဆိုလိုချက်များကို မှန်မှန်ကန်ကန်လည်း အသေအချာ နားမလည်တော့ပါဘူး။ ဒါပေမဲ့လည်း အတင်းအဓမ္မ ပညာဆက် လက်သင်နေရပါတယ်။
    ကျွန်တော်စာရေးဖို့ ဘောလ်ပင်ကိုကိုင်တိုင်း ရေးဖို့ခွန်အားမရှိဖြစ်ရ ပါတယ်။ နောက်ဆုံး ဘောလ်ပင်ကိုချပြီး အားပြန်ဝင်လာတဲ့အထိစောင့်ပြီး နောက်တစ်ကြိမ်ပြန်ရေးရပါတယ်။
    ကျွန်တော့်ဆီမှာ အီမာန်သက်ဝင်ယုံကြည်မှုလည်း နည်းသွားပါပြီ။ ကျွန်တော်အတွင်းစိတ် ကျွန်တော့်ကိုအမြဲတစေ နိမ့်ချနေပါတယ်။
    မလွဲသာမတတ်သာလို့ ထောင့်တစ်နေရာရာမှာ သွားသွားထိုင်ပြီး အကြာကြီးငိုပါတယ်။ မျက်လုံးတွေဆို နီရဲကုန်ပါတယ်။ ဒါပေမဲ့ဗျာ အကျဉ်း ပြောရရင် သနားစရာ ကံမကောင်တဲ့ ကျွန်တော့်ကို ကူမဲ့သူ ဘယ်သူမှ မရှိပါဘူး။
    ဤမျှဆိုးကျိုးများကိုမြင်ရ ပါလျက် ဤအလုပ်ကိုဘာကြောင့်လက် မလွတ်နိုင်ရသည်ဆိုသည့်အချက် လူကြီးမင်းသိကောင်းသိပါမယ်ခင်ဗျား?
    ဤအတွက်အဖြေလည်းကျွန်တော်ဆီမှာရှိပါတယ်။ယနေ့ဒီအလုပ် ကိုလက်လွတ်ဖို့ (ခန့်မှန်းခြေအားဖြင့်) မဖြစ်နိုင်တော့ဘူးခင်ဗျား။ ဘာကြောင့် လဲဆိုတော့ တဏှာ၊ ရာဂနိုးထလာလျှင် ကျွန်တော့်ရည်မှန်းချက်ဆုံးဖြတ်ချက် (လွတ်ဖို့) အင်အား ယုတ်သွားပါတယ်။
    အားလုံး(တဏှာ၊ ရာဂအကြိုက်) လုပ်ပြီးပြီဆို နောက်ငိုတာမျက်ရည် ကျတာဖြစ်ပါတယ်။
    တခါတလေ ကျွန်တော်မြတ် အလ္လာဟ်ထံ ဒိုအာ တောင်းပါတယ် ခင်ဗျား။ အေမမ်များ(အ.စ)ထံသ၀ါဆိုလ်ပြုပါတယ်။ဒါပေမဲ့ခင်ဗျား၊ဒိုအာဆုမွန် တောင်းတိုင်း တောင်းတိုင်းရလာဒ်အနည်းငယ်ကိုသာရပါတယ်။
    တခါတရံ ကျွန်တော်လေ မြတ်အလ္လာဟ်နှင့်ပြစ်မဲ့ အေမမ်များ(အ.စ) များဟာ ကျွန်တော်တို့လို အပြစ်သမား၊ ဒုစရိုက်သမား၊ မသန့်ရှင်းသူများကို လုံးဝဂရုပြု။ သတိမထားဟု ထင်မိပါတယ်။
    ကျွန်တော်လိုမျိုးအကူအညီ၊အမှီအခိုမဲ့သူများဟာ မိမိတို့၏နှလုံးသား ၏ ခံစားမှု၊နာကြင်မှုများကိုမိမိတို့ဆွေမျိုးသားချင်းများကိုပင် ပြောမပြနိုင်သည့် အထိ သနားစရာကောင်းသည့် အခြေအနေကိုရောက်နေပါတယ်။ နောက်ဆုံး ဘယ်သူ့ဆီအကူအညီတောင်းရမည်နည်း။?
    ကျွန်တော်၏ညည်းခံခြင်း၊ ခန္တီးတရားခွက်လည်း မှောက်နေပါပြီ။ အသက်ထွက်ဖို့ လည်ပင်း အထိရောက်လာပါပြီ။ မြတ်အလ္လာဟ်ကျွန်တော့်ကို သနားကြင်နာပါစေ။ လွတ်မြောက်မှုလမ်းကို ညွှန်ပြတော်မူပါစေ။ အကယ်၍ ဆေးအညွှန်းအရ လူကြီးမင်းသိလျှင် ကျွန်တော်ကို အသိပေးပါခင်ဗျား။ ဧကန်မုချ လူကြီးမင်းသိပါတယ်။
    ကျွန်တော်လိုမျိုး လူကြီးမင်းကိုလေးစားရိုသေဖို့ လူကြီးမင်းအတွက် လိုမည်မဟုတ်ပါ။ ပတ်ဝန်းကျင်အသိုင်းအ၀န်းတွင် နေထိုင်သူများ ရိုသေ လေးစားရပေမည်။မုချဧကန် မြတ်အလ္လာဟ် လူကြီးမင်းကို ကောင်းမြတ်သည့် ဆုလာဒ်တော်ချီးမြှင့်မည်ဖြစ်ပါသည်။
* * * * *
အခြားစာတစ်စောင်
    လူငယ်လူရွယ်များ၏ လမ်းမှန်ကိုညွှန်ပြနိုင်ရန် မွန်မြတ်လှသည့် လူကြီးမင်း၏ ကြိုးပမ်းမှုကို စတင်ပြီးဖြစ်ရာ ကျေးဇူးတင်ဂုဏ်ယူပါတယ်။ သိထားပြီးသည့် အတိုင်းကျွန်တော် အတွက်ရှင်းလင်းပြီး ဖြစ်ပါတယ်။ မြောက် များစွာသော စာရေးဆရာများရေးသားမှုများ၊ ထုတ်ဝေပုံနှိပ်ပြီး (စာရေးဆရာ များဟု ဆိုလျှင်ပြောရပေမည်။)၏ ဆန့်ကျင်ဖက် လူကြီးမင်း၏ ရေးသားမှုများ သည် လူငယ်လူရွယ်များ၏ ကံကောင်းမှုအတွက် ကြီးကျယ်သည့်အရာ အသွင်ဆောင်နေပါတယ်။
    မည်သို့ဆိုစေ ကျွန်တော်ဟာ အသက် (၁၈) နှစ်အရွယ် တက္ကသိုလ် ကျောင်းသားဖြစ်ပါသည်။စာသင်ချိန်အစကတည်းမှစ၍ကျွန်တော်ဟာ ထူးချွန် သည့် ကျောင်းသားများစာရင်းဝင်ခဲ့ပါတယ်။
    သို့သော်လည်းပဲ ကျွန်တော်အရွယ်ရောက်ချိန် အချို့သီးသန့် အကြောင်းခံများကြောင့် ရှုပ်ထွေးပွေလီနေသည့် ကျော့ကွင်း၌မိသွားတော့ပါ တယ်။ ထို(ကျော့ကွင်းကို) လူကြီးမင်းကောင်းကောင်းသိပါသည် ခင်ဗျား။
    တနည်းဆိုလျှင် ဤအခက်အခဲသည် ကျွန်တော်တစ်ယောက်တည်း ရင်ဆိုင်နေရမည်မဟုတ်ပါ။ ကျွန်တော်ကဲ့သို့ အရွယ်တူအမြောက်အများသည် လည်းပဲ ဤအခက်အခဲတွင် နစ်မြှုပ်နေပါတယ်။
    အကြိမ်ပေါင်းများစွာဤလုပ်ရပ်အတွက်လောင်စာ(၀န်ချတောင်းပန်မှု)ကို ပြုခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်နေ့ထက်တစ်နေ့ ကျွန်တော်စိတ်ဟာ အားနည်းအားပျော့သထက် အားနည်းအားပျော့သွားပါတယ်။
    အခုကျွန်တော်အနေဖြင့် ကိုယ်တိုင်မိမိကိုယ်ခန္ဓာ၌ အကောင်းဆုံး တကာ့အကောင်းဆုံးအရာများ ဖြစ်ကြသည့် နှလုံး၊ ကျွန်တော်၏အကြော အချဉ်များတွင် ချွတ်ယွင်းမှုများရှိလာသည်ကို တွေ့ရပါသည်။
    ယုတ်စွအဆုံးကျွန်တော့်စိတ်ဆန္ဒခွန်အားသည်လည်းအတိုင်းထက်အလွန် ကုန်ခမ်းသွားပါတော့တယ်။
    ကျွန်တော့်ကိုယ်ကို အမြဲအထင်အမြင်သေးမှုကို ခံစားရပါတယ်။ ကျွန်တော် စကားပြောနည်းသွားပါတယ်။ အားကစားလည်းမလုပ်တော့ပါ။ ယုတ်စွအဆုံး ဆွေမျိုးသားချင်းများ၏ အိမ်များသို့လည်းသွား မလည်ဖြစ်တော့ ပါ။
    ကျွန်တော်ရဲ့အနာဂတ်ဟာ အရမ်းမကောင်းဘူးဆိုတာ ကျွန်တော် သိပါတယ်။ လိုအင်ဆန္ဒဆုံးဖြတ်မှုခွန်အားဟာ ဤမကောင်းသည့်အလုပ်ကို စွန့်လွှတ်ဖို့ ခက်ခဲသည်အထိ ကုန်ခမ်းသွားပါတယ်။
    ဒါဘာကြောင့်ဖြစ်နေရပါသလဲ ခင်ဗျား။?
    အကြောင်းကတော့ ကိုယ်လုံးတီး၊ နီးကပ်အမျိုးသမီးများ၏ဓာတ်ပုံ များကြောင့်ဖြစ်ပါတယ်။ကျွန်တော်နဲ့ရွယ်တူ လူငယ်အများစုကြည့်ကြပါတယ်။
    စက်ဆုတ်ဖွယ်ကောင်းသည့် အပြာကားများကြည့်တာ ကျွန်တော်တို့ အလုပ်ဖြစ်နေပါတယ်။ မကောင်းသည့်စာအုပ်တွေ လည်းကြေနည်းနည်းလေး ဖြင့် အမြောက်အများရပါတယ်။
    အလ္လာဟ်ဟိုအရှင်မြတ်ကျွန်တော်ကိုလမ်းညွှန်ပါခင်ဗျား။ဤကြောက်မက်၊ကြောက်လန့်ဖွယ်မကောင်းမှုမှ ချေမှုန်းပစ်စေနိုင်ရန် ဘာလုပ်ရမည်ဆို တာလည်းမိန့်ကြားပေးပါခင်ဗျား။
* * * * *
တတိယမြောက်စာ
    လူကြီးအနေဖြင့် လူငယ်လူရွယ်များ၏ အခြေအနေနှင့်ကျွန်တော် တို့၏ နှလုံးသားနှင့်ပတ်သက်ပြီးသိပါသလား?
    လူငယ်လူရွယ်တချို့ဟာ ကြီးမားစက်ဆုတ်ဖွယ် ဒုစရိုက်အပြစ်ကျူး ကျော်နေပြီး စာရိတ္တပျက်ပြားမှုများ နစ်မြှုပ်နေတာ လူကြီးမင်းသိပါသလား ခင်ဗျား။?
    ရက်အနည်းအငယ်အရင် ကျွန်တော်ရဲ့မြို့ရှိ စရ်ယာလမ်းပေါ်မှာ ဖြတ်လျှောက်ခဲ့ပါတယ်။ရုတ်တရက်ကျွန်တော်အနေဖြင့် ကိုယ်ခန္ဓာခံစားမှုမရှိ၊ မျက်စိကန်းနေသည့်(၂၅)နှစ်ခန့်အရွယ်လူငယ်တစ်ယောက်ကိုမြင်ခဲ့ရပါတယ်။ သူကိုသူရဲ့ညီကလက်တွဲထားပြီး လမ်းဖြတ်နေပါတယ်။
    ကျွန်တော်အနေဖြင့်ဆိုင်ကယ်ပေါ်မှဆင်းပြီး သူရဲ့ညီငယ်ကိုသိသည့် အတွက်သူနှင့်ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။
    သူ့အနေနှင့် ဒါကျွန်တော့်အစ်ကိုဟုပြောလေရာအံ့သြသွားရပါတယ်။ ကျွန်တော်လည်းခင်ဗျားအစ်ကို ဒါမျိုးဘာကြောင့်ဖြစ်သွားတာလဲဟုမေးမြန်းပါ တယ်။ အဖြေပေးပါတယ်။ အစ်ကိုအသက်(၂၀)အထိတော့မကောင်းတာဘာ မှမလုပ်ခဲ့ပါဘူး။ သို့သော်လည်းပဲ မကောင်းသည့်နည်းဖြင့် လိင်ကိစ္စကြောင့် နှစ်အနည်းငယ်အရင်အစ်ကို့မျက်လုံးတွေကန်းသွားခဲ့ရပါတယ်။ အခုထိလည်း အစ်ကိုက သူ့အကျင့်ဆိုးကို မဖျောက်သေးပါဘူး။
    လူကြီးမင်းအနေဖြင့် အမြန်ဆုံးဖြစ်နိုင်သမျှ လူငယ်လူရွယ်များကိုဤ ဆုံးရှုံးမှုဆိုးကျိုးမှုများမှ ကုသနိုင်မည့်နည်းလမ်းကို ညွှန်ကြားပေးပါခင်ဗျား။ ကျွန်တော့်တို့အနေဖြင့် ဤအညစ်အကြေးများမပေးရန် မည်သည့် အလုပ်ကို လုပ်ရမည်ဖြစ်ပါသနည်း?
* * * * *
    မြို့ပေါင်းစုံမှ လာသည့်စာများမှ ဤစာများသည် တစ်ချို့ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် စာရေးသူများ၏ အမည်အရင်းနှင့် အချို့အရေးမကြီး သည့် စာပိုဒ်များကို ဖြုတ်ပြီး လူကြီးမင်းစာရှုသူတို့အား အထက်၌တင်ပြ လိုက်ပါသည်။
    ဤစာများနှင့် ဤကဲ့သို့သော အခြားစာများသည် ကျွန်ုပ်လူငယ် လူရွယ်များ၏ အခြေအနေနှင့် အနာဂတ်အတွက် လက်တွေ့အမှတ်အသား များဖြစ်ပါသည်။
    သို့သော်လည်းပဲ လူငယ်လူရွယ်များအကြား သန့်ရှင်းသန့်စင်ပြီး မညစ်ပတ်သေးသော မည်သည့် မကောင်းမှုစာရိတ္တ ဖောက်ပြန်မှုကို မကျူး လွန်ခဲ့သည့်လူငယ်လူရွယ်များလည်း အမြောက်အများရှိသည်ကို ငြင်းမရချေ။ သို့သော်လည်း (မကောင်းမှုလိင်ကိစ္စ)အတွက် မြောက်များစွာသော လူငယ် လူရွယ်များ စတေးမှုများပေးခဲ့ရလေသည်။
    အကယ်၍ ကျွန်ုပ်တို့အနေဖြင့် လက်ပေါ်လက်တင်ပြီး ထိုင်၍ကြည့် နေမည်ဆိုလျှင် သန့်ပြန့်သူ လူကောင်းများလည်း ဤအညစ်အကြေးတွင် နစ်လာမည့်အချိန် မဝေးတော့ချေ။ နစ်နာသူများအားလုံး ခြုံငုံ၍ ဆိုရလျှင် လက်လွတ်လိုက်ရပေလိမ့်မည်။ သို့မဟုတ် အခြားစတေးမှုများကို ပေးရပေ လိမ့်မည်။
    ဤနည်းဖြင့် မတတ်နိုင်သူများ၊ သနားကြင်နာဖို့ထိုက်သူများ၊ ရှုံးခဲ့သူ များ၊ ဆင်းရဲသားများသည်လည်း ရာဇ၀တ်သားအဖြစ် ဘ၀သို့ ရောက်သွားရ လေမည်။
    လူငယ်လူရွယ်များအနေဖြင့်ဤအဖြစ်ဆိုးမှ လွတ်မြောက်ရန်အတွက် လိုလားပါကဖြစ်နိုင်ကြောင်း ကျွန်တော်မျှော်လင့်ထားပါသည်။ ပြီးနောက် သန့် ပြန့်သန့်ရှင်းသူများအနေဖြင့်လည်း သတိဂရုပြုခြင်းဖြင့် မိမိကိုယ်ကို မကောင်း သည့်နည်းဖြင့် ဖြည့်ဆီးသည့် လိင်ကိစ္စအမျိုးမျိုးမှ ထိန်းသိမ်းစောင့်ရှောက်နိုင် ပေသည်။
    ကျွန်ုပ်တို့၏ နှလုံးသားများသည် ဤစတေးခံရသူများ၏တိုင်တည် သံကြောင့် တုန်လှုပ်ခဲ့ရပါသည်။ ၄င်းတို့၏ရေးသားမှု၏ ကလောင်ထိပ်ဖျား သည်ငိုကြွေးခဲ့ပြီး ကူညီရန် တောင်းဆိုပေသည်။
    ဤအတွက်မနုဿလူသားတိုင်း၏ နှလုံးသားတွင် ဒဏ်ရာဒဏ်ချက် တစ်ခုအသွင်ကိုဆောင်စေပေသည်။
    ကျွန်တော်တို့ခေတ်ကာလ၏ ကံဆိုးမိုးမှောင်မှုမှာ ယနေ့မှားယွင်း လွဲမှားနေသည့်သွန်သင်မှုအနေဖြင့် စာရိတ္တကိုပျက်ပြားမှုဖြင့် ပြည့်လျှံနေသည့် စာအုပ်စာပေညစ်များ၊ အပြာရုပ်ရှင်များ၊ တဏှာ၊ ရာဂ ကိုထစေသည့်ဓာတ်ပုံ များ ဤကဲ့သို့သောအရာများဖြင့် လူငယ်လူရွယ်တို့၏ လိင်ကိစ္စကို ပိုမို၍ အန္တရာယ်ရှိသည့် အဆင့်သို့ ပို့ဆောင်ခဲ့လေပြီ။
    လွတ်လပ်မှုဆိုသည့် အမည်ကိုအလွဲသုံးစားပြုကြပြီး၍ (လိင်ဖောက် ပြန်ရေးကိစ္စ) ကိုပိုမို၍ အများဆုံးအဆင့်အထိ ပို့ခဲ့ကြလေသည်။
    အကယ်၍ ဤမကောင်းမှုအား အခြေခံကျကျတော်လှန်မှု မပြုခဲ့မည် ဆိုလျှင် မုချဧကန်မလွှဲ လူငယ်လူရွယ်များကို အနာဂတ်တွင် (ကံဆိုးမိုးမှောင် ကျမှု) နှင့် သေတွင်းသို့ကျမှုကို ရင်ဆိုင်ရပေလိမ့်မည်ဖြစ်ပါသည်။
    သို့သော်လည်းပဲ ကျွန်ုပ်အနေဖြင့် မြောက်များစွာသော အထက်ပါ စာများ၌ဖော်ပြထားသည့်အတိုင်း လူငယ်များကို ဤလမ်းစဉ်တွင် စတေးခံခဲ့ ကြသူများဟု ထင်ထားကြလေသည်။ (အမှန်တကယ် ဤအရာများကို ယခု စတေးခံခဲ့မှုဟု ပြောမရသေးချေ။) ပြီးနောက်ထို့ပြင် အခြားနမူနာများကိုလည်း အနည်းနှင့် အများဆိုသလို စာရှုသူချစ်ပရိသတ်ကြီး အနေဖြင့် တွေ့ခဲ့ပြီးဖြစ် ပေသည်။
    ဤမြင်တွေ့ရမှုသည် ဆရာသမားတစ်ဦးပမာ မြောက်များစွာသော အရာများကို အားလုံးကို သင်ကြားပို့ချပေးနိုင်လေသည်။
    သို့သော် ….. ဤခေါင်းစဉ်အကြောင်းအရာနှင့်စပ်လျဉ်းပြီးအရေးကြီး သည့်အတွက်ကြောင့် တင်ပြဆွေးနွေးရန်၊ စကားဆိုရန် လိုအပ်ပေသည်။ လူငယ်လူရွယ်တို့၏ ဘ၀ခရီးလမ်းရှိဆူးငြောင့် ခလုတ်များကိုသူတို့လေးတွေ အားလုံးသိလာအောင် သတိပေးပြီး၊ ဖြေရှင်းနိုင်မည့်လမ်းကို ရှင်းလင်းတင်ပြ ရပေမည်။
    ကျွန်ုပ်အနေဖြင့် လူကြီးမင်းစာဖတ်ပရိတ်သတ်အားလုံးနှင့်မိတ်ဆွေ သင်္ဂဟများကို ဤကိစ္စ၊ ဆွေးနွေးမှုနှင့် နွယ်ပြီး အတိအကျအသေးစိတ် လေ့လာပေးရန် ဖိတ်ခေါ်အပ်ပါသည်။
    အကယ်၍ မိမိတို့၏ နှလုံးသားကို ကျွန်ုပ်တို့ကိုပေးမည်၊ ကျွန်ုပ်တို့ ပေးသမျှ(လမ်းညွှန်မှု) များကို အသင်တို့အနေဖြင့် လက်တွေ့ကျင့်သုံးမည်ဆို လျှင် အန္တရာယ်မျိုးစုံမှ လုံးဝကင်းလွတ်ခွင့်ရလိမ့် မည်ဖြစ်ကြောင်း စိတ်ချစေ လိုပါသည်။
* * * * *