အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္လာနေ့

၉ ဇူလိုင် ၂၀၁၈

၁၁:၁၆:၃၁
901058

ပါကစ္စတန်နိုင်ငံ တွင် စင်ဒီဘာသာဖြင့် (( စဟီးဖဟ်ဟေစဂျာဒီယာ )) ပုံနှိပ် ထုတ်ဝေ

အေမာမ်စဂျာဒ် (အ.စ) ၏ ဒိုအာပေါင်းချုပ်ကျမ်း (( စဟီးဖဟ်ဟေစဂျာဒီယာ )) အား ပါကစ္စတန် နိုင်ငံ ဟိုင်ဒဲရ် အာဗါဒ်မြို့ ရှိ Iranian Culture House ၏ အကူအညီ အထောက်အပံ့ဖြင့် စင်ဒီဘာသာဖြင့် ပုံနှိပ် ထုတ်ဝေ ခဲ့ကြောင်း သိရှိရပါတယ်။


အေက်နာသတင်းဌာန၏ သတင်းအထောက်အထားအရ အေမာမ်စဂျာဒ် (အ.စ) ၏ ဒိုအာပေါင်းချုပ်ကျမ်း  (( စဟီးဖဟ်ဟေစဂျာဒီယာ )) အား ပါကစ္စတန် နိုင်ငံ ဟိုင်ဒဲရ် အာဗါဒ်မြို့ ရှိ Iranian Culture House ၏ အကူအညီ အထောက်အပံ့ဖြင့် စင်ဒီဘာသာဖြင့်အစ္စဂဲရ်ရီယာ ပုံနှိပ်တိုက်မှ စင်ဒီဘာသာဖြင့်  ပုံနှိပ် ထုတ်ဝေ ခဲ့ကြောင်း သိရှိရပါတယ်။

အေမာမ်စဂျာဒ် (အ.စ) ၏ ဒိုအာပေါင်း ချုပ်ကျမ်း  (( စဟီးဖဟ်ဟေစဂျာဒီယာ )) အား ရှင်းရှင်းလင်းလင်းစင်ဒီဘာသာစကားဖြင့် စင်ဒီတက္ကသိုလ်ကျောင်းသား  မွရှ်သာက်မစ်ရူဘာရီကျု မှ ဘာသာ ပြန်ထားခြင်းဖြစ်ပြီး အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ချစ်သူများ အသုံးပြုနိုင်ရန် ဖြန့်ချိ လိုက်ပြီး ဖြစ်ပါတယ်။

သတင်းအထောက်အထားများအရ ဒိုအာ များသည် အရဘီ စာသားများ နှင့်အတူ စင်ဒီ ဘာသာပြန် ပါဝင်ပြီး စာမျက်နှာ ပေါင်း ၄၃၈ မျက်နှာ ရှိပြီး အုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ခြင်း ဖြစ်ပါတယ်။

=========================

251 / End