အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၆ အောက်တိုဘာ ၂၀၁၈

၁၈:၅၂:၄၁
911843

အေမာမ်ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေ နှင့် ပြုထားသည့် သက်စ်ဘီ ၏ ကြီးကျယ်မြင့်မြတ်မှု

( (အေမာမ်ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေ) ၏ ကြီး ကျယ် မြင့်မြတ်မှု မှာဤသို့ ဖြစ်လေ၏။ ဤမြေနှင့်ပြုလုပ်ထားသည် သက်စ်ဘီ အားလက်တွင်ယူ၍ စိတ်နေမည်ဆိုလျှင် ၎င်း၏ စဝါးဗ် သည် သက်စ်ဘီ နှင့် ဇေက်ရ်၏ စဝါးဗ် ကိုရရှိမည် ဖြစ်ပါ သည်။ အကယ်၍ မည်သည့် ဒိုအာပင် မဖတ်ရွတ်ခြင်းနေ ပါစေ။ )

 

) مِنْ فَضْلِه اٴَنَّ الرَّجُلَ یَنْسیٰ التَّسْبیحَ وَیُدِیرُ السُّبْحَةَ فَیُكْتَبُ لَهُ التَّسْبِیحُ(

 

စကားပြေအဓိပ္ပာယ်

     ( (အေမာမ်ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေ) ၏ ကြီး ကျယ် မြင့်မြတ်မှု မှာဤသို့ ဖြစ်လေ၏။ ဤမြေနှင့်ပြုလုပ်ထားသည် သက်စ်ဘီ အားလက်တွင်ယူ၍ စိတ်နေမည်ဆိုလျှင် ၎င်း၏ စဝါးဗ် သည် သက်စ်ဘီ နှင့် ဇေက်ရ်၏ စဝါးဗ် ကိုရရှိမည် ဖြစ်ပါ သည်။ အကယ်၍ မည်သည့် ဒိုအာပင် မဖတ်ရွတ်ခြင်းနေ ပါစေ။ )[1]

 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ် အဗ်နာ) သတင်းဌာန

 

     ဤ ဟဒီးစ်တော်သည် မိုဟမ္မဒ် ဗင် အဗ်ဒိုလ္လာဟ် ဟိုမိုင်ရီ၏ မေးခွန်း များကို အေမာမ် မဲဟ်ဒီ (4) သခင်ဖြေထား သည့် အဖြေမှတစ်စိတ်တစ်ဒေသဖြစ်ပါသည်။၎င်းအနေဖြင့်အေမာမ်ဇမာန်း (အ.ဂျ) မေးလျှောက်ထားသည်မှာ - အေမာမ် ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေနှင့် သက်စ်ဘီ ပြုလုပ်လို့ ရပါသလား ? ၎င်းသက်စ်ဘီတွင် ကြီးကျယ်မြင့်မြတ်မှု တစ်ခုခုကော် ရှိပါ သလား ?

     အေမာမ်ဇမာန်း (အ.ဂျ) အနေဖြင့် မေးခွန်း အတွက် အဖြေ၏ အစပထမပိုင်းမိန့်ကြားတော်မူသည်။

 

     ( မိမိ၏သက်စ်ဘီကို အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ်မြေနှင့် ပြုလုပ်ပါလေ။ ၎င်းသက်စ်ဘီဖြင့် အလ္လာဟ်ဟို အရှင်မြတ် သခင် အားတမ်းတ သတိရပါလေ။ အကြောင်းသည်ကား သက်စ်ဘီ လုပ်ရန် အတွက် အေမာမ် ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေ ထက် ကောင်း သည်အရာ မည်သည်အရာမျှ မရှိချေ။ ဤ မြေ ၏ ကြီးကျယ် မြင့်မြတ် မှုများမှ တစ်ခုမှာ ဤသို့ဖြစ်လေ၏။ အကယ် ၍ အကြင် မည်သူမဆို ဇေက်ရ်ဖတ်ရန်မေ့သွားမည်၊ (ဤ) မြေ၏ သက်စ်ဘီ ကိုသာလျှင် မိမိလက်နှင့် စိတ်နေမည် (လှည့်နေမည်) ဆိုလျှင်လည်း ၎င်းအတွက် သက်စ်ဘီ နှင့်ဇေက်ရ်ဖတ် သည့် စဝါးဗ် ရေးမှတ်ပေးလေသည်။ )

    

     အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ်မြေနှင့် ပြုလုပ်ထား သည် သက်စ်ဘီ ၏ ကြီးကျယ်မြင့်မျှုနှင့် စပ်လျဉ်းပြီးတိုက်သင့်သည့် ပွိုင့် နှစ်ခုဘက်သို့ မီးမောင်းထိုးပြပါမည်။

 

၁။အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ်မြေ သည်အလ္လာဟ်ဟို အရှင် မြတ် အနေဖြင့် မိုဘာရတ်က်(မင်္ဂလာ) ရှိသည့်မြေအဖြစ် သတ် မှတ် ထားသည့် မြေများမှ တစ်ခု ဖြစ်ပါသည်။ အကြောင်း မှာ - ဤ မြေကြီး၏ တစ်စိတ်တစ်နေရာတွင် ဟဇရသ် ဆရက်ဒ်ဒိုရှှ်ို ဟဒါဟ် (အ.စ) ၏ သန့်စင်သန့်ပြန့် မွန်မြတ်လှသည့် ကိုယ်ခနာ အားမြုပ်နှံထား သည့်အတွက် ကြောင့် ဖြစ်ပါသည်။ အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ်မြေနှင့် ပြုလုပ်ထား သည် သက်စ်ဘီ ၏ မွတ်စ်သဟဗ် ဖြစ်သည့် ကြီးမားသည့် ရည်ရွယ်ချက်များမှ တစ်ခု မှာ - သက်စ်ဘီစိတ်သူ အကြင်သူ တစ်ဦးတစ်ယောက်သည် အေမာမ် ဟိုစိုင်း (အ.စ) ၏ကဗဲရ်မြေနှင့် ပြုလုပ်ထား သည် သက်စ်ဘီ ကိုလက်တွင် ကိုင်ထားချိန်အလ္လာဟ်ဟို အရှင်မြတ် သခင်၏ ရှေ့တော်ဝယ် အေမာမ် ဟိုစိုင်း (အ.စ) ၏ စတေးမှု ၊ ကုရ်ဗနီပေးမှု ကို သတိရစေပါသည်။ ပြီးနောက်ဤကဲ့သို့ လူသား တစ်ဦး သည် ယုံကြည်ချက်နှင့် မြတ်အလ္လာဟ်လမ်း အတွက် စတေး ခဲ့မှုနှင့် ဇွာလင်မ် များ နှင့် ရင်ဆိုင်တိုက်ပွဲ ဝင်ခဲ့မှုကို ပါသိစေပါသည်။ မနုဿ လူသားသည် ဤလို အခြေအနေတွင် သန့်ရှင်း၊သန့်စင်၊သန့်ပြန့်သည့်ူဟ် (ဝိဥာည်)များကို တမ်းတ သတိရ လေ၏။ (ထိုသန့်ရှင်း၊ သန့်စင်၊ သန့်ပြန့် သည့်ူဟ် (ဝိညာဉ်) ) များသည် တကယ့်ချစ်မြတ်နိုးရသူ၏ လမ်း တွင် မိမိ၏ အသက်ကို စတေးခဲ့ပါသည်။မြတ်အလ္လာဟ်ဘက်သို့ ကွရောက် သွား ပြီး ဖြစ်ပါသည်။ ဤအခြေအနေတွင် မနုဿ လူသား အတွက် ကျိုးနွံ နှိမ့်ချမှု ကို ဖြစ်ပေါ်စေပါသည်ပြီးနောက် ၎င်း၏ အမြင်တွင် လောကကြီး နှင့်လောကအတွင်းရှိသမျှ သည် သေး ငယ်သွားလေ၏။ (အထင်ကြီး ၊ စွဲမက်စရာ မရှိ ချေတော့ ချေ။) ပြီးနောက် ၎င်း၏ နဖ်စ် အတွင်း အေရ်ဖန်နီအခြေအနေ နှင့် နမ်ပိုင်းဆိုင်ရာ အထူးသီးသန့် အခြေအနေကို ဖြစ်စေ ပါသည်။ ဤအခြေအနေသည် အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ်တော် မြေ နှင့် သဝစိုလ် ကြောင့် ဖြစ်ပါ သည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ဟဒီးစ် တော်များ တွင် ဖတ်ရသည်မှာ - အေမာမ် ဟိုစိုင်း (အ.စ) ၏ကဗဲရ်တော် မြေ အပေါ် (အလ္လာဟ်အတွက် ) စဂ်ျဒဟ် ပြုခြင်း ဖြင့် အကွယ် ၇လွှာ ဖယ်သွားလေ၏။

 

၂။ အေမာမ် ဟိုစိုင်း (အ.စ) ၏ကဗဲရ်တော် မြေ နှင့် ပြုလုပ် ထား သည့် သက်စ်ဘီ ၏ အကျိုးအာနိသင်များ မှ တစ်ခု မှာ - (အဲဟ် လေ့ဘိုက် (အ.စ) အနေဖြင့်လည်း အမြဲ လူထုကို မိန့် ကြား ပါသည်။ ) အေမာမ် ဟိုစိုင်း (အ.စ) ၏ မဇွာလူးမီယသ် ( မတရား၊ ရက်စက်ယုတ်မာ ၊ ညင်းပန်း၊သတ်ဖြတ်ခံရမှု ) လူထုအား သိ အောင် ပြုလုပ်ခြင်း ဖြသစ်ပါသည်။ အကြောင်းမှာ - နမာဇ် အမြဲ ဝတ်ပြု သူသည် နမာဇ် တိုင်း အေမာမ် ဟိုစိုင်း (အ.စ) ၏ ကဗဲရ် တော် မြေ နှင့် ပြုလုပ်ထားသည့် သက်စ်ဘီ ကို အသုံးပြုချိန် ၎င်းအနေဖြင့် ကိုယ်တော် အေမာမ် ဟိုစိုင်း(အ.စ) ကဗဲရ်တော် ၏ မြေ ကိုမြင်ရချိန်တွင် အေမာမ်ဟိုစိုင်း (အ.စ) ၊ကိုယ်တော် ၏ သာဝကတော်များ ၊ ကိုယ်တော်၏ အိမ်တော်သူ ၊အိမ်တော်                           သားများ ကုရ်ဗနီပေးမှု ၊ စတေးခံခဲ့ပုံကို တမ်းတပေမည်။ သိရှိကြသည်မှာ လည်း - ဤကဲ့သို့သော် စံနမူနာများကို တမ်း တာခြင်းသည် စိတ်ပညာအရ မနုဿလူသား၏ နဖ်စ် အတွင်း အံ့သြဖွယ် သွန်သင်ဆုံးမမှု၏အာနိသင် ၊ နာမ်ပိုင်းဆိုင်ရာ အာနိ သင် ကိုဖြစ်ပေါ်စေပါသည်။ မနုဿလူသားကို ဟိုစိုင်းနီ (အေမာမ် ဟိုစိုင်း (အ.စ) နောက်လိုက်သူအစစ် ) ဖြစ်စေပါသည်။ လူသား၏ တည်ရှိနေမှု တွင် ဟိုစိုင်းနီတော်လှန် ၏ ဝိညာဉ် နှင့် သွေးများလှုပ်ရှား လာပေသည်။

 

[1] احتجاج، ج2، ص 312، بحار الانوار، ج53، ص165، ح4

=====================

251 /END