အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၅ ဒီဇင်ဘာ ၂၀၁၈

၁၃:၁၄:၅၈
919432

အလ်လေ့ဘိုက်(အ.စ) ဆိုင်ရာ စွန္နီ အာလင်မ်ကြီး ၏ ဟဒီးစ်တော် အပါး ၆၀

စွန္နီ အကျော်အမော် သာသနာ့ ပညာရှင် အလာမာ ရှိက်ခ် ဂျလာလွဒ်ဒီးန် စူယူသီ (၈၄၉ - ၉၁၁ ဟီဂျရီ) ရေးစားသီးကုံးထားသည့် ( احیاء المیت بفضائل اهل بیت ع ) ကျမ်းတော်မှ အလ်လေ့ဘိုက်(အ.စ) ဆိုင်ရာ ကြီးကျယ် မြင့်မြတ် သည့် ဟဒီးစ်တော် အပါး ၆၀ ကိုအဗ်နာ ပရိသတ်အတွက် ဖော်ပြလိုက်ပါတယ်။

 

ဟဒီး(စ်)တော် တစ် (၁)

 

တမန်တော်မြတ်ကြီး(ဆွ) ၏ ဆွေမျိုး ညာတိ အနွယ်တော်မွန် များနှင့် အချစ်မေတ္တာ ထားခြင်း သာလျှင် တမန်တော်မြတ်ကြီး မိုဟာမ္မဒ်(ဆွ)၏ ကျေးဇူး တော်များကို ဆပ်ခြင်းဖြစ်ပေသည်။

စအီး(ဒ)ဘင်မန်းသူ(ရ)သည် မိမိစာအုပ် (စနန်း(န))၌ စအီး(ဒ) ဘင်ဂျဘီး(ရ) ထံမှတဆင့်ရေးသားထား တော်မူသည်မှာ အာယတ်သေမိုဝါ သတ်(သ)တော် (၄၂း ၂၃ )

(قللااسئلکمعلیهاجراالاالمودةفیالقربی )

အဓိပ္ပာယ် - (အိုတမန်တော်) အသင်ပြောကြားပါလေ! အကျွနှ်ပ်သည် ဒီ (အာရဘီစာ) [သာသနာ့အခကြေးငွေ] (အသင်တို့အပေါ်ဝယ် ပြုထားသော ကျေးဇူးတော်များ) အတွက် အကျွန်ုပ်၏ အနွယ်တော်မွန် အဟ်လေ့ဘိုက်(အ.စ) နှင့် အချစ် မေတ္တာထားခြင်းမှအပ ဘာမှမလိုအပ်ပေ။ ၏ သဖ်စီး(အကျယ် ဖွင့်ကျမ်း) ၌ တင်ပြရေးသားထားပါသည်။ (အာရဘီစာ) အလ်ကုရ်ဘာ ဆိုသည်မှာ တမန်တော်မြတ် ကြီး(ဆွ) ၏ ဆွေမျိုး ညာတိအနွယ်တော်မွန် များဖြစ်ချေသည်။

 

 

ဟဒီး(စ်)တော်နှစ် (၂)

 

တမန်တော်မြတ်ကြီး(ဆွ) ၏ ဆွေမျိုးညာတိ အနွယ်တော်မွန် များသည် အဘယ်သူများဖြစ်ကြကုန်သနည်း?

အစ်(ပ)နေမွန်ဇွန်(ရ)နှင့် အစ်(ပ)နေဟာ သင်း(မ)ထိုနောက်အစ်(ပ)နေမာရ်သ၀ိုင်း(ဟ)တို့အနေဖြင့် မိမိတို့၏ သဖ်စီး(အကျယ်ဖွင့်ကျမ်း) များ၌တင်ပြရေးသားထား သည်။ ထိုအတူသက်(ပ)ရနီးအနေဖြင့် မိမိ၏စာအုပ် “အလ်မိုအ်ဂျ မွလ်ကဘီး(ရ)”၌ဂျနာပေအစ်(ပ) နေအဘာစ်(ရ.သွ) သခင်ထံမှ တဆင့်ရေးသားထားပေသည်။

အာယတ်တော် (قللااسئلکمعلیهاجراالاالمودةفیالقربی )) ကျမြန်း လာသည့် အခါ လူထု အနေဖြင့် တမန်တော်မြတ်ကြီး (ဆွ) ထံမေးမြန်းလျှောက်ထားကြပေသည်။ “အိုတမန် တော်မြတ် အလ္လာဟ်၏ရစူလ်(ဆွ) သခင်ကြီး၏ ထိုဆွေမျိုး ညာတိ အနွယ် တော်မွန်များသည် အဘယ် သူများဖြစ်ကြပါ သနည်း? ကျွန်တော် မျိုးတို့အပေါ်၌ ၄င်းတို့ အားချစ်မြတ်နိုး၊ မေတ္တာထားရန် မပြုမနေရ၊ တာဝန် ပေးထား ပါသည်။

ထိုအချိန်၌ တမန်တော်မြတ်ကြီး(ဆွ)အနေ ဖြင့် မိန့်ကြားတော်မူသည်။ထိုဆွေမျိုးညာတိအနွယ်တော်မွန် များသည် အလီ(အ.စ) ဖွာသေမာ(အ.စ) နှင့် ၄င်းတို့နှစ်ဦး ၏ သားတော်နှစ်ပါး။ အေမမ်ဟစန်(အ.စ) နှင့် အေမမ်ဟိုစိုင်း(အ.စ) ဖြစ်ချေသည်။

 

 

ဟဒီး(စ်)တော် သုံး (၃)

 

ဟဆန်န(ဟ) ဆိုသည်မှာ အာလေ မိုဟာမ္မဒ်(ဆွ) နှင့် အချစ်မေတ္တာထားခြင်းကို ဆိုလိုပါသည်။

အစ်(ပ)နေအဘီးဟာသင်း(မ)အနေဖြင့် မိမိ၏သဖ်စီး (အကျယ်ဖွင့် ကျမ်း၌ ဂျနာပေအစ်(ပ)နေ အဘာစ်(ရ.သွေ) သခင်မှတဆင့်ရေးသားထားပေသည်။

အာယတ်တော် (၄၂း၂၃) (قللااسئلکمعلیهاجراالاالمودةفیالقربی )

အဓိပ္ပာယ် - အကြင်မည်သူမဆို “နေကီး”ကောင်းမှုကုသိုလ် တစ်ခုလုပ်မည်ဆိုလျှင် အကျွန်ုပ်“အလ္လာဟ်”အနေဖြင့် ၄င်း၏ “နေကီး”ကောင်းမှု့ ကုသိုလ်အားအဆပွား အဆတိုးပေမည်။ အာယတ်တော်၌ ပါသော စာလုံး (အာရဘီစာ) (ဟဆန်န(ဟ)) ဆိုသည်မှာ အာလေမိုဟာမ္မဒ်(ဆွ) နှင့် အချစ်မေတ္တာထားခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

 

 

ဟဒီး(စ်)တော် လေး (၄)

 

အီမာန်၏ အခြေခံ အုတ်မြစ်သည်းကာ၊ အာလေမိုဟာမ္မဒ် )(ဆွ) အားအချစ်မေတ္တာ ထားခြင်းသာ ဖြစ်ပေသည်။

အဟ်မတ်(သ)အနေဖြင့် သေ(ရ)မီးဇီးကျမ်း (မှန်ကန်သော ကျမ်းကြီးခြောက်ကျမ်း အနက်မှ တစ်ကျမ်း (အလ်လေစွန်နတ်အမြင်၌))တွင် နဇအီးနှင့်ဟာကင်း(မ်) တို့အနေဖြင့် မတ်(သ)လိုဘင် ရဘီးအ(ဟ)(ရ.သွ) ထံမှ တဆင့် တင်ပြရေးသားထားသည်မှာ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြား တော်မူသည်မှာ “အလ္လာဟ်အရှင်မြတ်၏ ကစမ်(မ)မည်သည် မွစ်(စ)လင်အမျိုးသား (အမျိုးသမီး) ၏ နှလုံးသားအတွင်း၌ အလ္လာဟ်ဟိုအရှင်မြတ်၏ လိုလားနှစ်မျို့မှု့ကို ရှေ့တန်း မတင်မခြင်း ထိုနောက်အကျွန်ုပ်၏ ဆွေမျိုးညာတိ အနွယ်တော် မွန်များနှင့် အချစ်မေတ္တာ မထားမခြင်း စစ်မှန်သော အီမာန် မခိုလုံ နိုင်ချေ။”

 

 

ဟဒီး(စ်) တော် ငါး (၅)

 

အဟ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်၍ခိုဒါ ထံ၌ (အမေးအမြန်း) ခံရပေမည်။ သတိ၊ ထားကြကုန်လော့!

မွစ်(စ)လင်၊ သေ(ရ)မီးဇီး၊ နဇအီးတို့အနေ ဖြင့် ဇိုက်သင်အရ်ကမ်း(မ) (ရ.သွေ) ထံမှတဆင့်ရေးသား တင်ပြထားပါသည်။ တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော် မူသည်မှာ - “အိုအကျွန်ုပ်အွန်မသ်(နောက်လိုက်နောက်သား) အပေါင်းတို့ အကျွန်ုပ်အနေဖြင့် မိမိ၏အလ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်ပြီး အလ္လာဟ်ရှင်မြတ်ထံတော်၌ (အမေးအမြန်း) ခံရမည် ဖြစ်ကြောင်း သတိပေးနှိုးဆော် လိုပါသည်။ (အလ်လေ့ဘိုက်(အ.စ)အပေါ် အထူးသတိရှိရှိ ဆက်ဆံပါလေ။ အကြောင်းသည်ကား အကျွန်ုပ်အနေဖြင့် ကယာမတ် (ကမ္ဘာ့တရားစီရင်မည့်) နေ့၌ အသင်တို့အား အဟ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်ပြီး မေးမြန်းပါမည်။ အကယ်၍ အသင်တို့အနေဖြင့် ၄င်းတို့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မည်ဆိုလျှင် အလ္လာဟ်ဟိုအရှင် မြတ်၏ ရဟ်မတ်(သ) တော်( ဂရုဏာလွှတ်ငြိမ်းချမ်းသာခွင့်) အသင့်တို့အတွက် ဖြစ်ပေလိုက်မည်။ ထိုနောက်အကယ်၍ အသင့်တို့ အနေဖြင့် ၄င်းတို့အပေါ် ရက်စက်၊ ယုတ်မာ ကောက်ကျစ်စဉ်းလဲမည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်၏ အဇါ(က) ငရဲများ (အပြစ်ဒဏ်များ) အသင့်တို့ အတွက်ဖြစ် ပေလိုက်မည်။”

“မြန်မာပြန်ဆိုသူ”အထက်ပါဟဒီး(စ်) တော်အရ ယနေ့ မျက်မှောက်ခေတ်ကာလ၌ တမန်တော်မြတ်(ဆွ) နှင့် အလ်လေ့ဘိုက်(အ.စ) ၏ စစ်မှန်သော ဘ၀တည်ဆောက်မှုများ ဟဒီး(စ်)တော်များကို လိုက်နာကျင့်သုံးခြင်း စသည့်ဖြင့် လည်းပါဝင်စေသည်။

 

 

ဟဒီး(စ်)တော် ခြောက် (၆)

 

ကျမ်းတော်မြတ် ကုန်အာန် နှင့် အလ်လေ့ ဘိုက်(အ.စ)ကို မြဲမြန်စွာ၊ ခိုင်ခံစွာ လက်ကိုင်ထားဖို့ အရေးကြီးပေသည်။

သေ(ရ)ရာမီးဇီး၊တွစ်နေစနဒ်နှင့်(တကွ) (မှန်ကန်မူရာခိုင်နှုန်းများသောဟဒီး(စ်))နောက် ဟာကင်း(မ်)တို့ အနေဖြင့် ဇိုင်ဘင်အရမ်ကမ်း(မ)(ရ.သွေ) ထံမှတဆင့်ရေးသား တင်ပြထားပေသည်။ “အို! မနုဿလူသားအပေါင်းတို့ အကျွန်ုပ် အနေဖြင့် အသင့်တို့၏အကြား၌ ထိုအရာနှစ်ခုကိုထားပေးခဲ့ မည်။ အကယ်၍ အသင်တို့အနေဖြင့် ထိုအရာနှစ်ခုကို လက်ပူး လက်ကျပ်မြဲမြံစွာ ခိုင်ခံစွာ လက်ကိုင်ခဲ့မည်ဆိုလျှင် အကျွန်ုပ်မရှိ သည့်နောက်ပိုင်း(၀ဖာသ်ဖြစ်ပြီး) လမ်းလွှဲ လမ်းမှား၊ လမ်းချော် မည်မဟုတ်ပေ။ ထိုအရာနှစ်ခုသည်ကား အလ္လာဟ်အရှင်မြတ် ကျမ်းစာအုပ်၊ ကျမ်းမြတ်ကုန်အာန် နှင့် အကျွန်ုပ်၏ဆွေမျိုးညာတိ အနွယ်တော်မွန်အလ်လေ့ဘိုက်(အ.စ) ဖြစ်ပါသည်။ ထိုနောက် ရှုစားကြပါလေ။ ဒီအရာနှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု လုံးဝလုံးဝ - ဥဿုံကွဲကွာသွားမည်မဟုတ်ပေ။ ဒီလိုအချိန်အထိ (ကွဲကွာမည်မဟုတ်ပေ) အကျွန်ုပ်ထံဟောင်စေကောင်စဲရ် အထိရောက်မြန်းလာကြပေမည်။ (ဒီအတွက်ကြောင့် ကောင်း ကောင်းမွန်မွန် သေသေချာချာ သတိထား၊ ဂရုပြုနားလည်ကြ ကုန်လော့!) အသင်တို့အနေဖြင့် အကျွန်ုပ် (၀ဖာသ်) ဖြစ်ပြီး နောက် ထိုအရာနှစ်ခုနှင့် ပတ်သက်ပြီး ဘယ်လမ်းစဉ် ရွေးချယ်ခဲ့ သနည်း? နောက်ပြီး ဘယ်လို ဆက်ဆံခဲ့ကြသနည်း? ဟုမေးမြန်း ခံရပေမည်။”

 

 

ဟဒီး(စ်)တော် ခုနှစ် (၇)

 

ကျမ်းတော်မြတ်ကုန်အာန်နှင့် အဟ်လေ့ ဘိုက်(အ.စ)တို့သည် ဟောင်စေကောင်စဲရ်အထိ (အပြန်အလှန်) တစ်ခုနှင့် တစ်ခု ကွဲကွာ မည် မဟုတ်ချေ။

အပ်(သ)ဘင်ဟမီး(သ)အနေဖြင့် မိမိ၏ စာအုပ် မွစ်နက်(သ)၌ဇိုင်ဘင်စာဘစ်(သ)(ရ.သွေ)ထံမှ တဆင့် တင်ပြရေးသားထားသည်။ ရစူလ်လေအကာရမ်(ဆွ) မိန့်ကြား တော်မူသည်မှာ “အိုမနုဿလူထုအပေါင်း တို့ အကျွန်ုပ်အနေဖြင့် အသင့်တို့အကြား၌ ထိုအရာနှစ်ခုကို ထားပေးခဲ့မည်။ အကယ်၍ အသင်တို့အနေဖြင့် ထိုအရာနှစ်ခုကို လက်ပူးလက်ကျပ် မြဲမြံ စွာ ခိုင်ခံ့စွာ လက်ကိုင်ခဲ့မည်ဆိုလျှင် အကျွန်ုပ်၏ (၀ဖသ်ဖြစ်ပြီး) နောက်ပိုင်း၌ လမ်းလွှဲ လမ်းမှား၊ လမ်းချော် မည်မဟုတ်ပေ။ ပြီးနောက် ထိုအရာနှစ်ခုသည် အလ္လာဟ၏ (ကျမ်းတော်မြတ်ကုန်အာန်) နှင့် အကျွန်ုပ်၏ဆွေမျိုးညာတိ အနွယ်တော်မွန် အလ်လေ့ဘိုက်(အ.စ) ဖြစ်ပါသည်။ ထိုနောက် ဒီအရာနှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု လုံးဝလုံးဝ - ဥဿုံကွဲကွာသွားမည်မဟုတ်ပေ။ ဒီလိုအချိန်အထိ (ကွဲကွာမည်မဟုတ်ပေ) အကျွန်ုပ်ထံဟောင်စေကောင်စဲရ် အထိရောက်မြန်းလာကြပေမည်။ ”

 

 

ဟဒီး(စ်)တော် ရှစ် (၈)

ဟဒီး(စ်) စေ စကာလှိုင်း(န)တော်(အဖိုးမဖြတ်နိုင်သော တန်ဖိုးကြီးမားလှသော အရာနှစ်ခု)

 

 

အဟ်မဒ်နှင့်အဘူရာ(အ)အလီတို့အနေဖြင့် အဘီး(စ)စအီးခွဒ်(သ)ရီး(ရ.သွေ)ထံမှတဆင့် ရေးသားတင်ပြ ထားသည်။ တမန်တော်မြတ်ကြီး(ဆွ) သည်မိမိ (သာဝကတော် ကြီးများကို ရှုစားတော်မူပြီး ၄င်းတို့ဘက် သတိနှင့်တစ်ကွ) မိန့်ကြားတော်မူသည်မှာ “အကျွန်ုပ်ကိုများ မကြာမှီ အလ္လာဟ်ဟို အရှင်မြတ်ခေါ်ယူလိုက်ပေမည်။ ပြီးနောက်အကျွန်ုပ်လည်းပဲ ကြွမြန်းသွားပေမည်။ ဒီအတွက်ကြောင့် အသင်တို့ (သာဝကကြီး များ) အကြား၌ အဖိုးမဖြတ်နိုင်သော တန်ဖိုးကြီးမားလှသော အရာနှစ်ခု ထားပေးခဲ့မည်။ (တစ်ခုသည်ကား) အလ္လာဟ်၏ ကျမ်းတော်မြတ် ကုရ်အာန် (နောက်တစ်ခုကား) အကျွန်ုပ်၏ ဆွေမျိုးညာတိ အနွယ်တော်မွန် အလ်လေ့ဘိုက်(အ.စ) ဖြစ်ပေသည်။ *ခိုဒါရေလာသီး(ဖ)ခါဘီး(ရ) အနေဖြင့် အကျွန်ုပ် အား သတိပေးမိန့်တော်မူပါသည်။ ဒီအရာနှစ်ခုသည် တစ်ခုနှင့် တစ်ခု လုံးဝဥဿုံ ကွဲကွာမည်မဟုတ်ပေ။ ဒီလိုအချိန်ထိ (ကွဲကွာမည် မဟုတ်ပေ) ဒီအရာနှစ်ခုသည် အကျွန်ုပ်ထံဟောင် စေကောင်စဲရ် အထိ ရောက်မြန်းလာကြပေမည်။ ကောင်းပြီး၊ တော်ပြီး! အကျွန်ုပ်အနေဖြင့် (တမန်တော်မြတ်ကြီးမိုဟာမ္မဒ်(ဆွ)) ရှုစားတော်မူပါမည်။ အကျွန်ုပ်မရှိသည့် နောက်ပိုင်း၌ အသင့်တို့ (သာဝကများ) အနေဖြင့် ဒီအရာနှစ်ခုနှင့် ပတ်သက်ပြီး ဘယ်လမ်းရွေးချယ်ခဲ့ကြသနည်း? နောက်ပြီး ဘယ်လို ဆက်ဆံခဲ့ကြသနည်း?*ခိုဒါရေလာသီး(ဖ)ခါဘီး(ရ)   = အလ္လာဟ်ဟိုအရှင်မြတ် မြင့်မြတ်သော ၀ိသေသနဂုဏ်ပုဒ် နှစ်ခုအမည် သန့်ရှင်းစင်ကြယ်၊ ကြင်နာသူနှင့် သတင်းရှိသူ၊ သတင်းသိသူဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် ကိုး (၉)

 

အကယ်၍ တမန်တော်မြတ်ကြီး(ဆွ) အားအချစ် မေတ္တာ ထားသူ အဖြစ်သတ်မှတ်ခြင်းခံလိုလျှင် အဟ်လေ့ဘိုက် (အ.စ) အားအချစ်မေတ္တာ ထားကြကုန်လော့!

သေ(ရ)မီးဇီး အနေဖြင့် (ဟွန်နေစနဒ်နှင့် အတူ) (မှန်ကန်မူရာခိုင်နှုန်းများသော ဟဒီး(စ်)) ထိုနောက် သာ(ပ)ရနီး အနေဖြင့် ဂျနာပေအစ်(ပ)နေအဘာစ်(ရ.သွေ) ထံမှတဆင့် ဆင်မြန်းရေးသားထားပေသည်။ တမန်တော် မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ “အိုမနုဿလူသား အပေါင်းတို့၊ အလ္လာဟိုအရှင်မြတ်အား မြတ်နိုးချစ်ခင်ကြပါလေ။ အကြောင်းသည်ကာ ထိုအရှင်မြတ်သည် မိမိနေအ်မသ်တော် များဖြင့် (အသင်တို့၏ ဆာလောင်မွတ်သိတ်မူ ကို ရုတ်သိမ်းပေးတော်မူသည်) (စားသောက်ဖို့အတွက် စားနားရိက္ခာ ပေး ပေသည်။) ထိုနောက် (အသင့်တို့အား) ချမ်းမြေ့ သာယာ စွာ နေဖို့ စီစဉ်ပေးတော်မူသည်။ ပြီးနောက် အကျွနုပ်အား အလ္လာဟ်၏နှစ်မျို့မှု့အတွက် ရည်စူးပြီးနောက် အချစ်မေတ္တာထား ပါလေ။ ထိုနောက် အကျွန်ုပ်၏ နှစ်မျို့ သဘောကျမှု့ ကို ရှေ့ထားပြီး အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့် အချစ် မေတ္တာထားပါလေ။

 

 

ဟဒီး(စ်) တော် တစ်ဆယ် (၁၀)

 

အဟ်လေ့ဘိုက်(အ.စ) ပတ်သက်ပြီး တမန်တော်မြတ်ကြီး (ဆွ) ကို အားနာပါလေ။

အေမာမ်ဘိုခါရီအနေဖြင့် ဟဇရသ်အဘူဘဲက် ထံမှတဆင့်ရေးသားထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) အား အဟ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်ပြီး လုံးဝအပြည့်အ၀ အားနာမှု့ လေးစားမှု့ ထောက်ထားမှု့ ကို ပြုကြကုန်လော !

 

 

ဟဒီး(စ်) တော် တစ်ဆယ့်တစ် (၁၁)

 

အဟ်လေ့ဘိုက်(အ.စ) ၏ရန်သူ ငရဲဘုံ၏ လေမကောင်း လေမသန့် ကို ရှုရပေမည်။

သာ(ပ)ရနီးနှင့် ဟာကင်း(မ်) အနေဖြင့် အစ်(ပ)နေအဘာစ်(ရ.သွေ) ထံမှတဆင့် ရေးသား တင်ပြ ထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ “အို! ဘနီအပ်(ဘ)ဒွရ်မိုသာလစ်(ပ) ၏အဆက်အနွယ်) - အကျွန်ုပ်အနေဖြင့် သုံးခုသော အရာကို အသင့်တို့အတွက် (အလ္လာဟ်) ထံ တောင်းခံခဲ့ပေသည်။ (ပထမ အရာသည်ကား) အသင့်တို့၏ နှလုံးသားများကို မြဲမြဲမြန်းမြန်း ခိုင်ခိုင်မာမာ ထားပေးဖို့ ဖြစ်ပေသည်။ (ဒုတိယအရာသည်ကား) အသင့် တို့အထဲ၌ ပညာသုခမတတ်မြောက်သူများဖို့ ပညာသုခ တတ်မြောက်အောင် သင်ယူဆည်းပူးနိုင်သည့်စွမ်းအား ပေးသနား ဖို့ ဖြစ်ပေသည်။ (တတိယအရာသည်ကား) အသင့်တို့အထဲမှ မည်သူမဆိုဖြစ်စေ လမ်းစစ်၊ လမ်းမှန်မှ - လမ်းချော်သွားသူများကို တရားစစ်၊ တရားမှန် ပေးသနားတော်မူပေးဖို့ ဖြစ်ပေသည်။ ထိုနောက် အကျွန်ုပ်အနေဖြင့် အလ္လာဟ်ထံတောင်းခံခဲ့ပေသည်။ ထိုအရှင်မြတ်အနေဖြင့် အသင့်တို့အား ရက်လျောပေးကမ်း လှူဒါန်းသူများ၊ သတ္တိဗျတ္တိရှိသူများ ထို့နောက် အတူတူပေါင်းသင်း ပြီး အချင်းချင်း သနားကြင်နာယုယမူ့ တရားထားသူများ အဖြစ် သတ်မှတ် အကူအညီပေးဖို့ ဖြစ်ပေသည်။ (အကြောင်းသည်ကား) ဒီကဲ့သို့ ဆုံးဖြတ် အမိန့်ထုတ်ထားပြီး ဖြစ်ပေသည်။ အကြင်မည်သူ မဆို *ရုက်နေမကမ်း(န) ၏ အကြား၌ နမာဇ်များ ဖတ်မည်။ ထိုနောက် ဥပုဒ်သီလဆောက်တည်မည် (ဒီအတိုင်း မိမိ၏ဘ၀ တသက်လုံး ရာသက်ပန် ပြုလုပ်ခဲ့မည်)။ သို့သော်၎င်းသူအနေ ဖြင့်အဟ်လေ့ဘိုက်(အ.စ) နှင့် ရန်ငြိုးထားပြီး၊ မနာလိုဝန်တိုစိတ် ထားပြီး သေဆုံးသွားမည်ဆိုလျှင် ၄င်းသူသည် ဂျဟန္နမ် ငရဲ ဘုံ ဒုက္ခ သို့ သွားရောက်ရမှာ သေချာပေါက်ဖြစ်ပေသည်။

*ရုက်နေမကမ်း(န) = ကာဘာဝတ်ကျောင်းတော်မြတ်၌ ရှိသောမြင့်မြတ်သည့် နေရာ နှစ်ခု အမည်။

 

 

ဟဒီး(စ်) တော် တစ်ဆယ့်နှစ် (၁၂)

 

ဘနီးဟာရှင်(မ) နှင့် ရန်ငြိုးထားခြင်းဟာ ကူဖ် ကို ဖြစ်စေပါသည်။သာ(ပ)ရနီးအနေဖြင့် ဂျာနပေအစ်(ပ)နေအဘာစ်(ရ.သွေ) ထံမှတဆင့် တင်ပြရေးသား ထားပေသည်။ ရစူလ်ရေခိုဒါ(ဆွ) မိန့်ကြားတော်မူသည်မှာ “ဘနီးဟာရှင်(မ) နှင့် ထိုနောင် အန်စာ(ရ) (တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရတ် ပြုစဉ်က ကူညီရှိုင်းပင်း ခဲ့သူများ) နှင့်ရန်ငြိုး ထားခြင်းသည် ကူဖ် (ညင်းပမ်းခြင်း အလ္လာဟ်အရှင်မြတ်အား) ဖြစ်၏။ ထိုနောက် အာရပ်များ (စစ်မှန်သူများ) (ဆိုလိုသည်မှာ အဟ်လေ့ဘိုက်(အ.စ)) နှင့် ရန်ငြိုးထားခြင်းသည် နေဖါစ် (သစ္စာ ဖောက်သူ အစ္စလာမ်သာသနာ့၏ အမိန့်များကို ငြင်းပင်သူ) များဖြစ်ပေသည်။ ”

 

 

ဟဒီး(စ်) တော် တစ်ဆယ့်သုံး (၁၃)

 

အလ်လေ့ဘိုက်(အ.စ) နှင့်ရန်ငြိုးထားသူ၊ မနာလိုဝန်တို စိတ်ထားသူဟာ မိုနာဖေ့(က) အရေခြုံ ဖြစ်ချေသည်။အစ်(ပ)နေအသီး မိမိစာအုပ်“(အာရဘီစာ)”၌ အဘီးစအီး(သ)ခွဒ်(သ)ရီး(ရ.သွေ)ထံမှတစ်ဆင့်ရေးသား ထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ “အကြင်မည်သူမဆို အဟ်လေ့ဘိုက်(အ.စ) နှင့် ရန်ငြိုးထားခြင်း၊ မနာလိုဝန်တိုစိတ် ထားခြင်းပြုလုပ်ခဲ့မည်ဆိုလျှင် ထိုသူသည် မိုနာဖေ(က) အရေးခြုံ ဖြစ်ပေသည်။”

 

 

ဟဒီး(စ်) တော် တစ်ဆယ့်လေး (၁၄)

 

အဟ်လေ့ဘိုက်(အ.စ) ၏ရန်သူသည် ဧကန်မုချ မလွဲမသွေ ဂျဟနွမ် ငရဲ ဘုံ သို့ သွားကို သွားရမည်။အစ်(ပ)နေဟပါမ်း(မ) အနေဖြင့် မိမိ၏စဟီးကျမ်း၌ ထိုနောက်ဟာကင်း(မ) အနေဖြင့် အဘီးစအီး(သ) ခွဒ်(သ)ရီး (ရ.သွေ) ထံမှတဆင့် ရေးသား တင်ပြထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော် မူသည်မှာ “အကျွန်ုပ်အနေဖြင့် ထိုအရှင်မြတ်၏ ကစမ်(မ) ကျိန်ဆိုပါ၏။ ၄င်းအရှင်မြတ်၏ အမိန့် အာဏာတော်လက်ထဲ ၌ အကျွန်ုပ်၏ အသက်ဇီဝိန် ရှိပေသည်။ အကြင်မည်သူမဆို အလ်လေ့ဘိုက်(အ.စ) နှင့် ရန်ငြိုးထားမည်ဆိုလျှင် အလ္လာဟ် အရှင်မြတ်အနေဖြင့် ၄င်းသူအား ဧကန်မုချမလွဲမသွေ ဂျဟန္နမ် ငရဲ ဒုက္ခဘုံသို့ ပို့ကိုပို့ပေးလေမည်။”

 

 

ဟဒီး(စ်) တော် တစ်ဆယ့်ငါး (၁၅)

 

အလ်လေ့ဘိုက်(အ.စ) နှင့် ရန်ငြိုးထားသူ မနာလိုဝန်တို စိတ်ထားသူကို ဟောင်စေကောင်စဲရ်(ဌာန) မှ မောင်းထုတ်ခံရပေမည်။

သာ(ပ)ရနီးမှ ဟာဆန်ဘင်အလီထံမှတဆင့် ရေးသားတင်ပြထားသည်။ အေမာန်ဟာစန်(အ.စ) သခင်အနေဖြင့် မ(အ) ကေ ဘင်ခါသီး(ဂျ) ကို (ရှုစားပြီး) ၄င်းအားမိန့်ကြား တော်မူသည်မှာ

အိုမ(အ)ဝေရာဘင်ခါဘီး(ဂျ) အကျွန်ုပ်နှင့် ရန်ငြိုးထားခြင်း၊ မနာလိုဝန်တိုစိတ်ထားခြင်းမှ ရှောင်ကြဉ်ပါလေ။ အကြောင်းသည်ကား တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - အကြင်မည်သူမဆို အကျွန်ုပ် (အလ်လေ့ဘိုက်(အ.စ) အပေါ် ရန်ငြိုးထားမည်။ မနာလိုဝန်တို စိတ်ထားမည်ဆိုလျှင် ၄င်းသူအား ကမ္ဘာတရားစီရင်မည့်နေ့ ၌ မီးတောက်မီးလျံ ကြာပွတ်များဖြင့် ရိုက်ပြီး ဟောင်စေ ကောင်စဲရ် (ဌာန) မှ မောင်းထုတ်ခံရပေလိုက်မည်။

 

 

ဟဒီး(စ်)တော် တစ်ဆယ့်ခြောက် (၁၆)

 

အဟ်လေ့ဘိုက်(အ.စ) ရစူလ်(ဆွ)၏ ဟက် (ရပိုင်ခွင့်များ) ကိုမပေးသူဟာ၊ မိုနာဖေ(က) အရေခြုံ၊ ဟရာမ်းမီး (တရားမ၀င်ပဲ၊ ဖွားခဲ့သူ) ထို့နောက် ရာသီပန်းပွင့် ချိန်၌ သန္ဓေတည်ခဲ့ သူဖြစ်ပေသည်။

အစ်(ပ)နေအသီး ထို့နောက် ဖိုင်းဟကီး အနေဖြင့် မိမိစာအုပ် (အာရဘီစာ) ၌ အလီ(အ.စ) သခင်ထံမှ တဆင့် ရေးသားတင်ပြထားသည်။

တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူ သည်မှာ - အကြင်မည်သူမဆို အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့် *အန်စာ ၏ ဟက် (ရပိုင်ခွင့်များ) ကို မပေးခဲ့မည်ဆိုလျှင် ထိုသူသည် သုံးခုသော အမျိုးအစားထဲမှ၊ တစ်မျိုးတစ်စားဖြစ်ကို ဖြစ်ရမည်။ မိုနာဖေ(က) အရေခြုံ ဖြစ်ရမည်။ (သို့မဟုတ်) နှစ်ဦးသဘောတူ မဒိမ်းမှု (တရားမ၀င်သည့် နည်းဖြင့် ကာမစပ်ယှက်ခြင်း) ဖြင့် သန္ဓေသားတည်ခဲ့သူ ဖြစ်ရမည်။ (သို့မဟုတ်) ရာသီပန်းပွင့်ချိန်၌ သန္ဓေသားတည်ခဲ့သူဖြစ်ရမည်။ ဆိုလိုသည် အဓိပ္ပာယ်မှာ - ၄င်း၏ မိခင်သန္ဓေအိမ်၌ ၄င်းသန္ဓေသားသည် ၄င်း၏ မိခင် မသန့် မပြန့် သည့် အချိန် ရာသီပန်းပွင့်နေချိန် တည်ခဲ့ခြင်းဖြစ်ပေမည်။

*အန်စာ = တမန်တော်မြတ်ကြီး(ဆွ) ဟဂ်ျရဘ်ပြုခဲ့ချိန်၌ ကူညီပံ့ပိုးခဲ့သူများ

 

 

ဟဒီး(စ်) တော် တစ်ဆယ့်ခုနှစ် (၁၇)

 

တမန်တော်မြတ်ကြီး(ဆွ) ၏ နောက်ဆုံး သြ၀ါဒတော်အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့် ပတ်သက်ပြီး အကျွန်ုပ်အား အားနာစာနာထောက်ထားပေးပါ။

သာ(ပ)ရနီးအနေဖြင့် မိမိ၏စာအုပ် (المعجمالاوسط) ၌ အဒ်(ပ)နေအူမရ်ထံမှ တဆင့်ရေးသား ထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) အနေဖြင့် နောက်ဆုံးအချိန် (လောကီကနေ) မကြွမြန်းမည် အလျှင် ဒီဝါကျ တော်သြ၀ါဒတော်ကို မိန့်ကြားခဲ့ပေသည်။ ထိုသြ၀ါဒတော်သည် ဒီကဲ့သို့ ဖြစ်ချေသည်။

အဟ်လေ့ဘိုက်(အ.စ) ပတ်သက်ပြီး အသင်တို့ အနေဖြင့် (အွန်မသ်) အကျွန်ုပ်အား အားနာစာနာ ထောက်ထားကြပါလေ။

 

ဟဒီး(စ်) တော် တစ်ဆယ့်ရှစ် (၁၈)

 

အဟ်လေ့ဘိုက်(အ.စ) အားအချစ်မေတ္တာမထားမခြင်း ကောင်းမှု ကုသိုလ် အားလုံးဟာ အလဟဿ အလကား၊ အချဉ်းနှီးသာဖြစ်ပေသည်။

သာ(ပ)ရနီး အနေဖြင့် မိမိ၏စာအုပ် (المعجمالاوسط) ၌ အလီ(အ.စ) သခင်ထံမှတဆင့် တင်ပြရေးထားပေသည်။

တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ -

အကျွန်ုပ်(အလ်လေ့အိုက်(အ.စ)) နှင့် (၁) အချစ်မေတ္တာထားခြင်း၊ (၂) မြတ်နိုးအမိန့် နာခံခြင်းဆိုသည်အထုံ ကို မိမိတို့၏ နှလုံးသားများ၌ မြဲမြံစွာ၊ ခိုင်ခံ့စွာ ချဉ်နှောင်ကြပါလေ။ ပြီးနောက် ဒီအလုပ်ကို မိမိတို့ အပေါ် အရေးကြီးလိုအပ်သည့် တာဝန်ဝတ္တရား တစ်ခုလို သတ်မှတ်ပါလေ။ အကြောင်းသည်ကား - အကျွန်ုပ်တို့အား ချစ်မြတ်နိုးပြီးသေဆုံးခဲ့မည် အသက်ထွက်ခဲ့မည်ဆိုလျှင် အကျွန်ုပ်တို့၏ အလ္လာဟ် အရှင်မြတ်ထံ အသားနားခံ မေတ္တာရပ်ခံခြင်းဖြင့် ဂျန္နတ်သုခဘုံ ၌ ၀င်ရောက်စံမြန်းရပေမည်။ (ထို့နောက် သံသယမရှိပါနှင့် အကြင်သူ၏ နှလုံးသား၌ အကျွန်ုပ်တို့အား အချစ်မေတ္တာမရှိဘူး ဆိုလျှင် ထိုသူသည် ဂျဟန္နမ် ငရဲ ဒုက္ခဘုံ သို့ သွားရပေလိမ့်မည်။) ထိုအရှင်မြတ်၏ ကစမ်(ပ) ကျိန်ဆိုပါ၏ ၄င်းအရှင်မြတ်၏ အမိန့် အာဏာတော် လက်ထဲ၌ အကျွန်ုပ်၏ အသက်ဇီဝိန်ရှိပေသည်။

(အကြင်မည်သူမဆို နေကီကောင်းမြတ်သော ကုသိုလ် လုပ်ရပ် များသည် အကျွန်ုပ်တို့၏ ဟက်ရပိုင်ခွင့်များကို မပေးဆပ်မခြင်း) အကျိုးအမြတ် ဖြစ်ထွန်းမည်မဟုတ်ချေ။ (တစ်နည်းဆိုရလျှင် အချိန်ကုန်၊ လူပန်း၊ အိတ်ပေါက်နှင့် ဖားကောက်ကဲ့သို့ ပင် ဖြစ်ပေသည်။)

* ဘာသာပြန် တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တော်တိုင် အဟ်လေ့ဘိုက်(အ.စ) ၀င်မဏိကာ၌ ပါဝင်ပေသည်။

 

 

ဟဒီး(စ်) တော် တစ်ဆယ့်ကိုး (၁၉)

 

အဟ်လေ့ဘိုက်(အ.စ) ၏ ရန်သူသည် ကေယာမတ်နေ့၌ ရာဟူဒီး အဖြစ် ပြန်လည် အသက်သွင်း ခြင်းခံရပေမည်။

သာ(ပ)ရနီးအနေဖြင့် မိမိ၏ စာအုပ် (المعجمالاوسط)၌ ဂျနာပေ ဂျပေရ်ဘင် အပ်သွလ်လ္လာ ထံမှတဆင့် ဆင့်ပြန်ထားပေသည်။

ရစူလ်လေအစ္စလာမ်(ဆွ) အနေဖြင့် (တစ်နေ့) ခွသ်ဘာ၌ မိန့်ကြားတော်မူသည်မှာ - ဒီခွသ်ဘာတော် ၌ ဒီလိုမျိုးသြ၀ါဒတော်ကို မိန့်ကြားတော်မူသည်ကို ကျွန်တော် (ဂျာပေရ်ဘင်အပ်သွလ်လ္လာ(ရ.သွေ) ကိုယ်တိုင် နားသောတ၊ ဆင်ခဲ့ ရပါသည်။

အကြင်မည်သူမဆို အဟ်လေ့ဘိုက်(အ.စ) နှင့် ရန်ငြိုးထားမည် မနာလိုဝန်တိုစိတ်ထားမည်ဆိုလျှင်၊ အလ္လာဟ်ဟိုအရှင်မြတ်သည် ထိုသူအား ကေယာမတ်နေ့၌ ရာဟူဒီးအဖြစ်ပြန်လည်အသက်သွင်းပေမည်။

 

 

ဟဒီး(စ်) တော် နှစ်ဆယ် (၂၀)

 

အကြင်မည်သူမဆို ဘနီးဟာရှင်(မ) နှင့် အချစ်မေတ္တာ မထားမခြင်း စစ်မှန်သော သက်ဝင်ယုံကြည်သူ မိုမင်(န) မဖြစ်နိုင်ပေ။

သာ(ပ)ရနီး အနေဖြင့် မိမိ၏စာအုပ် (အာရဘီစာ) ၌ အပ်(ပ) သွလ်လ္လဟ်ဘင်ဂျမါရ်ထံမှ တဆင့် ရေးသားထားပေသည်။

အကျွန်ုပ်(အပ်(ပ)သွလ်လ္လာဟ်ဘင်ဂျဖါရ်) သည် တမန်တော်မြတ်ကြီး(ဆွ)ထံမှ နားသောတဆင်ခဲ့ရပါသည်။ အို! ဘနီးဟာရှင်(မ) အကျွန်ုပ်သည် အသင်တို့အတွက် အလ္လာဟ်ထံဝယ် (အချို့အရာများကိုတောင်းခံခဲ့ပေသည်။)

ဒီအရာများဟာ အသင်တို့အားရဲဝင့်၊ သတ္တိ၊ ဗျတ္တိရှိသူ အဖြစ်သတ်မှတ်ပေးပါလေ။ ထို့နောက် အတူတူ ပေါင်းသင်းပြီး အချင်းချင်း သနားကြင်နာ ယုယမှု တရား လက်ကိုင် ထားသူများ အဖြစ်သတ်မှတ်ပေးဖို့ ဖြစ်ပေသည်။ ထို့နောက် (တောင်းဆုသည်ကား) အသင့်တို့ အထဲမှ - မည်သူဖြစ်ဖြစ် လမ်း၊ လမ်းချော်သွားခဲ့လျှင် တရားစစ် ၊ တရားမှန်၊ လမ်းစစ်၊ လမ်းမှန်သို့ ပြန်လည်ပို့ပေးဖို့ ဖြစ်ပေသည်။ ထို့နောက် အသင်တို့ အကြား ကြောက်လန့်သူများ အားနည်း၊ အားလျော့သူများအတွက် ငြိမ်းချမ်းမှု၊ ချမ်းမြေ့သာယာမှု၊ လုံခြုံမှု ကို ပေးသနားဖို့ဖြစ်ပေသည်။ ပြီးနောက်အသင်တို့အကြား၌ ဆာလောင်မွတ်သိတ်နေသူများအတွက် ၀မ်းပြည့်အောင် စားနပ်ရိက္ခာ ပေးသနားတော်မူရန်အတွက် ဖြစ်ပေသည်။

အကျွန်ုပ်သည် ထိုအရှင်မြတ်၏ ကစမ်(မ) ကျိန်ဆိုပါ၏၄င်းအရှင်မြတ်၏ အမိန့်အာဏာလက်ထဲ၌ အကျွန်ုပ်၏ အသက်ဇီစိတ်ရှိပေသည်။ အကြင်မည်သူမဆို အသင်တို့အား (ဘနီဟာရှင်(မ)) အကျွန်ုပ်၏နှစ်မြို့သဘောကျ မှု အတွက် အဓိဠာန်ပြီး အချစ်မေတ္တာမထားမခြင်း၊ စစ်မှန်သော မွစ်(မ်)လင်(မ) ကောင်း မဖြစ်နိုင်ချေ။ အို! မနုဿလူထု အပေါင်းတို့ အကျွန်ုပ်၏အသနားခံမေတ္တာရပ်ခံချက်ဖြင့် အသင်တို့ ဂျန္နတ်သုခဘုံ၌ စံမြန်းရမည်ဟု ထင်နေကြသလော့! ပြီးနောက် ဘနီးအပ်(ပ) သွလ်မွတ်သလစ်(ပ) ဒီကဲ့သို့လိုမျိုး မျှော်လင့်ချက် မထားသင့်သလော။ (ဒီလိုမျိုးလုံးဝဥဿုံမဖြစ်နိုင်ချေ၊ အကြောင်း သည်ကာ။ ထို(ဘနီးအပ်(ပ) သွလ်မွက်သလစ်(ပ) သည် အကျွန်ုပ်၏ မေတ္တာရပ်ခံ အသနားလျောက်ပေးခြင်းကို အသင်တို့ ထက် ပိုပြီး ရပိုင်ခွင့် ရှိပေသည်။)

* အထူးသဖြင့် ရစူလ်(ဆွ) နှင့် အနွယ်တော်မွန်ကိုဆိုလိုသည်။ဘာသာပြန် ။။ အထက်ပါဟဒီး(စ်) တော်၏ဆိုလိုချက်မှာ - တမန်တော်မြတ်(ဆွ) အသနားခံမေတ္တာရပ်ခံလျောက်ပေးမည် ဆိုလျှင် မည်သူမဆို ဂျန္နတ်၌စံမြန်းရပေမည်။ သို့သော် ဂရုပြုသတိထားရမည့် အချက်သည်ကား တမန်တော်မြတ်(ဆွ) သည် အဟ်လေ့ဘိုက်(အ.စ) ၏ ရန်သူများအတွက် လုံးဝဥဿုံ ဤကဲ့သို့ လျောက်ပေးမည်မဟုတ်ပေ။

 

 

ဟဒီး(စ်) တော် နှစ်ဆယ့်တစ် (၂၁)

 

အဟ်လေ့ဘိုက်(အ.စ) သာလျှင် မွတ်(စ်)လင်(မ) အွန်မဒ်အတွက် ငြိမ်းချမ်းသာယာမှု၊ ချမ်းမြေ့သာယာစိုပြေမှု၊ လုံခြုံမှု၊ ခိုလုံမှု ပေးနိုင်ပေသည်။

အစ်(ပ)နေအဘီးရှဲန်းဘ နှင့်မိုစာသတ်(သ) တို့သည် မိမိတို့၏ စစ်မှန်သည့် အကိုးအကားခိုင်မာသော စာအုပ်များ၌ ထို့နောက် ဟာကီး(မ်) သေ(ရ) မီးဇီး အနေဖြင့် မိမိ၏စာအုပ် “(အာရဘီစာ)”၌ ထိုနည်းတူစွာ အဘူရာအလီ နှင့်သာ(ပ) ရနီးတို့အနေဖြင့် စလ်မာဘင်အကူ(အ) ထံမှတဆင့် တင်ပြရေးသားထားပေသည်။

တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူ သည်ကား - ဥပမာပေးမည်၊ သာဓကပေးမည်။ ကောင်းကင်ယံ၌နေထိုင်သူများအတွက် ကြယ်တာယာများဟာ ငြိမ်းချမ်းသာယာမှု၊ ချမ်းမြေ့သာယာစိုပြေမှု ခိုလုံ လုံခြုံမှု ဖြစ်ပေသည်။ ထိုနည်းတူစွာ

အကျွန်ုပ်၏ အလ်လေ့ဘိုက်(အ.စ) သည်လည်းပဲ အွန်မသ်အတွက်၊ ဗဟိုငြိမ်းချမ်းသာယာမှု၊ ချမ်းမြေ့သာယာစိုပြေမှု၊ လုံခြုံခိုလှုံမှု နှင့် အပြစ်ငရဲဘုံ၊ ဒုက္ခဘုံမှ ၊ ကယ်တင်ရှင်များဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် နှစ်ဆယ့်နှစ် (၂၂)

         

အရာနှစ်ခုအားမြဲမြဲမြန်မြန်၊ ခိုင်ခံ့စွာလက်ကိုင် ထားသူများသည် ဘယ်တော့မှ၊ လမ်းမှား လမ်းချော်မည် မဟုတ်ချေ။

မစား(ရ)အနေဖြင့် အဘီးဟူရိုက်ရ(ဟ)ထံမှ တဆင့်ရေးသားတင်ပြထားပေသည်။

တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - အကျွန်ုပ်အနေဖြင့် အသင်တို့အကြား၌ အရာနှစ်ခုကို ထားပေးခဲ့မည်။ ထိုအရာနှစ်ခု အသင်တို့ထံရှိနေသမျှ ကာလပတ်လုံး အသင်တို့အနေဖြင့် လမ်းမှားလမ်းလွှဲသို့ လုံးဝဥဿုံ ရောက်လိုက်မည် မဟုတ်ပေ။ ပြီးနောက် ထိုအရာနှစ်ခု သည်ကား အလ္လာဟ်၏စာအုပ်၊ (ကျမ်းတော်မြတ်ကုန်အာန်) နှင့် အကျွန်ုပ်၏အမျိုးအနွယ် အမျိုးဆက် (အဟ်လေ့ဘိုက်(အ.စ)) ဖြစ်ပေသည်။ ထိုအရာနှစ်ခုသည် တစ်ခုနှင့်တစ်ခု ဘယ်တော့ မှ ကွဲကွာသွားကြမည် မဟုတ်ပေ။ ဒီအချိန်ထိ ကွဲကွာကြမည် မဟုတ်ပေ။ ထိုအရာနှစ်ခုသည် အတူတူ ဟောင်စေကောင်စဲရ် အထိ ကျွန်ုပ်ထံ စံမြန်းလာပေလိုက်မည်။

 

 

ဟဒီး(စ်) တော် နှစ်ဆယ့်သုံး (၂၃)

 

အဟ်လေ့ဘိုက်(အ.စ) နှင့် ကျမ်းတော် မြတ်ကုရ်အာန် အားမြဲမြဲမြန်မြန်၊ ခိုင်ခံ့စွာ လက်ကိုင်ထား သူများသည် ဘယ်တော့မှ - လမ်းမှား လမ်းလွှဲ၊ လမ်းချော်မည် မဟုတ်ပေ။

ဗစား(ရ)အနေဖြင့် မောင်လာအလီ(အ.စ) ထံမှတဆင့် တင်ပြရေးသားထားပေသည်။

တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားထားတော် မူသည်မှာ -အို! မနုဿ လူထုအပေါင်းတို့၊ အကျွန်ုပ်၏၀ိဥာဉ်သည် အလ္လာဟ်ထံသို့ ကြွမြန်း အခစားဝင်ရဖို့ နီးကပ်နေသည်အချိန်ဖြစ်ပေသည်။ အသင်တို့ အကြား၌ အင်မတန် အဖိုးမဖြတ်နိုင်သော၊ တန်ဖိုးကြီးမားလှသော အရာနှစ်ခု ကို ထားပေးခဲ့မည်။ ကျမ်းတော်မြတ် ကုရ်အာန် နှင့် အကျွန်ုပ်၏ အလ်လေ့ဘိုက်(အ.စ) ဖြစ်ပေသည်။ ထိုအရာနှစ်ခု စလုံး (အသင်တို့ထံ၌) ရှိနေသမျှ ကာလပတ်လုံး အသင်တို့ သည် လုံးဝဥဿုံ လမ်းလွှဲ၊ လမ်းမှား၊ လမ်းချော်ကြမည် မဟုတ်ပေ။

 

 

ဟဒီး(စ်) တော် နှစ်ဆယ့်လေး (၂၄)

 

အဟ်လေ့ဘိုက်(အ.စ)သည်နူး(ဟ်)(အ.စ)၏ သဘောင်္ကဲ့သို့ပင်ဖြစ်ပေသည်။ဗစား(ရ)အပ်(ပ)သွလ်လ္လာဟ်ဘင်ဇူးဗိုင်း(ရ)ထံမှတဆင့် ရေးသားတင်ပြထားပေသည်။

တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) သည် နူး(ဟ်) (အ.စ) ၏ သဘောင်္ကဲ့သို့ပင်ဖြစ်ပေသည်။ ဒီသဘောင်္ပေါ် သို့ တက်ရောက်စီးနင်းခဲ့သူများသည် လွတ်မြောက်မှု (အောင်မြင်မှု) ကိုဆွဆက်ခူးခဲ့ကြပေသည်။ ထို့နောက် (ဒီသဘောင်္) အား မထီမဲ့မြင်ပြုခဲ့ကြသူများ (မစီးနင်း) ခဲ့သူများသည် နှစ်မြှုပ်သေဆုံးခဲ့ကြပေသည်။ ( ဤကဲ့သို့ပင် အကြင်မည်သူမဆို အဟ်လေ့ဘိုက်(အ.စ) နှင့် စဉ်ဆက်မပြတ် အဆက်အသွယ်ပြု ထားမည်ဆိုလျှင် လွတ်မြောက်မှု (အောင်မြင်မှု) ကိုဆွတ်ခူးကြပေလိုက်မည်။ ထို့နောက်အကြင် မည်သူမဆို (အဟ်လေ့ဘိုက်(အ.စ))အား မထီမဲ့မြင်ပြုမည် အဆက်အသွယ် စဉ်ဆက်မပြတ် မပြုလုပ်မည်ဆိုလျှင် ဂျဟန္နမ် ငရဲ ဒုက္ခဘုံသို့ သွားရောက်ရပေလိုက်မည်။

မြန်မာဘာသာပြန်ဆိုသူ ။။ တမန်တော်မြတ်ကြီး(ဆွ) ၏စကားတိုင်း ကတိတိုင်းသည် လုံးဝ၊ လုံးဝ ရာနှုန်းပြည့် မှန်ကန် ပေသည်။ ဖြစ်ကိုဖြစ်ရပေမည်။ လွှဲချော်ခြင်း၊ မှားယွင်းခြင်း လုံးဝ ဥဿုံ မရှိချေ။

 

 

ဟဒီး(စ်) တော် နှစ်ဆယ့် ငါး (၂၅)

ဟဒီး(စ်)စေစဖီးန(ဟ)

 

ဗစား(ရ) ဂျနာပေအစ်(ပ)နေအဘာစ်(ရ.သွေ) ထံမှတဆင့်ရေးသားထား ပေသည်။ ရစူလ်လေခိုဒါ(ဆွ)မိန့်ကြားတော်မူသည်မှာ-

အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) သည် နူး(ဟ်)(အ.စ)၏သဘောင်္ကဲ့သို့ပင်ဖြစ်ပေသည်။ ဒီသဘောင်္ပေါ်သို့ တက်ရောက်စီးနင်းခဲ့သူသည် လွတ်မြောက်မှု၊ အောင်မြင်မှု၊ ကိုဆွတ်ခူးခဲ့ပေသည်။ ထို့နောက်(ဒီသဘောင်္) အားမထီမဲ့မြင် ပြုခဲ့ကြသူ (မစီးနင်းခဲ့)သူသည် နစ်မြှုပ်သေဆုံးခဲ့ပေသည်။ ဤကဲ့သို့ပင် အကြင်မည်သူမဆို အဟ်လေ့ဘိုက်(အ.စ) နှင့် စဉ်ဆက်မပြတ် အဆက်အသွယ်ပြုထားမည်ဆိုလျှင် လွတ်မြေက်မှု။ (အောင်မြင်မှု) ကိုဆွတ်ခူးကြပေလိုက်မည်။ အကြင် မည်သူမဆို(အဟ်လေ့ဘိုက်(အ.စ))အား မထီမဲ့မြင် ပြုမည်၊ အဆက်အသွယ်စဉ်ဆက်မပြတ် မပြုလုပ်မည်ဆိုလျှင် ဂျဟန္နမ် ငရဲဘုံသို့သွားရောက်ရပေလိုက်မည်။

 

 

ဟဒီး(စ်)တော်နှစ်ဆယ့်ခြောက် (၂၆)

ဟဒီး(စ်)စေစဖီးန(ဟ) နှင့် ဟဒီး(စ်)စေဗာပေဟစ်သဟ်

 

သာ(ပ)ရနီး အနေဖြင့် ဂျနာပေအဘူဇဲရ် (ရ.ဆွ)ထံမှ တဆင့်တင်ပြရေးသား ထားပေသည်။ ရစူလ် လေခိုဒါ(ဆွ)ဤကဲ့သို့မိန့်ကြားတော်မူသည်ကို အကျွန်ုပ်အနေ ဖြင့်နားသောတဆင့်ရပေသည်။

အသင်တို့၏အကြား၌ အကျွန်ုပ်အဟ်လေ့ ဘိုက်(အ.စ) လုံးဝဥဿုန် မလွဲမသွေ ဟဇရသ်နူး(ဟ်) (အ.စ) ၏အွန်မသ် (နောက်လိုက်) တို့အတွက် နူး(ဟ်) (အ.စ) ၏ သဘောင်္ကဲ့သို့ ပင် ဖြစ်ချေသည်။ အကြင်သူသည် (ဒီသဘောင်္) ပေါ်သို့ တက်ရောက်စီးနင်းခဲ့ပေသည်။ ထို့နောက်အောင်မြင်မှု ဆွတ်ခူးခဲ့ပေသည်။ ထို့နောက် အကြင်သူသည် (ဒီသဘောင်္) အား မထီမဲ့မြင်ပြုခြင်း ဥပက္ခာပြုခြင်းကို (မစီးနင်းခြင်း) ပြုလုပ်ခဲ့ပေ သည်။နောက်ပြီး အကျွန်ုပ်အဟ်လေ့ဘိုက်(အ.စ) အသင်တို့ အတွက် မနီးအီးစရ်ဟီးကောင်း(မ်) (ဟဇရသ်ရာကူ(ဗ်) (အ.စ)) ၏ နောက်လိုက်အတွက် ဗာပေအစ်သဟ်ကဲ့သို့ပင်ဖြစ်ပေသည်။

မြန်မာပြန်ဆိုသူ ။။ ဗာပေအစ်သဟ်ဆိုသည်မှာ - အစ်သဟ် အမည်တွင် ထားသည့် တံခါးဝ၊ တံခါးပေါက်တစ်ခု ရှိပေသည်။ အလ္လာဟ် ဟိုအရှင်မြတ် အနေဖြင့် ဗနီးအီးစရဟီးကောင်း(မ်)အား ဤတံခါးဝအတွင်း၌ ဆဂ်ျဒါပြုပြီး ၀င်ရောက်ဖို့ အမိန့် ပေးခဲ့ပေသည်။ အကြောင်းသည်ကား ဤကဲ့သို့ လုပ်မည်ဆို လျှင် လုပ်ဆောင်သူအတွက် ၄င်း၏ အပြစ်ကုသိုလ် ဒုစရိုက်များ အားလုံးကို ခွင့်လွတ် ပါးလပ် ပေးသနားခြင်းခံရပေမည်။ ဒီအကြောင်းကို ကျမ်းတော်မြတ် ကုရ်အာန် ၂း ၁၅၈ ၊ ၇း ၁၆၁ ၌ လေ့လာနိုင်ပေသည်။

 

 

ဟဒီး(စ်)တော် နှစ်ဆယ့်ခုနှစ် (၂၇)

 

ဟဒီး(စ်)စေ စဖီးန နှင့် ဟဒီး(စ်) စေဗာပေဟစ်သစ်စနီးအီးစရဟီး ကောင်း(မ်)အတွက်ကဲ့သို့ ဖြစ်ပေသည်။

သာ(ပ)ရနီး အနေဖြင့် မိမိ၏ကျမ်း (အာရဘီစာ) ၌ ဂျနာပေအသီးစအီး(သ) စွဒ်(သ)ရီး(ရ.ဆွ) မိန့်ကြားတော်မူသည်ကိုနားသောတဆင်ရသည်မှာ -

အကျွန်ုပ်၏အဟ်လေ့ဘိုက်(အ.စ) သည် နူး(ဟ်)(အ.စ)၏ သဘောင်္ကြီးပမာကဲ့သို့ပင်ဖြစ်ပေသည်။ အကြင်မည်သူမဆို ဤ သဘောင်္ပေါ်၌ စီးနင်းမည်ဆိုလျှင် လွတ်မြောက်မှု (အစစအရာရာ) ကိုဆွတ်ခူး ရရှိမည် ဖြစ်ပေ သည်။ အကြင်မည်သူမဆို မထီမဲ့မြင် ပြုပြီး မစီးနင်းမည်ဆိုလျှင် နစ်မြှုပ်ဆုံးရှုံး(အစစအရာရာ) ဖြစ်ပေမည်။ ထို့နောက် အကျွန်ုပ် အဟ်လေ့ဘိုက်(အ.စ) အသင်တို့အတွက် ဗာပေစက်သဟ်ပမာ ကဲ့သို့ဖြစ်ပေသည်။ ဗနီးအီးစရဟီးလူမျိုးများ အနက်မှ ဤ ဗာ (တံခါး) မှ ၀င်ရောက်ခဲ့သူများသည် ခွင့်လွတ်ပလပ် ပေးသနားခြင်း ခံခဲ့ရသည်။ ဤကဲ့သို့ပင် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အချစ်လို့ ခေါ်တဲ့ မြို့ရိုးအတွင်း ၀င်ရောက်လာမည်ဆိုလျှင် ခွင့်လွတ်ပလပ်ခြင်းခံရပေမည်။

 

 

ဟဒီး(စ်)တော် နှစ်ဆယ့်ရှစ် (၂၈)

 

မိုဟာမ္မဒ်(ဆွ)နှင့်အာလေမိုဟာမ္မဒ်(အ.စ) အားအချစ်မေတ္တာထားခြင်းသာလျှင် အစ္စလာမ်သာသနာတော် ၏အုတ်မြစ်ဖြစ်ပေသည်။

အပ်နေနဂျရ် မိမိ၏သမိုင်းစာအုပ်၌ တင်ပြရေးသားထားသည်မှာ အေမာန်ဟစန်(အ.စ) အနေဖြင့် တမန်တော်မြတ်ကြီး(ဆွ) ဟဒီး(စ်)တော်ကို မိန့်ကြားတော် မူသည်မှာ - ဤကဲ့သို့ အရာရာတိုင်းအတွက် အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်ရှိပေသည်။ ထိုနည်းတူစွာ အစ္စလာမ် သာသနာတော်၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်သည် တမန်တော်မြတ်ကြီး(ဆွ) ၏ သာဝကတော် (အစစ်အမှန်) များအားမိတ်ဆွေ သင်္ဂဟ အဖြစ်မြတ်နိုးခြင်းနှင့် ကိုယ်တော်၏ အဟ်လေ့ဘိုက်(အ.စ) အားအချစ်မေတ္တာထားခြင်း ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် နှစ်ဆယ့်ကိုး (၂၉)

 

အစ္စလာမ့်သာသနာ၏ တမန်တော်မြတ်ကြီး(ဆွ) သာလျှင် ဟဇရတ်(သ) သေဖွာသေမာဇဟ်ရာ(အ.စ) ၏ သားသမီး ရတနာများထဲ ဖခမည်းတော်နှင့် *အာစဖာ ဖြစ်ပေသည်။

သာ(ပ)ရနီး အနေဖြင့် အိုမာရ်အသ် နေခါသာ(ပ)မှတဆင့် ရစူလ်လေခိုဒါ(ဆွ) ၏ အမိန့် (ဟဒီး(စ်))တော်ကို တင်ပြရေးသားထားသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ အမျိုးသမီးတိုင်းထဲမှ သားသမီးများ၏ မျိုးဆက်သည် ၄င်းတို့၏ ဖခင် (ခမည်းတော်) ဘက်သို့ ရည်ညွှန်းတော်စပ်ရပေသည်။ သို့သော် ဖွာသေမာ(ဆွ)၏ သားသမီးရတနာများ၏ မျိုးဆက်သည် ကျွန်ုပ်ဘက်သို့ ရည်ညွှန်း တော်စပ်ပေသည်။ ဧကန်မုချ အကျွန်ုပ်သည် ၄င်းတို့၏ ဖခမည်းတော်ဖြစ်ပေသည်။

*အာစဖာ ဆိုသည်မှာ - အဖေဘက်အမျိုးအဆွေများကို ခေါ်ဆိုပေသည်။

 

 

ဟဒီး(စ်)တော် သုံးဆယ် (၃၀)

 

ရစူလ်လေခိုဒါ(ဆွ) သာလျှင် ဟဇရတ်(သ) ဖွာသေမာ (ဆွ) ၏ သား၊ သမီး ရတနာများ၏ အုပ်ထိန်းသူနှင့် အာစဗာဖြစ်ပေသည်။

ဟါကင်း(ဗ)မှတဆင့် ဂျာဘေရ်ထံမှတဆင့် ဟဇရတ်(သ)ဖွာသေမာ(ဆွ) တဆင့် ရေးသားတင်ပြသည်မှာ တမန်တော်မြတ်ကြီး(ဆွ) မိန့်ချွက်တော်မူသည်မှာ မိခင်တိုင်း၏ သားသမီး၏ အဆွေအနွယ်ဆွေမျိုးကို ၄င်းတို့၏ ဘက်သို့ ရည်ညွှန်းတော်စပ်ရပေသည်။ သို့သော် ဖွာသေမာ(ဆွ)ထံ သား၊ သမီး ရတနာ များသည် အကျွန်ုပ် ဘက်သို့ ရည်ညွှန်း တော်စပ်ပေသည်။ အကျွန်ုပ်သည်၎င်းတို့၏ အုပ်ထိန်းသူ ဆွေမျိုးအတော်စပ်ခံသူဖြစ်ပေသည်။

 

 

ဟဒီး(စ်) တော်သုံးဆယ်တစ် (၃၁)

 

ဟဇရတ်(သ)ဖွာသေမာ(ဆွ)၏သားတော်နှစ်ပါးလုံးသည် တမန်တော်မြတ်ကြီး(ဆွ)၏ သားတော်များ ဖြစ်ပေသည်။

ဟါကင်း(မ်)မှတဆင့် ဂျာဘေရ်တင်ပြသည် မှာ တမန်တော်မြတ်ကြိး(ဆွ) မိန့်ကြားတော်မူသည်မှာ မိခင်တိုင်း ၏ သားသမီးများသည် ၄င်းတို့၏ ဖခင်၏ အမျိုးအနွယ် ဘက်သို့ ရည်ညွှန်းတော်စပ်ပေသည်။ သို့သော် အကျွန်ုပ်၏သမီးတော် ဖွာသေမာ(ဆွ)၏ သားတော်နှစ်ပါးလုံးသည် အကျွန်ုပ်ဘက်သို့ ရည်ညွှန်း တော်စပ်ပေသည်။ အကျွန်ုပ်သည် ၄င်းတို့၏ အုပ်ထိန်းသူ နှင့် ဆွေမျိုးညာတိဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော်သုံးဆယ်နှစ် (၃၂)

 

တမန်တော်မြတ်ကြီး(ဆွ)၏ ဆွေမျိုးအရင်း အချာသားသမီး၊ မြေး ၊မြစ်၊ မြေးသားမက် ………. များသည် ကေယာမျွှ် ကမ္ဘာ့တရား စီရင်မည် နေ့၌ အမျိုးတော်စပ်ခြင်းမှ အပျက်ခဲ့ရမည် မဟုတ်ပေ။

သာ(ပ)ရနီးအနေဖြင့် မိမိ၏စာအုပ် (အာရဘီ စာ) ၌ ဂျာဘေရ်မှ တင်ပြရေးသားထား သည်မှာ အကျွန်ုပ်အနေဖြင့် အိုမာရ်အား လူထုကို ဤကဲ့သို့ ပြောဆိုနေသည်ကို ထိုအချိန်၌ နားသောတဆင် ခဲ့ရပေသည်။ ထိုအချိန်၌ ဟဇရတ်(သ)အလီ(အ.စ)၏သမီးတော်ဖြင့် လက်ထပ် ထိမ်းမြားဖို့ အစီအစဉ် ပြုထားချိန်ဖြစ်ပေသည်။ အသင့် (ဂျာဘေရ်) အနေဖြင့် အကျွန်ုပ်အား(အိုမာရ်) အား မိုဘာရတ် အဘယ်ကြောင့် မပြောသလော? အကျွန်ုပ်အနေဖြင့် တမန်တော် မြတ်ကြီး(ဆွ) ကို ဤကဲ့သို့မိန့်ချွက်သည်ကို နားသောတဆင် ခဲ့ရပေသည်။ ကမ္ဘာ့ တရားစီရင်မည့်နေ့၌ လူတိုင်းလူတိုင်း၏ ဆွေမျိုးအရင်းအချာများနှင့် တော်စပ်သူဆွေမျိုးများ အားလုံး ဆွေမျိုးအဖြစ်မှ ပျက်ပြယ်သွားပေမည်။ သို့သော် အကျွန်ုပ်၏ ဆွေမျိုးအရင်းအချာများနှင့် တော်စပ်သူ ဆွေမျိုးများသည် ဆွေမျိုးအဖြစ်မှ ပျက်ပြယ်မည် မဟုတ်ပေ။

* မြန်မာဘာသာပြန်၊ ဘာသာပြန်သူသည် ဟဇရတ်အိုမာရ် နှင့်ဟဇရတ်အလီ(အ.စ) ၏ သမီးတော်လက်ထပ်မှုနှင့် ပတ်သက်ပြီး အယုံအကြည်လုံးဝမရှိပေ။ အကြောင်းသည်ကား ဥာဏ်ရှိသူတိုင်း နှင့် ဟဒီး(စ်)တော်များ နားလည်သူတိုင်း အဆုံးအဖြတ် ပေးနိုင်ပါသည်။ စာအုပ်များလည်းရှိပါသည်။ တယူးမသန်ဖို့နှင့် တရားမျှတ ဖို့သာလိုပါသည်။

 

 

 

ဟဒီး(စ်)တော် သုံးဆယ့်သုံး (၃၃)

 

တမန်တော်မြတ်ကြီး(ဆွ)၏ဆွေမျိုးရင်းချာ များနှင့် ဆွေမျိုးတော်စပ်သူများသည် ဘယ်သော်အခါမှ အမျိုးအဆွေ ပျက်ပြယ်မည်မဟုတ်ပေ။

သေ(ပ)ရာနီးအနေဖြင့် အေ(ပ်)နေအာဘာစ် မှ တဆင့်ရေးသားတင်ပြသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ -

အကျွန်ုပ်၏ ဆွေမျိုးရင်းချာများ နှင့် ဆွေမျိုးတော်စပ်သူများမှ အပ၊ အားလုံးသော် လူသားအပေါင်း ၏ ဆွေမျိုးရင်းချာများနှင့် ဆွေမျိုးတော်စပ်မှုများသည် ကမ္ဘာ့တရား စီရင်မည့်နေ့၌ ပျက်ပြယ်သွားပေမည်။

 

 

ဟဒီး(စ်)တော်သုံးဆယ့်လေး (၃၄)

 

တမန်တော်မြတ်ကြီး(ဆွ)နှင့် ဆွေမျိုး တော်စပ်သူများနှင့် သားမက်တော်စပ်မှု့သည် ဘယ်သော်အခါမှ အမျိုးအဆွေပျက်ပြယ်မည် မဟုတ်ပေ။

အပ်နေအစာကရ်သည် မိမိ၏သမိုင်းစာအုပ်၌ အပ်နေအိုမာရ် (အဘ်သွလ်လ္လာဟ်) မှတဆင့် တင်ပြရေးသားထား သည်။ တမန်တော်မြတ်ကြီး(ဆွ)မိန့်ကြားတော်မူသည်မှာ-

အကျွန်ုပ်၏ဆွေမျိုးရင်းချာများ၊ သားမက် တော်စပ်မှုမှ အပ အခြားလူသားတိုင်း၏ ဆွေမျိုးရင်းချာများ နှင့် သားမက်တော်များသည် ကမ္ဘာ့တရားစီရင်မည့်နေ့၌ ဆွေမျိုး တော်စပ်မှု နှင့် သားမက်တော်စပ်မှု ပျက်ပြယ်သွားပေမည်။

 

 

ဟဒီး(စ်)တော်သုံးဆယ့်ငါး (၃၅)

 

အဟ်လေ့ဘိုက်(အ.စ)အားဆန့်ကျင်ဖီဆန်သူများသည် ရှိုင်တွာန် မိစ္စာကောင်၏ အုပ်စုများနှင့် ပတ်သက် ဆက်နွယ်နေပေသည်။

ဟကင်း(မ်)အစ်(ပ်)နေအဘာစ်ထံမှတဆင့် ရေးသားတင်ပြသည်မှာ -တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူ သည်မှာ ကြယ်တာယာများသည် မြေပြင်ပေါ်၌ နေထိုင်သူများကို နှုစ်မြုပ်ခြင်း(ရေ) မှကာကွယ်စောင့်ရှောက်ပေသည်။ ထိုအတိုင်း နည်းတူစွာ အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အနွယ်တော်မွန် သည်လည်းပဲ အကျွန်ုပ် အွန်မသ်(နောက်လိုက်) သားများကို အကွဲကွဲ အလွဲလွဲ မညီမညွှတ်ဖြစ်ခြင်းမှ ကာကွယ်စောင့်ရှောက် ပေးသူများဖြစ်ပေသည်။ ဒီအတွက်ကြောင့် အကယ်၍ မည်သည့် အုပ်စုမဆို (သို့မဟုတ်) မျိုးနွယ်မဆို အဟ်လေဘိုက်(အ.စ) နှင့် ဆန့်ကျင်မှု ဖီဆန်မှု ကွဲလွဲမှု ပြုလုပ်ကြမည်ဆိုလျှင် ၄င်း(အုပ်စု၊ မျိုးနွယ်) သည် ရှိုန်တွာန် မိစ္စာကောင်၏ အုပ်စု၌ ပါဝင်သွား ပေမည်။

 

 

ဟဒီး(စ်)တော် သုံးဆယ့်ခြောက် (၃၆)

 

တမန်တော်မြတ်ကြီး(ဆွ)၏ သား၊ သမီးများ အပြစ်ငရဲ ပေးခြင်း ခံရမည် မဟုတ်ပေ။

ဟါကင်း(မ်) အနေဖြင့် အနှစ်မှ တဆင့်တင်ပြ သည်မှာ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ -

အကျွန်ုပ်မွေးမြူ၊ ပြုစု ပျိုးထောင်တော်မူသော် အရှင် အလ္လာဟ်အရှင်မြတ်သည် အကျွန်ုပ်၏ အဟ်လေ့ဘိုက် (အ.စ) နှင့် ပတ်သက်ပြီး ကတိသစ္စာ ပေးထားသည်မှာ မည်သူမဆို ထိုအဟ်လေ့ဘိုက်(အ.စ) ထဲမှ သောင်ဟီး တစ်ပါးထဲသော အရှင်သခင်ကို ယုံကြည်ကိုးကွယ်မည်။ ထို့နောက် အကျွန်ုပ်၏ရေစာလဒ် (တမန်တော်ဖြစ်ခြင်း) ကို သဘောတူ လက်ခံမည်ဆိုလျှင် ၄င်းအား အပြစ်ငရဲ ဒဏ်ပေးမည် မဟုတ်ပေ။

 

 

ဟဒီး(စ်)တော်သုံးဆယ့်ခုနှစ် (၃၇)

 

အဟ်လေ့ဘိုက်(အ.စ) ထဲမှ မည်သူမှ ငရဲဒုက္ခ ဘုံသို့ သွားရောက်ရမည် မဟုတ်ပေ။

အစ်(ပ)နေဂျရီးသေ(ပ)ရနီးမှ မိမိ၏ သဖ်စီး (အကျယ်ဖွင့်ကျမ်း) စာအုပ်၌ အာယတ်တော် (ولسوفیعطیکربّکفترضی)

အဓိပ္ပာယ် - ထိုနောက်အသင့်အား မွေးမြူဖန်ဆင်းတော်မူ တော် အရှင်သခင်သည် မျှမကြာမှီ ဒီလိုအတိုင်းအတာအထိ ချီးမြှင့် ပေးမည်။ အသင် (၀မ်းသာဝမ်းမြောက်သွားပေမည်။) ၏သဖ်စီး အကျယ်ဖွင့်ဆိုရာ၌ အောက်ဖော်ပြအတိုင်းအစ်(ပ)နေအဘာစ် မှ တဆင့် ရေးသားတင်ပြထားပေသည်။ တမန်တော်မြတ်ကြီး(ဆွ) ၏၀မ်းမြောက်ဝမ်းသာမှုကို ဆိုလိုသည်မှာ ၄င်း၏ အဟ်လေ့ဘိုက် (အ.စ) ထံမှ မည်သူမျှ ငရဲ ဒုက္ခဘုံသို့ မသွားရခြင်းဖြစ်ပေသည်။

* စူရ အမှတ် (၉၃) ၊ အာယတ်တော် (၅)

 

 

ဟဒီး(စ်)တော်သုံးဆယ့်ရှစ် (၃၈)

 

ဟဇရတ်(သ)ဖွာသေမာ(ဆွ)၏သား၊သမီး များငရဲဒုက္ခဘုံသို့ သွားရောက်ရမည်မဟုတ်ပေ။

ဗဇား(ရ) အဘူရာ(အလီ)၊ အကီးပီ၊ သေ(ပ)ရာနီး နှင့် အစ်(ပ)နေရှာဟီး(န) တို့မှ အစ်(ပ)နေ မ(စ) အူးထံ မှ တင်ပြရေးသားထားသည်။ရစူလ်လေ အစ္စလာမ်မှ မိန့်ကြားတော်မူသည်မှာ - အကြောင်းသည်ကား ဖွာသေမာ(ဆွ) သည် မိမိ၏ အရှက်အင်္ဂါ နှင့် ပါရ်သာ (ယောက်ကျားသားများ (လက်ထပ်နိုင်သော်) မကြည့်ခြင်းနှင့် အကြည့်မခံခြင်းကို ထိန်းသိမ်း စောက်ရှောက်ခဲ့ပေသည်။ အလ္လာဟ်အရှင်မြတ်အနေ ဖြင့်(သခင်မကြီးအားဆုလာဒ်အဖြင့်)၄င်း၏ သား၊ သမီးများ၊ (မျိုးဆက်များ) အတွက် ငရဲဒုက္ခဘုံ၏မီးကို ဟရာမ်အဖြစ် သတ်မှတ်လိုက်ပေသည်။

 

 

ဟဒီး(စ်)တော် သုံးဆယ့်ကိုး (၃၉)

 

ဟဇရတ်(သ)ဖွာသေမာ(ဆွ) နှင့် ၄င်း၏ သားတော်နှစ်ပါး ငရဲဒုက္ခဘုံသို့ သွားရမည်မဟုတ်ပေ။

သေ(ပ)ရာနီးနှင့်အစ်(ပ)နေ အဘာစ်ထံမှ တဆင့်တင်ပြသည်မှာ တစ်ကြိမ်သော်အခါဝယ် တမန်တော် မြတ်ကြီး(ဆွ)သည် ဟဇရတ်(သ)ဖွာသေမာ(ဆွ)အား မိန့်ကြားတော်မူသည်မှာ အလ္လာဟ်အရှင်မြတ်သည် အသင် နှင့် အသင်၏ သားတော် နှစ်ပါးအား အပြစ် ငရဲ ဒဏ်ပေးမည် မဟုတ်ပေ။ တစ်နည်းဆိုရလျှင် မာ(အ်)စူး(မ်) ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် လေးဆယ် (၄၀)

 

မည်သည့်အခါမျှလမ်းလွှဲ၊ လမ်းမှားမရောက် စေမည့်လွယ်ကူသောဆေးညွှန်း တစ်ခုသေ(ပ)ရာနီးအနေဖြင့် ဟွစ်(န)ဟဒီး(စ်) တော်အရ ဂျဘေ(ရ)ထံမှ တင်ပြရေးသားထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ အိုလူထု အပေါင်းတို့ အကျွန်ုပ်အနေဖြင့် အသင်တို့ကြား၌ ထိုအရာနှစ်ခုကို ထားပေးခဲ့မည်။ ဤအရာနှစ်ခုရှိနေသမျှ ကာလပတ်လုံး အသင်တို့သည် လမ်းမှား၊ လမ်းလွှဲမည် မဟုတ်ပေ။ ထိုအရာနှစ်ခု သည် အလ္လာဟ်အရှင်မြတ်၏ ကုရ်အာန်ကျမ်းတော်မြတ် စာအုပ် နှင့် အကျွန်ုပ်၏ အိုဟ်လေ့ဘိုက်(အ.စ) အနွယ်တော်မွန် ဖြစ်ပေသည်။

 

ဟဒီး(စ်)တော်လေးဆယ့်တစ် (၄၁)

 

တမန်တော်မြတ်ကြီး(ဆွ) အသနားခံ လျောက်ထားမှု့သည် အဟ်လေ့ဘိုက်(အ.စ)ကို အချစ်မေတ္တာ ထားသူများအတွက်သာ သီးသန့်ဖြစ်ပေသည်။

ခါသီး(ပ်)ပေသွဂ်သာသီး မိမိ၏သမိုင်းစာအုပ် ၌ဟဇရတ်(သ)အလီ(အ.စ)မှတဆင့် လျောက်ထားတင်ပြသည် မှာတမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည့်အနက် အကျွန်ုပ်အွရ်မသ် နောက်လိုက်များထဲမှမည်သူမဆို အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ)အား အချစ်မေတ္တာထားမည်ဆိုလျှင် အကျွန်ုပ်၏ အသနားခံလျောက်ပေးခြင်းခံရသောသူ ဖူးစာရှင် အဖြစ်သတ်မှတ် ခံရပေမည်။

 

 

ဟဒီး(စ်)တော်လေးဆယ့် နှစ် (၄၂)

 

တမန်တော်မြတ်ကြီး(ဆွ)သည် ပထမဦးဆုံး အလ္လာဟ်အရှင်မြတ်ထံ မိမိ၏ အဟ်လေ့ဘိုက်(အ.စ) အတွက်အသနားခံ လျောက်ထားပေမည်။

သေ(ပ)ရာနီးမှ အပ်သွလ်လ္လာဟ် အစ်(ပ)နေ အိုရ်မာရ်မှတဆင့်ရေးသားတင်ပြထားသည်။ တမန်တော်မြတ် ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - ပထမဦးဆုံး အကျွန်ုပ်အနေ ဖြင့် အသနားခံလျောက်ထားမည့်သူများဟာ အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ)ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော်လေးဆယ့်သုံး (၄၃)

 

တမန်တော်မြတ်ကြီး(ဆွ)သည် ကမ္ဘာ့တရား စီရင်မည့်နေ့၌ ကျမ်းမြတ်ကုရ်အာန် နှင့် အဟ်လေ့ဘိုက်(အ.စ) တို့ကို ပတ်သက်ပြိး အမေးအမြန်း လုပ်ပေမည်။

သေ(ပ)ရာနီးမှ အပ်သွရ်မိုသာလပ်ပင်(န) အပ်သွယ်လ္လာဟ်ပင်(န)ဟင်(န)သွပ်မှ တဆင့် ၄င်းအနေဖြင့် မိမိ၏ ဖခမည်းတော်ထံမှတဆင့် လျှောက်ထားရေးသားထား သည်မှာ တမန်တော်မြတ်ကြီး(ဆွ)သည် ဂျို(ဟ)ဖာလိုခေါ်သည့် နေရာ၌ အကျွန်ုပ်တို့အကြားတွင် ခွသ်ဘာမိန့်ကြားတော်မူသည်။ ဒီခွသ်ဘာ၌ ဤကဲ့သို့ မိန့်ကြားတော်မူ၏အကျွန်ုပ်(မိုဟာမ္မဒ်(ဆွ)) သည် အသင်တို့ အသက်ဇီစိန်များကို အသင်တို့ထက်ပိုပြီး အသုံးပြုခွင့် မရှိသလော! အားလုံးအဖြေတစ်ခုတည်းပေးကြသည် မှာ ဘာဖြစ်လို့မရှိရမလည်း အိုအလ္လာဟ်အရှင်နှင့် တမန်တော် မြတ်ကြီး(ဆွ)သာလျှင် အကျွန်ုပ်၏ အသက်ဇီစိန်များအပေါ် အကျွန်ုပ်တို့ထက် ပိုပြီး အသုံးပြုပိုင်ခွင့်ရှိပေသည်။ ထိုအချိန်၌ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော် မူသည်မှာ အကျွန်ုပ်အနေဖြင့် (ကမ္ဘာ့တရားစီရင်မည့်နေ့) အသင်တို့အား နှစ်ခုသော်အရာနှင့်ပတ်သက်ပြီး မေးမြန်းပေးမည်။ တစ်ခုကား ကျမ်းတော်မြတ်ကုရ်အာန်ဖြစ်ပြီး နောက်တစ်ခုသည်ကား အကျွန်ုပ်၏ အမျိုးအနွယ် အဟ်လေ့ဘိုက်(အ.စ) ဖြစ်ပေသည်။ (အသင်တို့ ဤအရာနှစ်ခုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆက်ဆံ ပြုမူခဲ့ကြသနည်း?)

 

 

 

ဟဒီး(စ်)တော် လေးဆယ့်လေး (၄၄)

 

ကမ္ဘာ့တရားစီရင်မည့်နေ့၌ လေးခုသော်အရာ နှင့် ပတ်သက်ပြီးမေးမြန်းခြင်းပြုလုပ်ပေမည်။

သေ(ပ)ရာနီး နှင့် အစ်(ပ)နေအဘာစ်မှ တဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ ကမ္ဘာ့တရားစီရင်မည့်နေ့၌ အလ္လာဟ်၏ ဘန်ဒါ (ကျေးကျွန်) များထဲမှ မည်သူမျှလေးခုသော်အရာနှင့် ပတ်သက်ပြီး အမေးအမြန်း မခံရခြင်း ခြေတစ်လှမ်းပင် တိုးလို့ ရမည်မဟုတ်ပေ။

၁။ မိမိ၏ သက်တမ်းတစ်လျောက်လုံး ဘ၀တစ်ခုလုံးကို မည်ကဲ့သို့ အသုံးပြုခဲ့သနည်း?

၂။ မိမိ၏ ကိုယ်ခန္ဓာကို၊ ဘယ်နေရာ၌ ပျက်စီးခဲ့သနည်း။

၃။ စီးပွားမည်သည့်လမ်းဖြင့် ရှာဖွေခဲ့ပြီး (၀င်ငွေ) ကို မည်သို့သော အလုပ်များအတွက် အသုံးပြုခဲ့သနည်း?

၎။ အကျွန်ုပ် အလ်လေ့ဘိုက်(အ.စ) နှင့်ပတ်သက်ပြီး အချစ်မေတ္တာ ထားခဲ့ကြသလော! (သို့မဟုတ်) မထားခဲ့ကြသလော! ?

 

 

ဟဒီး(စ်)တော်လေးဆယ့်ငါး (၄၅)

 

ပထမဦးဆုံးကောင်စဲရ်ရေကန်တော်၌ အဟ်လေ့ဘိုက်(အ.စ)သာလျှင် ၀င်ရောက်စံမြန်းလာပေမည်။

ဒေးလ်မီးမှ ဟဇရတ်(သ)အလီ(အ.စ) ထံမှ တဆင့် တင်ပြရေးသားထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ ပထမဦးဆုံး ကောင်စဲရ်ရေကိန်တော်၌ အကျွန်ုပ်၏ အလ်လေ့ဘိုက်(အ.စ) ပင်ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော်လေးဆယ်ခြောက် (၄၆)

 

မိမိ၏သား၊ သမီးရတနာများကို သုံးခုသော စကားနှင့် ပတ်သက်ပြီး အသိပေးနိုးတော်ပေးပါလေ။

ဒေးလ်မီးမှ ဟဇရတ်(သ)အလီ(အ.စ)ထံမှ တဆင့် ရေးသားတင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားသည်မှာ - မိမိ၏သား၊ သမီး ရတနာများအား ဒီသုံးခုသော အကျင့်များ ဖြင့် မွေးမြူ၊ စောင့်ရှောက် ကြီးထွားအောင် လုပ်ပါလေ။ (ဆိုလိုသည်မျာ သုံးခုသော်စကားကို အလေ့အကျင့် ပြုပေးဖို့ဖြစ်ပေသည်။) မိမိ၏ တမန်တော်မြတ်ကြီး(ဆွ) နှင့်ပတ်သက်ပြီး အချစ်မေတ္တာထားဖို့၊ အဟ်လေ့ဘိုက်(အ.စ) အား မိတ်ဆွေ သင်္ဂဟ (စစ်မှန်သော) အဖြစ်မြတ်နိုး တွယ်တာဖို့၊ ကျမ်းတော်မြတ်ကုရ်အာန် အား ဖတ်ရွတ်သရဇ္ဖယ် ဖို့ဖြစ်ပေသည်။ အကြောင်းသည်ကား ကုရ်အာန် ကျမ်းောတ်မြတ်အား ဖတ်ရွတ်သရဇ္ဖယ်ခြင်း ထို့နောက် အာဂုံဆောင် ကျက်မှတ်ခြင်း ပြုလုပ်သူများသည် အလ္လာဟ်၏ အရိပ်အာဝါသမှအပ၊ အခြားအရိပ်အာဝါသများ မရှိသည့် နေ့၌၊ အလ္လာဟ်အရှင်၏ အရိပ်အာဝါသ အောက်၌ ရှိပေမည်။ သို့သော် အလ္လာဟ်အရှင်၏ တမန်တော်များ အချစ်တော်များ နှင့်အတူ       (အလ္လာဟ်၏ သနားကြင်နာယုယမှု) ၏ အရိပ်အာဝါသအောက်၌ ရှိပေမည်။ (ဆိုလိုသည်မှာ တမန်တော်မြတ်(ဆွ) နှင့် အဟ်လေ့ဘိုက်(အ.စ) တို့အား ချစ်ဖို့လိုသည်။)

 

 

ဟဒီး(စ်) တော်လေးဆယ့်ခုနှစ် (၄၇)

အဟ်လေ့ဘိုက်(အ.စ) အားအချစ်မေတ္တာ ထားသူများသာလျှင် စေရသ်တံတား၌ မားမားမတ်မတ်ကြံ့ကြံ့ခံ ရပ်တည်နိုင်ပေမည်။

ဒေးလ်မီးမှ ဟဇရတ်(သ) အလီ(အ.စ) ထံမှ တဆင့် တင်ပြရေးသားထားသည်။ ရစူလ်လေအစ္စလာမ်(ဆွ) မိန့်ကြားတော်မူသည်မှာ-

စေရ်သ်တံတားပေါ်၌ ဖြတ်ကျော်သူများ အားလုံးထဲမှ ထိုသူများသာလျှင် ကြာမြင့်စွာ အကြာကြီး မားမား မတ်မတ် ရပ်တည်နိုင်ပေသည်။ ထိုသူများသည်ကား အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့် သာဝကကြီး များ (စစ်မှန်သော) ကို အရမ်းမြတ်နိုး အချစ်ထားကြသူများဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် လေးဆယ့်ရှစ် (၄၈)

 

ဆရက်(သ)များအား ပြုစုစောက်ရှောက် ကူညီသူများကို ခွင့်လွတ်ပလပ်ပြုစုပေးသနားပေမည်။

ဒေးလ်မီးမှ ဟဇရတ်(သ)အလီ(အ.စ) မှ တဆင့် ရေးသားတင်ပြသည်။ တမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ - ကမ္ဘာ့တရားစီရင်မည့်နေ့ ကေယာမတ်နေ့၌ လေးမျိုးလေးစားသော် လူသားအတွက် အကျွန်ုပ်အသနားခံလျောက်ထားပေမည်။

၁။ အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အားအရိုအသေ ပြုခြင်းနှင့် လေးစားခြင်းပြုလုပ်သူ။

၂။ အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) ၏ လိုအင်ဆန္ဒများကို ဖြည့်စွက်ပေးသူ။

၃။ အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ)၏ ဒုက္ခများကို ကူညီဖြေရှင်းပေးသူ၊ အဲဒီ ဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ သား၊ မြေး များကိုယ်တိုင် အံ့သြပြီး ဒုက္ခဖြစ်နေချန် ဖြစ်ပေသည်။

၎။ အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အား နှလုံးသား အပြင် နှုတ်ဖြင့်လည်း အချစ်မေတ္တာထားသူ။

* အထက်ပါဟဒီး(စ်) တော်အရ အဟ်လေ့ဘိုက်(အ.စ) အပြင် ဆရတ်(သ)များလည်း ပါဝင်ပေသည်။

 

 

ဟဒီး(စ်)တော် လေးဆယ့်ကိုး (၄၉)

 

အဟ်လေ့ဘိုက်(အ.စ) အား ကိုယ်စိတ်နှလုံး ဖြင့် ဒုက္ခပေးသူများအား အလ္လာဟ်အိုအရှင်မြတ်အရမ်း အမျက်ထွက်တော်မူသည်။

ဒေးလ်မီးမှ အဘူစအီးစွသ်ရီးမှ တဆင့် တင်ပြသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော် မူသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူအပေါ်အရမ်းအမျက် ထွက်တော်မူသည်။ အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အား (ကိုယ်စိတ်နှလုံး) ဖြင့် ဒုက္ခပေးခြင်းဖြင့် အကျွန်ုပ်အား နှိပ်စက်ဒုက္ခပေးသူဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် ငါးဆယ် (၅၀)

 

ခြောက်မျိုးခြောက်စားသော လူသားအား အလ္လာဟ်ဟိုအရှင်မြတ် အနေဖြင့် မကောင်းသော လူသား အဖြစ် သတ်မှတ်ပေသည်။

ဒေးလ်မီးမှ အဘူဟိုစိုင်းရ်မှတဆင့် တင်ပြသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်။ ခြောက်မျိုး၊ ခြောက်စားသော လူသားအား အလ္လာဟ်ဟိုအရှင် မြတ်အနေဖြင့် မကောင်းသောလူသား အဖြစ်မြင်တော်မူသည်။

၁။ အလ္လာဟ်ဟိုအရှင်မြတ်သည် အကြင်သူအပေါ် အမျက်ထွက်တော်မူသည်။ ထိုသူကား ၀မ်းပြည့်နေပြီးနောက် လည်း ထပ်မန်၍ စားသောက်သူဖြစ်ပေသည်။

၂။ အကြင်သူသည် မိမိ၏ အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်များကို မေ့လျော့နေသူဖြစ်ပေသည်။ (အမိန့်မနာခံသူဖြစ်ပေသည်။)

၃။ အကြင်သူသည် တမန်တော်မြတ်ကြီး(ဆွ)၏ ကျင့်စဉ်ကျင့်ရပ် စွန္နတ်တော် များအား ဥပက္ခာပြုသူ ဖြစ်ပေသည်။ (မကျင့်သုံးသူဖြစ်ပေသည်။)

၎။ အကြင်သူသည် ကတိမတည်သူ ထိုနောက် သစ္စာမရှိသူဖြစ် ပေသည်။

၅။ အကြင်သူသည် မိမိ၏ တမန်တော်၏ အမျိုးအနွယ်အား မနာလိုဝန်တို သူဖြစ်ပေသည်။

၆။ အကြင်သူသည် မိမိ၏ အိမ်နီးချင်းကို နှိပ်စက်ဒုက္ခပေးသူ ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် ငါးဆယ့်တစ် (၅၁)

 

ကောင်းမြတ်သော လူကောင်း ဆရက်(သ) အား ရိုသေပြီး မကောင်းမြတ်သော လူ မကောင်းဆရက်(သ) အား ခွင့်လွတ်ပေးထိုက်သည်။

ဒေးလ်မီးမှ အဘူစအီးခွသ်ရီးမှတဆင့် တင်ပြသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်။ အကျွန်ုပ်၏ အမျိုးအနွယ် ဆရက်(သ)များနှင့် အင်စာ (တမန်တော်မြတ်ကြီး(ဆွ) ဟီဂျရတ်လုပ်ခဲ့သည့် အချိန်၌ ကူညီခဲ့သူများ)သည် အကျွန်ုပ်၏အသဲနှလုံး နှင့် အကျွန်ုပ်မြတ်နိုး ရသူများ ဖြစ်ပေသည်။ ဒီအတွက်ကြောင့် ၄င်းတို့ထဲမှ လူကောင်းလူမွန်များ ဖြစ်လျှင် ရိုသေလေးစားပေးပါ။ ထို့နောက် ၄င်းတို့ထဲမှ လူမကောင်း၊ မမွန်သူများဖြစ်လျှင် ခွင့်လွတ်ပေးပါ။

 

 

ဟဒီး(စ်)တော် ငါးဆယ့် နှစ် (၅၂)

 

ဟဇရတ်(သ)အပ်ဘိုလ် မိုအာလမ်း(ပ)၏ သား၊ သမီး များအပေါ် ကျေးဇူးပြုခဲ့သော် ကျေးဇူးများ အား တမန်တော်မြတ်ကြီး(ဆွ) ပြန်လည်ပြီး ကျေးဇူးဆပ်ပေမည်။

အဘူနအီး(မ)သည် မိမိစာအုပ် (အာရဘီစာ) ၌ အွန်(မ)စန်လင်(န) အိုမန်း(န) မှတဆင့် တင်ပြသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊ သမီး များ အနက်မှ မည်သူကို မို တစ်ဦးတစ်ယောက် အပေါ်၌ ဤဆန္ဒလောက တွင် ဘယ်လိုကျေးဇူး ဖြစ်ဖြစ် ပြုခဲ့မည်။ ထို့နောက် ထိုကျေးဇူး အပြုခံရသူသည် ဤ ဆန္ဒလောက၌ ပြန်လည်ပြီး ကျေးဇူးမဆပ်နိုင်ခဲ့လျှင် အကျွန်ုပ်သည် ကေယာမတ် နေ့၌ ၄င်း၏ ကိုယ်စား ကျေးဇူးပြန်ဆပ်ပေးမည်။

 

 

ဟဒီး(စ်) တော် ငါးဆယ့် သုံး (၅၃)

 

ကမ္ဘာ့တရားစီရင်မည့်နေ့၌ ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊ သမီး များအပေါ် ပြုခဲ့သော ကျေးဇူးများ အား တမန်တော်မြတ်ကြီး(ဆွ) ပြန်လည် ပေးဆပ်မည်။

ခါသီး(ပ်)ပေသွဂ်သာသီးမှအွန်(စ)မန်းပင်(န)အိုမန်း(န) မှ တဆင့် တင်ပြသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - အကြင်သူသည် ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊သမီး များအနက်မှ မည်သူကို မဆို တစ်ဦးတစ်ယောက်အပေါ်၌ ဤဆန္ဒလောကတွင် (ဘယ်လို)ကျေးဇူးဖြင့် ပြုခဲ့မည်။ ( ထိုကျေးဇူးကို ကျေးဇူးအပြုခံ ရသူ ဤဆန္ဒလောက၌ ပြန်မဆပ်နိုင်ခဲ့မည်။) ဆိုလျှင် ကမ္ဘာ့တရားစီရင်မည့် နေ့၌ အကျွန်ုပ်နှင့် တွေ့ဆုံသည့် အခါ ၄င်း၏ ကျေးဇူးကို ပြန်ပေးဆပ်ပေးဖို့ အကျွန်ုပ်အဖို့ ၀ါဂျစ်(ပ) (မပြုမနေရ) ဖြစ်ပေသည်။

 

 

ဟဒီး(စ်)တော် ငါးဆယ့်လေး (၅၄)

 

အဟ်လေ့ဘိုက်(အ.စ)အပေါ်တွင်ပြုခဲ့သူ ကျေးဇူးများအား ကမ္ဘာ့တရားစီရင်မည့်နေ့၌ တမန်တော် မြတ်ကြီး(ဆွ) ပြန်ဆပ်ပေမည်။

အစ်(ပ)နေအစာကဲရ်မှ ဟဇရတ်(သ) အလီ(အ.စ) ထံမှတဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ -

အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) ထဲမှ မည်သူတစ်ဦးတစ်ယောက်အား ကျေးဇူးပြုခဲ့မည် ဆိုလျှင် ကမ္ဘာ့တရားစီရင်မည့် နေ့၌ အကျွန်ုပ်သည် ၄င်း၏ကျေးဇူးကို ပြန်ဆပ်ပေးမည်။

 

 

ဟဒီး(စ်) တော် ငါးဆယ့်ငါး (၅၅)

 

အဟ်လေ့ဘိုက်(အ.စ)အားမြဲမြန်ခိုင်ခံ့စွာ အဆက်အသွယ်ပြုထားလျှင် လွတ်မြောက်အောင်မြင်မှုကို ဆွတ်ခူးရပေမည်။

ဗာဝါရ်ဒီးမှ အဘူစအီးဒ်ခူသရီးမှ တဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူ သည်မှာ - အသင်တို့၏အကြား၌ ဤကဲ့သို့သော်အရာနှစ်ခုကို ထားပေမည်။ (အသင်တို့) ဤ အရာနှစ်ခုနှင့် မြဲမြန် ခိုင်ခိုင်ခံ့ခံ့ အဆက်အသွယမပြတ်ထား၊ ထားမည်ဆိုလျှင် ဘယ်သော်အခါမျှ လမ်းမှား၊ လမ်းလွှဲ၊ လမ်းချော်မည်မဟုတ်ပေ။ ထိုအရာနှစ်ခု သည် (ကျမ်းတော်မြတ်ကုရ်အာန်) အလ္လာဟ်ဟိုအရှင်၏စာအုပ် ဖြစ်ပေသည်။ ၄င်း(စာအုပ်)၏ တစ်ဖက်အစွန်းသည် အလ္လာစ်အရှင်၏ လက်တော်၌ရှိပေသည်။ ထို့နောက်အစွန်း တစ်ဖက်သည်အသင်တို့၏ လက်ထဲ၌ရှိပေသည်။ ထို့နောက် ဒုတိယအရာသည် အကျွန်ုပ်၏ အနွယ်တော်မွန်            (အဟ်လေ့ဘိုက်(အ.စ)) ဖြစ်ပေသည်။ ဒီအရာနှစ်ခုသည် ဘယ်သော်အခါမျှ - တစ်ခုနှင့် တစ်ခု ကွဲလွဲ၊ ကွဲကွာ သွားမည်မဟုတ်ပေ။ အကျွန်ုပ်ထံအတူတူ (မကွဲ၊ မလွှဲ၊ မကွာ) ပဲ ကောင်စဲရ် ရေကန်တော်အထိ ရောက်လာကြပေမည်။

 

 

ဟဒီး(စ်)တော် ငါးဆယ့်ခြောက် (၅၆)

 

အလ္လာဟ်ဟိုအရှင်၏ စာအုပ်(ကုရ်အာန်) နှင့် အဟ်လေ့ဘိုက်(အ.စ) ရစူလ်(ဆွ) သာလျှင် အွန်မသ်နောက် လိုက်များ၏ နေဂျသ် လွတ်မြောက်အောင်မြင်မှု၏ အမှီအငြမ်း ဖြစ်ပေသည်။

အဟ်မဒ်နှင့် သေ(ပ)ရာနီးမှ စိုက်ပင်(န) စာဗစ်(သ)မှ တဆင့်ရေးသားတင်ပြသည်။ တမန်တော်မြတ်ကြီး (ဆွ)မိန့်ကြားတော်မူသည်မှာ - အသင်တို့အကြား၌ နှစ်ပေါးသော ခါလီဖာ (ကိုယ်စားလှယ်) ထားပေမည်။ တစ်ခုသည်ကား အလ္လာဟ်ဟိုအရှင်၏စာအုပ်(ကုရ်အာန်ကျမ်းတော်မြတ်) ဖြစ်ပေသည်။ အကြင်(စာအုပ်)သည် မိုးကောင်းကင်နှင့် မြေပြင် အကြား ကြိုးပမာတန်းလှမ်းလျက်ရှိပေသည်။ (ဆိုလိုသည်မှာ အလ္လာဟ်၏စာအုပ်သည်ကြိုးပမာဖြစ်ပေသည်။ ၄င်းကြိုး၏ အစွန်းတစ်ဖက်သည် မိုးကောင်းကင်၌ ရှိပေသည်။ ၄င်းအစွန်းသည် အလ္လာဟ်၏ လက်တော်၌ ရှိပေသည်။ ထိုနောက်ဒုတိယအစွန်းတစ်ဖက်သည် မြေပြင်ပေါ်၌ရှိပေသည်။ ၄င်းအစွန်းသည် အသင်တို့၏ လက်ထဲ၌ရှိပေသည်။ ထို့နောက်ဒုတိယတစ်ခုကား အကျွန်ုပ်၏ အနွယ်တော်မွန် အဟ်လေ့ဘိုက်(အ.စ) ဖြစ်ပေသည်။ ဒီအရာနှစ်ခုသည်ကား မည်သည့်အခါမျှ တစ်ခုနှင့်တစ်ခု ကွဲလွဲ၊ ကွဲကွာ မည်မဟုတ်ပေ။ အကျွန်ုပ်ထံ အတူတူ (မကွဲ၊မလွှဲ၊ မကွဲကွာ) ပဲ ကောင်စဲရ် ရေကန်တော် အထိရောက်လာပေမည်။

 

 

ဟဒီး(စ်)တော် ငါးဆယ့် ခုနှစ် (၅၇)

 

ခြောက်မျိုးခြောက်စားသော လူသားများ အပေါ်အလ္လာဟ်အရှင်မြတ်နှင့် ၄င်း၏ တမန်တော်မြတ်ကြီး(ဆွ) လာ(အ်)နတ်(ကျိန်စာ)ပို့ထားပေသည်။

သေး(ရ)မီးစီး၊ ဟာကင်း(မ)နှင့် ပေ(ဟ)ကီး (စာအုပ်အမည် - အာရဘီစာ ၌ မရ်ဖူးဟဒီး(စ်)အဖြင့်) ဂျနာပေ အာအေရှာထံမှ တဆင့်တင်ပြထားသည်။ တမန်တော်မြတ်ကြီး (ဆွ)မိန့်ကြားတော်မူသည်မှာ - ခြောက်မျိုးခြောက်စားသော် လူသား များအပေါ် အကျွန်ုပ်ကိုယ်တိုင် ထိုနောက် အလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တိုင်နှင့် ဆုတောင်းပြည့် နဘီတမန် တော်တိင်း လာ(အ်)နတ်(ကျိန်စာ) ပျု့ထားပေသည်။ ထိုခြောက်မျိုး ခြောက်စားလူသားများ ဒီလူများဖြစ်ကြပေသည်။

၁။ အကြင်သူသည် အလ္လာဟ်၏စာအုပ်၌ (ကုရ်အာန်၌) အပိုထည့်ထားမည်။ (ဒီခေတ်ကာလ၌ ပို၍များပေသည်။ မိမိတို့စိတ်ထင် ၊ အမြင်အရ အဓိပ္ပာယ် ပြန်ဆိုကြပေသည်။)

၂။အကြင်သူသည် အလ္လာဟ်ဟိုအရှင်မြတ်၏ (ကာဇနှင့်ကသ်) (သတ်မှတ်ထားသောဖူးစာ ကံများ၊ နစီးပ်များ) နှင့် ပတ်သက်ပြီး လိမ်လည်၊ လက်မခံခြင်းပြုသူဖြစ်သည်။

၃။အကြင်သူသည် အာဏာကို အတင်း အဓမ္မသိမ်းယူပြီး ၄င်းအာဏာ အားကိုးဖြင့် အလ္လာဟ်ဟို အရှင်မြတ် (မုန်းတီးပြီး) သိက္ခာမပေးသူ များကို ဂုဏ်သိက္ခာပေးခြင်းနှင့် အလ္လာဟ်ဟိုအရှင်မြတ် သိက္ခာဂုဏ် ပေးထားသူများကို ဂုဏ်သိက္ခာချခြင်းနှင့် သိက္ခာမပေးခြင်း ပြုသူဖြစ်ပေသည်။

၎။အကြင်သူသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသော ဟရာမ်အရာများကို ဟလာအဖြစ် ထင်မှတ် သတ်မှတ်သူဖြစ်သည်။

၅။အကြင်သူသည် အလ္လာဟ်အရှင်မြတ်အနေ ဖြင့်ဂုဏ်သိက္ခာပိုင်ရှင် အဖြစ်သတ်မှတ်ထားသော အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ)၏ သိက္ခာချခြင်းကို ဟလာ အဖြစ် သတ်မှတ်ထားသူဖြစ်ပေသည်။

၆။အကြင်သူသည် အကျွန်ုပ်၏ စွန္နတ်တော်ကို ဥပက္ခာပြုပြီး မကျင့်သုံးသူဖြစ်သည်။

 

 

ဟဒီး(စ်)တော် ငါးဆယ့်ရှစ် (၅၈)

 

ခြောက်မျိုးခြောက်စားသော်လူသားများသည် ရစူလ်(ဆွ) နှင့် အလ္လာဟ်ဟိုအရှင်မြတ်၏ အမြင်၌ မလ်အူး (ကျိန်စာသင့်ထားသူများ) အဖြစ် မြင်တော်မူသည်။

သာရိလ်ကက်(သ)နီး မိမိ၏စာအုပ် (အာရဘီစာ) ၌ ထို့နောက်ခါသီး(ပ်) ပေသွဂ်သာသီး မိမိ၏ စာအုပ် (အာရဘီစာ) ၌ ဟဇရတ်(သ)အလီ(အ.စ) ထံမှတဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည် မှာ - ခြောက်မျိုးခြောက်စားသော လူသားများအပေါ် အကျွန်ုပ်ကိုယ်တိုင် အလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တိုင် ထို့နောက် ဆုတောင်း ပြည့် နဘီတမန်တော်တိုင်း လာ(အ်)နတ် (ကျိန်စာ) ပို့ထားပေသည်။ ထိုခြောက်မျိုး ခြောက်စားသော် လူသားများ သည် ဒီလူများဖြစ်ကြပေသည်။

၁။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ စာအုပ် (ကုရ်အာန်) ၌ အပိုထည့်သူ။

၂။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ (ကာဇာ နှင့် ကဘ်) သတ်မှတ်ထားသော ဖူးစာကံများ၊ နင်္စးပ်များနှင့် ပတ်သက်ပြီး လိမ်လည်လက်မခံသူ။

၃။အကြင်သူသည် အကျွန်ုပ်၏စွန္နတ်တော် ကို(မထီလေးစားပြုပြီး၊ မကျင့်သုံးပဲ၊ ပေသာအတ် (အသစ်အဆန်းများ) ဒီးန်အတွက် ကျင့်သုံးသူ။ )

၎။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အနေဖြင့် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့်ပတ်သက်ပြီး မပြုလုပ်ရမည့် (ဟရာမ်) အလုပ်များကို ဟာလာ အဖြစ်သတ်မှတ်သူ။

၅။အကြင်သူသည် အကျွန်ုပ် အွန်မသ်အပေါ် (အမျိုးမျိုးသော်အား) ဖြင့် အတင်းအဓမ္မ အာဏာပိုင်လုပ်မည်။ ထို့နောက်( ၄င်းအာဏာဖြင့်) အလ္လာဟ်အရှင်မြတ် (မုန်းတီးပြီး ) သိက္ခာဂုဏ်မပေးသူများကို ဂုဏ်သိက္ခာပေးသူ နှင့် ဂုဏ်သိက္ခာပေးထားသူများကို ဂုဏ်သိက္ခာချသူ။

၆။အကြင်တော်သားများ၊ အကြင်သူမများသည် အလ္လာဟ်အရှင်နှင့် ရစူလ်(ဆွ) ဘက်သို့ဦးလှည့် ပြီးနောက်၊ နောက်တစ်ဖန် (ဂျဟေလီးယက်၊ ကဖေရ်ခေတ်) ဘက်သို့ ပြန်လှည့်သွားသူ။

 

 

ဟဒီး(စ်)တော် ငါးဆယ့်ကိုး (၅၉)

 

သုံးခုသော်အရာသည် ဤကဲ့သို့ ဖြစ်ပေသည်။ ၄င်းအရာဖြင့် ဒီး(န) သာသနာနှင့် လောကီအား ထိန်းသိမ်းစောင့်ရှောက်နိုင်ပေသည်။

ဟာကင်း(မ) မိမိသမိုင်းစာအုပ်၌ ထို့နောက် ဒေးလ်မီးမှ အဘူဝါအီးခူသ်ရီးမှ တဆင့်တင်ပြသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - သုံးခုသောအရာသည် ဤကဲ့သို့ဖြစ်ပေသည်။ အကယ်၍ မနုဿလူသားအနေဖြင့် ၄င်းအရာသုံးခုအားထိန်းသိမ်း စောင့်ရှောက်မည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်သည် ၄င်း၏ ဒီး(န)သာသနာ နှင့် လောကီ(ဘ၀)ကို ထိန်းသိမ်းစောင့်ရှောက် ပေးမည်။ ထို့နောက် အကြင်သူသည် ဤသုံးခုအား ထိန်းသိမ်းစောင့်ရှောက်ရမည့် အစား အလဟဿအချည်းအနှီး ဖြစ်အောင်လုပ်မည်ဆိုလျှင်၊ အလ္လာဟ်ဟိုအရှင်မြတ်သည် ၄င်း၏ မည်သည့်အရာ (ဒီး(န)) နှင့် (လောကီ) ကိုထိန်းသိမ်း စောင့်ရှောက် ပေးမည်မဟုတ်ပေ။ ၄င်းအရာသုံးခုသည် ဒီအရာများ ဖြစ်ပေသည်။

၁။   အစ္စလာမ်သာသနာတော်အားလေးစားခြင်း၊ ရိုသေခြင်း။

၂။   အကျွန်ုပ်(မိုဟာမ္မဒ်(ဆွ)) အား လေးစားရိုသေခြင်း။

၃။   အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အားလေးစားရိုသေခြင်း။

 

 

ဟဒီး(စ်)တော် ခြောက်ဆယ် (၆၀)

 

တစ်လောကလုံး၌ အကောင်းတကာ့ အကောင်းဆုံး လူမျိုးသည်ကား ဘနီဟာရှင်(မ) လူမျိုးဖြစ်ပေသည်။

ဒေးလ်မီးမှ ဟဇရတ်(သ)အလီ(အ.စ)မှ တဆင့်တင်ပြထားသည်။ တမန်တ်ာမြတ်ကြီး(ဆွ) မိန့်ကြားတော် မူသည်မှာ - အားလုံးသော မနုဿလူသားများ၌ အကောင်းဆုံးသော၊ မနုဿလူသားသည် အာရပ်လူသား ဖြစ်ပေသည်။ ထို့နောက် အာရပ်လူသား (လူမျိုး) များ၌ အကောင်းဆုံး (လူမျိုး) သည် ကိုရိုဒ်(ရှ်) အမျိုးအနွယ် ဖြစ်ပေသည်။ ထို့နောက် ကိုရိုဒ်(ရှ်) (လူမျိုး)          များ၌ အကောင်းဆုံး လူမျိုးသည် ဘနီဟာရှင်(မ) ဖြစ်ပေသည်။

(خیرالناسالعربوخیرالعربالقریشوخیرقریشبنوهاشم)

251 / END