အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၃ ဇန်နဝါရီ ၂၀၁၉

၁၅:၀၂:၁၁
926047

မိမိ သမီး အား ဖွာတေမာ (စ.အ) အမည် ပေးထားလျှင် သတိရှိ ပါ

မိမိ သမီး အား ဖွာတေမာ (စ.အ) အမည် ပေးထားလျှင် သတိရှိ ရန် နှင့် သခင်မကြီး ဟဇရသ် ဖွာသွေမာ (စ.အ) သည် မည်မျှ အရေး ကြီး ရိုသေလေးစားထိုက်ကြောင်း အောက်ဖော်ပြပါ ရီဝါယသ် တော် ဖြင့် သိနိုင်ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

 

စကူနီရီဝါယသ် တင်ပြပါတယ်။ တစ်နေ့ ကျနော် ဝမ်းနည်းပူဆွေးနေသည့် အခြေအနေ တွင် အေမာမ် ဂျအ်ဖရ်ဆွာဒစ်ခ် (အ.စ) ထံတော် ဝယ် ခစားခဲ့ပါတယ် ။

 

အေမာမ် (အ.စ) အနေဖြင့် ကျနော် အခြေအနေ ကို တွေ့ရှိပြီး မေးပါတယ်…

အို …စကူနီ ..ဘာကြောင့် ဒီလောက်တောင်ဝမ်းနည်းပူဆွေးနေရတာ တုန်း ?

ကျနော် အနေဖြင့် လျှောက်ထားလေ၏။ ကျနော်အိမ်မှာ သမီးလေး မွေးပါတယ် …

 

ထိုအချိန် အေမာမ် (အ.စ) မိန့်လေ၏။ အို စကူနီ …

အသင်သမီး ၏ အလေးချိန် ကို မြေကြီး မှ ၊ မ ထပါတယ်…

သူမ အတွက် စားနပ်ရိက္ခာ ၏ တာဝန် အလ္လာဟ် ဟို အရှင်မြတ် ၏ တာဝန် ဖြစ် ပါတယ် …

သူမအနေဖြင့် ကိုယ်တိုင်ဘဝ တည်ဆောက်လေမည်။ ( အသင်၏ ဘဝတွင် သမီး ကြောင့် မည်သည့် အရာမျှ လျော့ နည်းသွားမည် မဟုတ်ချေ … )

အသင်စားနပ်ရိက္ခာ ဖြင့် စားမည်မဟုတ်ချေ ။ ( တစ်နည်းအား ဖြင့် ကိုယ်စရိတ် ကိုယ် သယ်လာ ပေသည်)

 

စကူနီ ပြောလေ၏။ အေမာမ်၏ မိန့်မှာ သည့် စကားများကြောင့် ကျွန်ုပ် ဝမ်းနည်း ပူဆွေးမှု ပျောက် သွားလေ၏။

 

ပြီးနောက် အေမာမ် (အ.စ) မှ မေးခွန်း မေးလေ၏။ အို စကူနီ … အဲ သမီးနာမည် ဘာ မှည့် ထားလဲ ?

 

ကျနော်လျှောက်ထားလေ၏။ မောင်လာ သမီးနာမည် ကို ဖွာသွေမာလို့ မှည့်ထား ပါတယ် …

 

အေမာမ် (အ.စ) အနေဖြင့် နားထောင်ရင်း အာ … အာ … ဝမ်းနည်းသံ ထုတ်၍ ပြောကြားရင်း မိမိလက်တော်ကို နဖူးအပေါ် တင်လေ၏ ...

တနည်း အားဖြင့် ကိုယ်တော် (အ.စ) အနေဖြင့် ငိုတော်မူပြီး မိန့်လေ၏ … အို …စကူနီ … အခု အသင် အနေဖြင့် ဒီ သမီးလေး အမည် ကို ဖွာသွေမာ လို ထားထားသည်ဆိုတော့ သတိရှိပါလေ …

 

မည်သည့် အခါ သူမ ကို မသင့်တော်တာ မပြောနှင့် … ( မဆဲ နှင့် … )

မည်သည့် အခါ မှ သူမကို ပါး မရိုက် ပါနှင့် …

မည်သည့်အခါမှ သူမကို မမုန်းပါနှင့် …                     

 

ဘာကြောင့်လည်း ဆိုတော့ ဤနာမည်သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အနီးတော် တွင် လေးစားရသည့် အမည် ဖြစ်ပါတယ် … အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် မိမိ ၏ အချစ်တော် ကျွန်မ ဆစ်ဒီကာ သခင်မ အတွက် မိမိ ဇာသ် (ذات) အမည်နှင့် မွရှ်သက် (مشتق ) လုပ်ထားပါတယ် …

 

ကျမ်းကိုး

 

وسائل الشیعه، حرعاملی، ج21، ابواب احکام الاولاد، باب 87، ح1، ص482، ط آل البیت.

===========================

251 / END