အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၄ ဧပြီ ၂၀၁၉

၁၇:၀၃:၃၈
938223

အဲဟ်လေ့ဘိုက် (အ.စ) ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အဇါးဗ်ကို မကျတော်မူ ခြင်း

အဲဟ်လေ့ဘိုက် (အ.စ) ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အဇါးဗ်ကို မကျတော်မူ ခြင်း အကြောင်း လေါလာ ကြပါစို့ ...

 

အဲဟ်လေ့ဘိုက် (အ.စ) ကြောင့် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် အဇါးဗ်ကို မကျတော်မူ ခြင်း

ကျမ်းတော်မြတ်ကုရ်အာန် စူဟ်အမှတ် ၇ အာယသ်တော်အမှတ် ၃၃ တွင် အလ္လာဟ်ဟို အရှင်မြတ် သခင်သည် ဤကဲ့သို့ မိန့်ကြား တော်မူထားပါသည်။

 

وَمَا كَانَ اللَّهُ لِيُعَذِّبَهُمْ وَأَنْتَ فِيهِمْ ۚ وَمَا كَانَ اللَّهُ مُعَذِّبَهُمْ وَهُمْ يَسْتَغْفِرُونَ

 

အလ္လာဟ်ဟိုအရှင်မြတ် သခင်သည် ၎င်းတို့ အပေါ် ထိုအချိန်အထိ ပြစ်ဒဏ်ချပေး တော်မူမည်မဟုတ်ပေ ။ ၎င်းတို့အကြား တမန်တော်မြတ်ကြီး (ဆွ)ရှိနေ သမျှ ကာလ ပတ်လုံး ဖြစ်ပါသည်။ ပြီးနောက် လူထုအနေဖြင့် ၎င်း(အလ္လာဟ်)ထံ မိမိတို့၏ အပြစ် များ ကိုဝန်းချတောင်းပန်နေသည်ကို အလ္လာဟ်ဟိုအရှင်မြတ် အနေဖြင့် ၎င်းတို့ အပေါ် ပြစ်ဒဏ်ပေးမည်မဟုတ်ချေ။

 

အာယသ်တော်၏ သဖ်စီ

 

အလာမာအေဗ်နေဟဂ်ျရ်မက်ကီ အနေဖြင့် ရှီအဟ် အားတုံ့ပြန် သည့် စာအုပ် (ဆဝါ အေကို မော်ဟရေက) တွင်ရေးသားထားပါတယ် ။ သို့သော်လည်း ရှီအဟ် အာလင် မိုဖာစေရို ကုရ်အာန် ဟာဖေဇ် ဖရ်ဖန်အလီ အနေဖြင့် ဤအာယသ်တော်၏ သဖ်စီး အား (ဆဝါ အေကို မော်ဟရေက) စာအုပ်မှ ရီဝါယသ် တော် တစ်ခု ကို ကူးယူ ဆင့်ပြန် ထားပါတယ် ။

 

အလာမာအေဗ်နေဟဂ်ျရ်မက်ကီ အနေဖြင့် ဤအာယသ်တော်အား အဲဟ်လေ့ဘိုက် (အ.စ) ၏ ဖှဇီလသ် ကိုတင်ပြသည့် အာယသ်တော်များတွင် ထည့်သွင်း ဖော်ပြ ထားပါတယ်။ သို့ဖြစ်ပါ၍ ရေးသားထားပါတယ် ။ တမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) အနေဖြင့်အရိပ်ပြ မိန့်ကြားတော်မူသည်မှာ - (( ကျွန်ုပ်သည် မြေပထဝီ ပေါ်တွင် နေထိုင် သူများ အတွက် ခိုလုံရာ အကြောင်းခံ ဖြစ်သကဲ့သို့ ကျွန်ုပ်၏ အဲဟ် လေ့ဘိုက် (အ.စ) သည်လည်း ငြိမ်းချမ်းမှု နှင့် အဇါးဗ်ဗေ အေလာဟီ မှ ထိန်းသိမ်း ပေးမှု အတွက် အကြောင်းခံဖြစ်ပါတယ်။ ))

 

ကျမ်းကိုး ။ ။ မိုဖာစေရို ကုရ်အာန် ဟာဖေဇ် ဖရ်ဖန်အလီ ၏ ဘာသာပြန် ကုရ်အာန် ကျမ်း စာမျက်နှာ ၂၄၅

 

အခုလို အစွဲအလန်း ရှိ အစွန်းရောက်နေသည့် ရှီအဟ် မုန်းတီးနေသည့် အာလင်မ် တစ်ပါးအနေဖြင့် အခု လို အဲဟ်လေ့ဘိုက် (အ.စ) နှင့်ပတ်သက်သည့် အမှန်တရား ရီဝါယသ်တော် တစ်ခု ကိုဆင့်ပြန် ခြင်းသည် မိုအ်ဂျေဇာ တစ်ခု ဖြစ်ပါတယ်။

 

ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ကျနော်၏ ဆရာ အာယာသိုလ္လာဟ် အလ်အိုဇမာ ဝဟီးဒ် ခိုရာစာနီ အနေဖြင့် မိမိမိုဂ်ျသဟစ်များကို စာသင်ပေးနေချိန် သင်တန်းတွင် မိန့်ကြားပါတယ်။ အဲအချိန်အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) ၏မွေးနေ့ အချိန်အခါ (ရဂျဗ်လ ၁၃ရက်နေ့) နှင့်ပတ်သက်ပြီး ကိုယ်တော်အလီ (အ.စ) ၏ ဖီဇီလသ်တော်များဘက်သို့ အရိပ်ပြပြီး မိန့်ကြားပါတယ်။

 

((ကျွန်ုပ်တို့ ရှီအဟ် မဇ်ဟပ်ကိုတုံ့ပြန်ရေးသားသည့် စာအုပ်အတွင်း ကျွန်ုပ်တို့၏ မှန်ကန်မှုကို ထောက်ပြနေသည့် ရီဝါယသ်တော်များ လာရှိနေခြင်းသည် မိုအ်ဂျေဇာ တစ်ခု ဖြစ်ပါတယ် ။))