အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၁ ဩဂုတ် ၂၀၁၉

၁၆:၄၇:၀၅
966284

မဟာတမန်တော်မြတ်ကြီးမိုဟမ္မဒ် (ဆွ) သားတော် ဟဇရသ် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ၏ ရှဟာဒသ် အချိန်အခါ ဖြစ်၍ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံတွင် ဝမ်းနည်းကြေကွဲ မှု များဖြင့် ပူဆွေးနေပါတယ်။


မဟာတမန်တော်မြတ်ကြီးမိုဟမ္မဒ် (ဆွ) သားတော် ဟဇရသ် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ၏ ရှဟာဒသ် အချိန်အခါ ဖြစ်၍ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံနှင့်ကမ္ဘာ့ နိုင်ငံ အသီးသီး တွင် မဂျလစ်များကျင်းပ၍ ဝမ်းနည်းကြေကွဲ မှု များဖြင့် ပူဆွေးနေပါတယ်။

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ တစ်နိုင်ငံ လုံးတွင် အေမာမ် ဂျဝါဒ် (အ.စ) ၏ ရှဟာဒသ် ၏ ည ဖြစ်၍ ဝမ်းနည်း ကြေကွဲ ခြင်း အဇါဒါရီ ပြုလုပ်ခြင်း ဖြင့် ပူဆွေး နေပါတယ်။ အထူးသဖြင့် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ရောင်ဇာတော် တည်ရှိနေသည့် အီရတ် နိုင်ငံ ကာဇမိုင်းန် မြို့   တွင် အခြား မြို့

များ အားလုံး ၊ ထိုနည်းတူစွာ အီရန် နိုင်ငံ နှင့် အခြား နိုင်ငံ များမှ ဇေယာရသ် ပြုရန် ကြွရောက် လာကြသည့် သိန်းပေါင်များ စွာသော် မိုအ်မင်မိုအ်မေနသ် ( သက်ဝင်ယုံကြည်သူအမျိုးသားများ နှင့် အမျိုးသမီးများ ) အဇါဒါရီ ပြုလုပ်နေကြပါတယ်။ ဝမ်းနည်း ကြေကွဲမှု တွင်နစ်မွန်း၍ ငိုကြွေး နေကြပါတယ် ။

အေမာမ် မိုဟမ္မဒ် သကီ (အ.စ) ၏ ဖခမည်းတော် ဖြစ်သည့် အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် တည်ရှိနေသည့် အီရန် နိုင်ငံ မရှ်ဟဒ် မြို့     တွင် လည်းကောင်း ကိုယ်တော်၏ အဒေါ် ဖြစ်သူ ဟဇရသ် မာစူမာယေ ကွမ်း (စ.အ) ၏ ရောင်ဇာတော်တွင် လည်းကောင်း မဂ်ျလစ် များ နှင့် အဇါဒါရီများ ပြုလုပ်နေကြပါတယ်။ ထောင်ပေါင်းများစွာ သော် ဇေယာရသ်ပြုသူများ မှ နောင်ဟာ ဖတ် ရွတ် ခြင်း မာတမ် (ရင်ထုမှု) ပြု ခြင်း များ ကို ပြုလုပ်ခဲ့ကြပါတယ်။ ပြီးနောက် ဤကြေကွဲဖွယ် ရှဟာဒသ် အတွက် အေမာမ် ဇမာန်း (အ.ဂျ) နှင့်မရ်ဂျာတော်များ အိုလမာ ကို ဝမ်းနည်းကြောင်း ပြော ကြားနေပါတယ် ။

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ၏ သားတော် ဟဇရသ် အေမာမ် မိုဟမ္မဒ် သကီ (အ.စ) အား ဟီဂျရီ သက္ကရာဇ် ၂၂၀ ခုနှစ် ဇေလ်ကိုင်အ်ဒဟ် လမြတ် ၏နောက်ဆုံးရက် တွင် ရက်စက် ယုတ်မာသည့် ဘုရင် မိုအ်သစေမ် မှ အဆိပ်ကျွေး ရှဟီးဒ်ပြုခဲ့ခြင်း ဖြစ်ပါတယ်။ အေမာမ် မသ်၏ ကြီးမားသည့် တာဝန် သည် ကိုယ်တော် ၏ သားတော် အေမာမ် အလီ နကီ (အ.စ) ပခုံး အပေါ် သို့ ကျရောက်ခဲ့ပါတယ် ။

ဟဇရသ် အေမာမ်မိုဟမ္မဒ် သကီ (အ.စ) သည် ငယ်စဉ် ကလေးဘဝကပင် ဝမ်းနည်းဖွယ် အဖြစ်ဆိုး နှင့် သောကဒုက္ခများ နှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ဖခမည်းတော်၏ အချစ် မေတ္တာ နှင့် ထောက်ထား စာနာမှု ကို မခံစားခဲ့ရချေ။

ကိုယ်တော်၏ သက်တော် ၅ နှစ် အရွယ်တွင် ကိုယ်တော် ၏ ဖခမည်းတော် အေမာမ် ရေဇာ (အ.စ) သည် မဒီနာ မြို့  မှာ ခိုရာစာန် မြို့ သို့ ခရီး မထွက်မနေဖြစ် ထွက် ခဲ့ရပါတယ် ။ ပြီးနောက် ဘဝတွင် လုံးဝ မတွေ့ခဲ့ကြတော့ချေ။ အေမာမ် ရေဇာ အနေဖြင့် သားတော် နှင့် ခွဲခွာ မှု ၃ နှစ် တွင် ရှဟာဒသ် ခံယူ သွားရပါတယ်။

++++++++++++++++++++++++

251 / End