အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၉ ဩဂုတ် ၂၀၁၉

၁၅:၂၃:၅၃
967777

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ဟဒီးစ်တော် အချို့

အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ဟဒီးစ်တော် အချို့ အား စွန်နီ အကျော် အမော် အာလင်မ် ကြီး အလာမာ စူယူသီ ရေးသားသီးကုံးထားသည့် အဲဟ်ယာအိုလ်မိုင်ယသ် ဗေဖွာဆွာအေအဲဟ်လေ့ဘိုက် (သ) (အ.စ) ကျမ်း မှ ကောက်နှုတ် တင်ပြအပ်ပါသည်။



အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့်ပတ်သက်ပြီး ဟဒီးစ်တော် အချို့ အား စွန်နီ အကျော် အမော် အာလင်မ် ကြီး အလာမာ စူယူသီ ရေးသားသီးကုံးထားသည့် အဲဟ်ယာအိုလ်မိုင်ယသ် ဗေဖွာဆွာအေအဲဟ်လေ့ဘိုက် (သ) (အ.စ) ကျမ်း မှ ကောက်နှုတ် တင်ပြအပ်ပါသည်။

 


 

 

ဟဇရတ်(သ)အပ်ဘိုလ် မိုအာလမ်း(ပ)၏ သား၊ သမီး များအပေါ် ကျေးဇူးပြုခဲ့သော် ကျေးဇူးများ အား တမန်တော်မြတ်ကြီး(ဆွ) ပြန်လည်ပြီး ကျေးဇူးဆပ်ပေမည်။

 

အဘူနအီး(မ)သည် မိမိစာအုပ် (အာရဘီစာ) ၌ အွန်(မ)စန်လင်(န) အိုမန်း(န) မှတဆင့် တင်ပြသည်မှာ - တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်။ အကြင်သူသည် ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊ သမီး များ အနက်မှ မည်သူကို မို တစ်ဦးတစ်ယောက် အပေါ်၌ ဤဆန္ဒလောက တွင် ဘယ်လိုကျေးဇူး ဖြစ်ဖြစ် ပြုခဲ့မည်။ ထို့နောက် ထိုကျေးဇူး အပြုခံရသူသည် ဤ ဆန္ဒလောက၌ ပြန်လည်ပြီး ကျေးဇူးမဆပ်နိုင်ခဲ့လျှင် အကျွန်ုပ်သည် ကေယာမတ် နေ့၌ ၄င်း၏ ကိုယ်စား ကျေးဇူးပြန်ဆပ်ပေးမည်။

 

ကမ္ဘာ့တရားစီရင်မည့်နေ့၌ ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊ သမီး များအပေါ် ပြုခဲ့သော ကျေးဇူးများ အား တမန်တော်မြတ်ကြီး(ဆွ) ပြန်လည် ပေးဆပ်မည်။

 

ခါသီး(ပ်)ပေသွဂ်သာသီးမှအွန်(စ)မန်းပင်(န)အိုမန်း(န) မှ တဆင့် တင်ပြသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - အကြင်သူသည် ဟဇရတ်(သ) အပ်သိုလ်မိုသာလစ်(ပ)၏ သား၊သမီး များအနက်မှ မည်သူကို မဆို တစ်ဦးတစ်ယောက်အပေါ်၌ ဤဆန္ဒလောကတွင် (ဘယ်လို)ကျေးဇူးဖြင့် ပြုခဲ့မည်။ ( ထိုကျေးဇူးကို ကျေးဇူးအပြုခံ ရသူ ဤဆန္ဒလောက၌ ပြန်မဆပ်နိုင်ခဲ့မည်။) ဆိုလျှင် ကမ္ဘာ့တရားစီရင်မည့် နေ့၌ အကျွန်ုပ်နှင့် တွေ့ဆုံသည့် အခါ ၄င်း၏ ကျေးဇူးကို ပြန်ပေးဆပ်ပေးဖို့ အကျွန်ုပ်အဖို့ ၀ါဂျစ်(ပ) (မပြုမနေရ) ဖြစ်ပေသည်။

 

အဟ်လေ့ဘိုက်(အ.စ)အပေါ်တွင်ပြုခဲ့သူ ကျေးဇူးများအား ကမ္ဘာ့တရားစီရင်မည့်နေ့၌ တမန်တော် မြတ်ကြီး(ဆွ) ပြန်ဆပ်ပေမည်။

 

အစ်(ပ)နေအစာကဲရ်မှ ဟဇရတ်(သ) အလီ(အ.စ) ထံမှတဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်မှာ -

အကြင်သူသည် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) ထဲမှ မည်သူတစ်ဦးတစ်ယောက်အား ကျေးဇူးပြုခဲ့မည် ဆိုလျှင် ကမ္ဘာ့တရားစီရင်မည့် နေ့၌ အကျွန်ုပ်သည် ၄င်း၏ကျေးဇူးကို ပြန်ဆပ်ပေးမည်။

 

အဟ်လေ့ဘိုက်(အ.စ)အားမြဲမြန်ခိုင်ခံ့စွာ အဆက်အသွယ်ပြုထားလျှင် လွတ်မြောက်အောင်မြင်မှုကို ဆွတ်ခူးရပေမည်။

 

ဗာဝါရ်ဒီးမှ အဘူစအီးဒ်ခူသရီးမှ တဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူ သည်မှာ - အသင်တို့၏အကြား၌ ဤကဲ့သို့သော်အရာနှစ်ခုကို ထားပေမည်။ (အသင်တို့) ဤ အရာနှစ်ခုနှင့် မြဲမြန် ခိုင်ခိုင်ခံ့ခံ့ အဆက်အသွယမပြတ်ထား၊ ထားမည်ဆိုလျှင် ဘယ်သော်အခါမျှ လမ်းမှား၊ လမ်းလွှဲ၊ လမ်းချော်မည်မဟုတ်ပေ။ ထိုအရာနှစ်ခု သည် (ကျမ်းတော်မြတ်ကုရ်အာန်) အလ္လာဟ်ဟိုအရှင်၏စာအုပ် ဖြစ်ပေသည်။ ၄င်း(စာအုပ်)၏ တစ်ဖက်အစွန်းသည် အလ္လာစ်အရှင်၏ လက်တော်၌ရှိပေသည်။ ထို့နောက်အစွန်း တစ်ဖက်သည်အသင်တို့၏ လက်ထဲ၌ရှိပေသည်။ ထို့နောက် ဒုတိယအရာသည် အကျွန်ုပ်၏ အနွယ်တော်မွန်             (အဟ်လေ့ဘိုက်(အ.စ)) ဖြစ်ပေသည်။ ဒီအရာနှစ်ခုသည် ဘယ်သော်အခါမျှ - တစ်ခုနှင့် တစ်ခု ကွဲလွဲ၊ ကွဲကွာ သွားမည်မဟုတ်ပေ။ အကျွန်ုပ်ထံအတူတူ (မကွဲ၊ မလွှဲ၊ မကွာ) ပဲ ကောင်စဲရ် ရေကန်တော်အထိ ရောက်လာကြပေမည်။

 

အလ္လာဟ်ဟိုအရှင်၏ စာအုပ်(ကုရ်အာန်) နှင့် အဟ်လေ့ဘိုက်(အ.စ) ရစူလ်(ဆွ) သာလျှင် အွန်မသ်နောက် လိုက်များ၏ နေဂျသ် လွတ်မြောက်အောင်မြင်မှု၏ အမှီအငြမ်း ဖြစ်ပေသည်။

 

အဟ်မဒ်နှင့် သေ(ပ)ရာနီးမှ စိုက်ပင်(န) စာဗစ်(သ)မှ တဆင့်ရေးသားတင်ပြသည်။ တမန်တော်မြတ်ကြီး (ဆွ)မိန့်ကြားတော်မူသည်မှာ - အသင်တို့အကြား၌ နှစ်ပေါးသော ခါလီဖာ (ကိုယ်စားလှယ်) ထားပေမည်။ တစ်ခုသည်ကား အလ္လာဟ်ဟိုအရှင်၏စာအုပ်(ကုရ်အာန်ကျမ်းတော်မြတ်) ဖြစ်ပေသည်။ အကြင်(စာအုပ်)သည် မိုးကောင်းကင်နှင့် မြေပြင် အကြား ကြိုးပမာတန်းလှမ်းလျက်ရှိပေသည်။ (ဆိုလိုသည်မှာ အလ္လာဟ်၏စာအုပ်သည်ကြိုးပမာဖြစ်ပေသည်။ ၄င်းကြိုး၏ အစွန်းတစ်ဖက်သည် မိုးကောင်းကင်၌ ရှိပေသည်။ ၄င်းအစွန်းသည် အလ္လာဟ်၏ လက်တော်၌ ရှိပေသည်။ ထိုနောက်ဒုတိယအစွန်းတစ်ဖက်သည် မြေပြင်ပေါ်၌ရှိပေသည်။ ၄င်းအစွန်းသည် အသင်တို့၏ လက်ထဲ၌ရှိပေသည်။ ထို့နောက်ဒုတိယတစ်ခုကား အကျွန်ုပ်၏ အနွယ်တော်မွန် အဟ်လေ့ဘိုက်(အ.စ) ဖြစ်ပေသည်။ ဒီအရာနှစ်ခုသည်ကား မည်သည့်အခါမျှ တစ်ခုနှင့်တစ်ခု ကွဲလွဲ၊ ကွဲကွာ မည်မဟုတ်ပေ။ အကျွန်ုပ်ထံ အတူတူ (မကွဲ၊မလွှဲ၊ မကွဲကွာ) ပဲ ကောင်စဲရ် ရေကန်တော် အထိရောက်လာပေမည်။

 

 

 

ခြောက်မျိုးခြောက်စားသော လူသားများ အပေါ်အလ္လာဟ်အရှင်မြတ်နှင့် ၄င်း၏ တမန်တော်မြတ်ကြီး   (ဆွ) လာ(အ်)နတ်(ကျိန်စာ)ပို့ထားပေသည်။

 

သေး(ရ)မီးစီး၊ ဟာကင်း(မ)နှင့် ပေ(ဟ)ကီး မရ်ဖူးဟဒီး(စ်)အဖြင့် ဂျနာပေ အာအေရှာထံမှ တဆင့်တင်ပြထားသည်။ တမန်တော်မြတ်ကြီး (ဆွ)မိန့်ကြားတော်မူသည်မှာ - ခြောက်မျိုးခြောက်စားသော် လူသား များအပေါ် အကျွန်ုပ်ကိုယ်တိုင် ထိုနောက် အလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တိုင်နှင့် ဆုတောင်းပြည့် နဘီတမန် တော်တိင်း လာ(အ်)နတ်(ကျိန်စာ) ပျု့ထားပေသည်။ ထိုခြောက်မျိုး ခြောက်စားလူသားများ ဒီလူများဖြစ်ကြပေသည်။

၁။ အကြင်သူသည် အလ္လာဟ်၏စာအုပ်၌ (ကုရ်အာန်၌) အပိုထည့်ထားမည်။ (ဒီခေတ်ကာလ၌ ပို၍များပေသည်။ မိမိတို့စိတ်ထင် ၊ အမြင်အရ အဓိပ္ပာယ် ပြန်ဆိုကြပေသည်။)

၂။အကြင်သူသည် အလ္လာဟ်ဟိုအရှင်မြတ်၏ (ကာဇနှင့်ကသ်) (သတ်မှတ်ထားသောဖူးစာ ကံများ၊ နစီးပ်များ) နှင့် ပတ်သက်ပြီး လိမ်လည်၊ လက်မခံခြင်းပြုသူဖြစ်သည်။

၃။အကြင်သူသည် အာဏာကို အတင်း အဓမ္မသိမ်းယူပြီး ၄င်းအာဏာ အားကိုးဖြင့် အလ္လာဟ်ဟို အရှင်မြတ် (မုန်းတီးပြီး) သိက္ခာမပေးသူ များကို ဂုဏ်သိက္ခာပေးခြင်းနှင့် အလ္လာဟ်ဟိုအရှင်မြတ် သိက္ခာဂုဏ် ပေးထားသူများကို ဂုဏ်သိက္ခာချခြင်းနှင့် သိက္ခာမပေးခြင်း ပြုသူဖြစ်ပေသည်။

၎။အကြင်သူသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသော ဟရာမ်အရာများကို ဟလာအဖြစ် ထင်မှတ် သတ်မှတ်သူဖြစ်သည်။

၅။အကြင်သူသည် အလ္လာဟ်အရှင်မြတ်အနေ ဖြင့်ဂုဏ်သိက္ခာပိုင်ရှင် အဖြစ်သတ်မှတ်ထားသော အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ)၏ သိက္ခာချခြင်းကို ဟလာ အဖြစ် သတ်မှတ်ထားသူဖြစ်ပေသည်။

၆။အကြင်သူသည် အကျွန်ုပ်၏ စွန္နတ်တော်ကို ဥပက္ခာပြုပြီး မကျင့်သုံးသူဖြစ်သည်။

 

 

ခြောက်မျိုးခြောက်စားသော်လူသားများသည် ရစူလ်(ဆွ) နှင့် အလ္လာဟ်ဟိုအရှင်မြတ်၏ အမြင်၌ မလ်အူး (ကျိန်စာသင့်ထားသူများ) အဖြစ် မြင်တော်မူသည်။

 

သာရိလ်ကက်(သ)နီး မိမိ၏စာအုပ် (အာရဘီစာ) ၌ ထို့နောက်ခါသီး(ပ်) ပေသွဂ်သာသီး မိမိ၏ စာအုပ် (အာရဘီစာ) ၌ ဟဇရတ်(သ)အလီ(အ.စ) ထံမှတဆင့် တင်ပြထားသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည် မှာ - ခြောက်မျိုးခြောက်စားသော လူသားများအပေါ် အကျွန်ုပ်ကိုယ်တိုင် အလ္လာဟ်ဟိုအရှင်မြတ်ကိုယ်တိုင် ထို့နောက် ဆုတောင်း ပြည့် နဘီတမန်တော်တိုင်း လာ(အ်)နတ် (ကျိန်စာ) ပို့ထားပေသည်။ ထိုခြောက်မျိုး ခြောက်စားသော် လူသားများ သည် ဒီလူများဖြစ်ကြပေသည်။

၁။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ စာအုပ် (ကုရ်အာန်) ၌ အပိုထည့်သူ။

၂။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ (ကာဇာ နှင့် ကဘ်) သတ်မှတ်ထားသော ဖူးစာကံများ၊ နင်္စးပ်များနှင့် ပတ်သက်ပြီး လိမ်လည်လက်မခံသူ။

၃။အကြင်သူသည် အကျွန်ုပ်၏စွန္နတ်တော် ကို(မထီလေးစားပြုပြီး၊ မကျင့်သုံးပဲ၊ ပေသာအတ် (အသစ်အဆန်းများ) ဒီးန်အတွက် ကျင့်သုံးသူ။ )

၎။အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အနေဖြင့် အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) နှင့်ပတ်သက်ပြီး မပြုလုပ်ရမည့် (ဟရာမ်) အလုပ်များကို ဟာလာ အဖြစ်သတ်မှတ်သူ။

၅။အကြင်သူသည် အကျွန်ုပ် အွန်မသ်အပေါ် (အမျိုးမျိုးသော်အား) ဖြင့် အတင်းအဓမ္မ အာဏာပိုင်လုပ်မည်။ ထို့နောက်( ၄င်းအာဏာဖြင့်) အလ္လာဟ်အရှင်မြတ် (မုန်းတီးပြီး ) သိက္ခာဂုဏ်မပေးသူများကို ဂုဏ်သိက္ခာပေးသူ နှင့် ဂုဏ်သိက္ခာပေးထားသူများကို ဂုဏ်သိက္ခာချသူ။

၆။အကြင်တော်သားများ၊ အကြင်သူမများသည် အလ္လာဟ်အရှင်နှင့် ရစူလ်(ဆွ) ဘက်သို့ဦးလှည့် ပြီးနောက်၊ နောက်တစ်ဖန် (ဂျဟေလီးယက်၊ ကဖေရ်ခေတ်) ဘက်သို့ ပြန်လှည့်သွားသူ။

 

 

သုံးခုသော်အရာသည် ဤကဲ့သို့ ဖြစ်ပေသည်။ ၄င်းအရာဖြင့် ဒီး(န) သာသနာနှင့် လောကီအား ထိန်းသိမ်းစောင့်ရှောက်နိုင်ပေသည်။

 

ဟာကင်း(မ) မိမိသမိုင်းစာအုပ်၌ ထို့နောက် ဒေးလ်မီးမှ အဘူဝါအီးခူသ်ရီးမှ တဆင့်တင်ပြသည်။ တမန်တော်မြတ်ကြီး(ဆွ) မိန့်ကြားတော်မူသည်မှာ - သုံးခုသောအရာသည် ဤကဲ့သို့ဖြစ်ပေသည်။ အကယ်၍ မနုဿလူသားအနေဖြင့် ၄င်းအရာသုံးခုအားထိန်းသိမ်း စောင့်ရှောက်မည်ဆိုလျှင် အလ္လာဟ်ဟိုအရှင်မြတ်သည် ၄င်း၏ ဒီး(န)သာသနာ နှင့် လောကီ(ဘ၀)ကို ထိန်းသိမ်းစောင့်ရှောက် ပေးမည်။ ထို့နောက် အကြင်သူသည် ဤသုံးခုအား ထိန်းသိမ်းစောင့်ရှောက်ရမည့် အစား အလဟဿအချည်းအနှီး ဖြစ်အောင်လုပ်မည်ဆိုလျှင်၊ အလ္လာဟ်ဟိုအရှင်မြတ်သည် ၄င်း၏ မည်သည့်အရာ (ဒီး(န)) နှင့် (လောကီ) ကိုထိန်းသိမ်း စောင့်ရှောက် ပေးမည်မဟုတ်ပေ။ ၄င်းအရာသုံးခုသည် ဒီအရာများ ဖြစ်ပေသည်။

၁။   အစ္စလာမ်သာသနာတော်အားလေးစားခြင်း၊ ရိုသေခြင်း။

၂။   အကျွန်ုပ်(မိုဟာမ္မဒ်(ဆွ)) အား လေးစားရိုသေခြင်း။

၃။   အကျွန်ုပ်၏ အဟ်လေ့ဘိုက်(အ.စ) အားလေးစားရိုသေခြင်း။

 

တစ်လောကလုံး၌ အကောင်းတကာ့ အကောင်းဆုံး လူမျိုးသည်ကား ဘနီဟာရှင်(မ) လူမျိုးဖြစ်ပေသည်

                                                                                                                               ဒေးလ်မီးမှ ဟဇရတ်(သ)အလီ(အ.စ)မှ တဆင့်တင်ပြထားသည်။ တမန်တ်ာမြတ်ကြီး(ဆွ) မိန့်ကြားတော် မူသည်မှာ - အားလုံးသော မနုဿလူသားများ၌ အကောင်းဆုံးသော၊ မနုဿလူသားသည် အာရပ်လူသား ဖြစ်ပေသည်။ ထို့နောက် အာရပ်လူသား (လူမျိုး) များ၌ အကောင်းဆုံး (လူမျိုး) သည် ကိုရိုဒ်(ရှ်) အမျိုးအနွယ် ဖြစ်ပေသည်။ ထို့နောက် ကိုရိုဒ်(ရှ်) (လူမျိုး)များ၌ အကောင်းဆုံး လူမျိုးသည် ဘနီဟာရှင်(မ) ဖြစ်ပေသည်။



=======================

251 / End