အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၂၆ နိုဝင်ဘာ ၂၀၂၂

၂၃:၁၇:၃၃
1326518

အီရန်၊ ဆီနီဂေါတို့နိုင်ပွဲရပြီး နယ်သာလန်၊ အင်္ဂလန်နှင့် အမေရိကန်တို့ သရေပွဲကြုံ

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၅ ရက်ညပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ အီရန်နဲ့ ဆီနီဂေါအသင်းတို့နိုင်ပွဲရပြီး နယ်သာလန်နဲ့ အီကွေဒေါ၊ အင်္ဂလန်နဲ့ အမေရိကန် အသင်းတို့ပွဲစဉ်တွေမှာတော့ သရေကျသွားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၅ ရက်ညပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ  အီရန်နဲ့ ဆီနီဂေါအသင်းတို့နိုင်ပွဲရပြီး နယ်သာလန်နဲ့ အီကွေဒေါ၊  အင်္ဂလန်နဲ့ အမေရိကန် အသင်းတို့ပွဲစဉ်တွေမှာတော့  သရေကျသွားပါတယ်။

မြန်မာအချိန်ဒီမနက်အစောပိုင်းကန်သွားတဲ့ အုပ်စု (B ) ပွဲစဉ်မှာ ရေပန်းစားနေတဲ့ နာမည်ကြီး အင်္ဂလန်အသင်းနဲ့ အမေရိကန်တို့ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြဘဲ သ‌ရေ တမှတ်စီ ခွဲယူခဲ့ကြပါတယ်။

ဒီပွဲမှာ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ အမေရိကန်ထက်  ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်ပါ အသာစီးရခဲ့ပေမဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ်မပြောင်းလဲ နိုင်ခဲ့လို့ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ခြေစွမ်းပြကစားသွားခဲ့တဲ့ အမေရိကန် အသင်းခေါင်းဆောင် ပူလီဆစ်က ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရရှိသွားပါတယ်။

အုပ်စု  (B ) တခြားပွဲစဉ်တခုမှာတော့ အီရန်က ဝေးလ်အသင်းကို  ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု  (A) ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ကာတာအသင်းနဲ့ ဆီနီဂေါအသင်းတို့ ယှဉ်ပြိုင်ရာမှာတော့ ဆီနီဂေါက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပြီး အိမ်ရှင်ကာတာအသင်း နှစ်ပွဲဆက်တိုက်ရှုံးပွဲတွေ့သွားကာ အုပ်စုတက်ရေး မျှော်လင့်ချက်နည်းပါးသွားပြီဖြစ်ပါတယ်။

အုပ်စု (A) တခြားပွဲစဉ်ဖြစ်တဲ့ နယ်သာလန်နဲ့ အီကွေဒေါတို့ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျသွားပါတယ်။

နယ်သာလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့  ဆီနီဂေါကိုအနိုင်ရတဲ့ပွဲမှာ တဂိုးသွင်းခဲ့တဲ့ ဂတ်ပိုကပဲ ပွဲစစချင်း ၆ မိနစ်မှာ သွင်းယူပေးခဲ့ပြီး   အီကွေဒေါအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၄၉ မိနစ်မှာ ဗလန်စီယာက သွင်းယူပေးခဲ့ပါတယ်။

မနေ့ညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား  အုပ်စု (A) မှာ  နယ်သာလန်နဲ့ အီကွေဒေါက ရမှတ် ၄ မှတ်စီနဲ့ အုပ်စုပထမနဲ့ အုပ်စု ဒုတိယနေရာမှာရပ်တည်နေပြီး ဆီနီဂေါက ရမှတ် ၃ မှတ်နဲ့  အုပ်စု တတိယနေရာမှာရှိနေကာ အိမ်ရှင်ကာတာကတော့ အမှတ်မရသေးဘဲ စတုတ္ထနေရာတွေမှာ အသီးသီးရပ်တည်နေပါတယ်။

အုပ်စု (B) မှာတော့ အင်္ဂလန်က ရမှတ် ၄ မှတ်နဲ့အုပ်စု ပထမ၊ အီရန်က ရမှတ် ၃ မှတ်နဲ့ အုပ်စု ဒုတိယ၊ အမေရိကန်က ရမှတ် ၂ မှတ်နဲ့ အုပ်စု တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး ဝေးလ်ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။

****************************************************************
END / 251