အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၀ ဒီဇင်ဘာ ၂၀၂၂

၁၆:၄၄:၃၄
1330004

  အရာန်မေဖွာတွေမီယဟ် (စ.အ) အကြောင်း တစေ့တစောင်း

အရာန်မေဖွာတွေမီယဟ် (စ.အ) အကြောင်း တစေ့တစောင်း ကို အဗ်နာ ပရိတ်တ်များ အတွက် ဖော်ပြလိုက်ပါတယ်။  

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အရာန်မေဖွာတွေမီယဟ် (စ.အ) ဆိုသည်မှာ ရှီအဟ်များ အနေဖြင့် သခင်မကြီး ဟဇရသ်ဘီဘီ ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) ရှဟာဒသ် ခံယူတော်မူသည့် အထိမ်းအမှတ်ဖြင့် အဇါဒါရီပြုလုပ်ကြသည့် နေ့များ ကိုခေါ်ဆိုပါသည်။  ဂရုပြုခြင်းအား ဖြင့် သခင်မကြီး ဟဇရသ် ဖွာတွေမဟ် (စ.အ) ၏ ရှဟာဒသ် နှင့် ပတ်သက်ပြီး ကျော်ကြားသည့် ရေဝါယသ် အဆို ၂ခု လာရှိပါ တယ် ။

ပထမရေဝါယသ် အဆို သခင်မကြီး ၏ ရှဟာဒသ်နေ့မှာ ဂျမာဒီယိုလ်အူလာ (ခ) ဂျမာဒီယိုလ်အောင်ဝဲလ် ၁၃ရက်နေ့ ဖြစ်ပြီး ဒုတိယ ရေဝါယသ်  အဆိုအရ ဂျမာဒီယိုလ် စာနီ လ ၃ ရက်နေ့  ဖြစ်ပါတယ်။

 အရာန်မေဖွာတွေမီယဟ် (စ.အ) အဖြစ် အီရန်  နိုင်ငံ တွင်  ဂျမာဒီယိုလ်အောင်ဝဲလ် ၁၁ရက် ၊ ၁၂ရက် ၊ ၁၃ ရက် ကို အရာန်မေဖွာတွေမီယဟ် (စ.အ)  အောင်ဝဲလ် အဖြစ် အဇါဒါရီ ပြုလုပ်ကြပြီး ဂျမာဒီယိုလ် စာနီ လ ၃ရက်၊ ၄ရက်၊ ၅ရက် ကို အရာန်မေဖွာတွေမီယဟ် (စ.အ) ဒိုဝင်းမ် အဖြစ် အဇါဒါရီ ပြုလုပ်ကြပါတယ်။ စုစုပေါင်း ၆ ရက် ပြုလုပ်ကြပါတယ်။

 

ဂျမာဒီယိုလ် စာနီ လ ၃ရက်နေ့ သည် အီရန် နိုင်ငံ တွင် တရားဝင်ရုံး၊ကျောင်းပိတ်ရက် ဖြစ်ပါတယ်။


အရာန်မေဖွာတွေမီယဟ် (စ.အ) အား အီရန်၊ အီရတ်၊ ပါကစ္စတန်နှင့် အဇာဘိုင်ဂျန်ကဲ့သို့သော နိုင်ငံအချို့တွင် အဇါဒါရီများ ပြုလုပ်ကြပါတယ်။ ဂျမာဒီယိုလ် စာနီ လ ၃ရက်နေ့ သခင်မကြီး ၏ ရှဟာဒသ် နေ့တွင် မရ်ဂျာအေသက္က်လီးဒ် တော်များ မှ အချို့ သည် ပမာအား အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျဝါဒ်သဗ်ရေစီ(ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ စာဖီဂိုလ်ဗိုင်ဂန်နီ (ရ.ဟ) ၊ အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ်ခိုရာစာန်နီ တို့သည် ဂျမာအသ်သားများ နှင့် အတူ မိမိတို့၏ ရုံးတည်ရှိသည့်နေရာ မှ သခင်မကြီး မအ်စူမဟ် (စ.အ) ကွမ်းရောင်ဇာတော်သို့ ခြေလျင် မာသမ် ပြု၍ လာကြပါတယ်။

သမိုင်းအထောက်အထားများအရ သခင်မကြီး ၏ အဇါဒါရီအား အေမာမ် ဂျအ်ဖရ်ဆွာဒစ် (အ.စ) မှပြုလုပ်ခဲ့ကြောင်းတွေ့ရှိရပါတယ်။မဂျ်စ် တွင် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) အပေါ် ပြုခဲ့ကြသည့် ရက်စက်ယုတ်မာမှုများကြောင်း ဟဇရသ် မိုအ်စင် (အ.စ) ၏ ရှဟာဒသ် ဖြစ်ခဲ့ကြောင်းကို မိန့်ကြားလေ့ရှိပါတယ်။  ကာဇီ အဗ်ဒိုလ်ဂျက်ဗါရ် မိုအ်သဇလီ (ကွယ်လွန် ၄၁၅ ဟီဂျရီ) ၏ တင်ပြချက်အရ အီဂျစ် ၊ဆီးရီးယား၊ ဘဂ္ဂဒတ် ၊ ရမ်လာ ၊ အဂါ ၊ ဆူးရ် ၊ အက္စ်ကလန် နှင့် ဂျဗလ်လိုဗစ်မါက် ‌‌ဒေသများတွင် သခင်မကြီး (စ.အ) နှင့် သားတော် မိုအ်စင် (အ.စ) အတွက် အဇါဒါရီများ ပြုလုပ်ကြကြောင်း သိရှိရပါတယ်။

 

ရှီအဟ် မွတ်စလင်မ်တိုင်း နှင့် ကိုယ်တော်မြတ် (ဆွ) နှင့်သမီးတော်ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာဟ် (စ.အ) အား အချစ်ထားသူ ‌ယောက်တိုင်း အရာန်မေဖွာတွေမီယဟ် (စ.အ) ကိုအလေးထား ရမည်ဖြစ် ပါတယ်။ အဇါဒါရီများ ပြုလုပ်ရပါမယ်၊ အရေး အကြီးဆုံး အချက်ကတော့ သခင်မကြီး ၏ ရန်သူများကို သိရှိပြီး သခင်မကြီး ၏ ဟဒီးစ်တော်များ ကို နှလုံးသွင်း လက်တွေ့ကျင့်သုံးပြီးလက်တွေ့ လိုက်နာကျင့်သုံးရမည်ဖြစ်ပါတယ်။ သခင်မကြီး (စ.အ) ဘဝ တည်ဆောက်ခဲ့ သည့် ပမာ ဘဝကို တည်ဆောက်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။ သခင်မကြီး ၏ရန်သူများ ၊ သခင်မကြီး ကို ရှဟာဒသ်  ဖြစ်အောင် ပြုခဲ့ကြသည့်ဇွာလင်မ်များ ၏အကျင့်စရိုက်များ ကို မိမိတို့ထံတွင် မရှိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

အကိုးအကားများ

၁။ ဝီကီရှီအဟ် ဆိုက်ဒ်

၂။ مظاہری، فرہنگ سوگ شیعی، ویراست یکم، ص۳۶۵.

၃။ مظاہری، فرہنگ سوگ شیعی، ویراست یکم، ص۳۶۶.

၄။ لطفی، «ایام فاطمیہ و مناسک شکل‌یافتہ پیرامون آن»، ص۲۵.

၅။ خصیبی، الهدایه الکبری، ۱۴۱۹ق، ص۴۰۸۔

၆။ قاضی عبدالجبار، تثبیت دلائل النبوة، ۱۴۲۷ق، ج۲، ص۵۹۵۔

 

****************************************************************

END / 251